မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က သူ့အသင်းရဲ့ အဓိက နောက်ခံကစားသမား ရာဖယ်လ်ဗာရန်းဟာ ချယ်လ်ဆီးနဲ့ပွဲစဉ်က ရရှိခဲ့တဲ့ ဒဏ်ရာပြသာနာကြောင့် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင်လောက်အထိ အနားယူသွားရလိမ့်မယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

The Frenchman suffered the injury during Saturday's 1-1 draw with Chelsea at Stamford Bridge

Photo Credit : Daily Mail

ပြင်သစ်လက်ရွေးစင် ဗဟိုနောက်ခံကစားသမား ဗာရန်းဟာ ချယ်လ်ဆီးနဲ့ မန်ယူနိုက်တက်အသင်းတို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွင်းမှာ ညာဘက် ခြေထောက်ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ပွဲကို ဆက်လက် ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ပဲ လူစားပါလဲခဲ့ရသလို အခုလည်း ဒီဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ် အနားယူရတော့မှာပဲ ဖြစ်ပါတယ်။ အသက်(၂၉)နှစ်အရွယ်ရှိ ခံစစ်မှူး ဗာရန်းဟာ ဒီနှစ် ဘောလုံးရာသီအတွင်း အိုင်းယတ်စ်ကနေ ယူနိုက်တက်ကို ရောက်ရှိလာတဲ့ လီဆန်ဒရိုမာတီနက်ဇ်နဲ့ တွဲဖက်ပြီး ယူနိုက်တက်ခံစစ်မှာ အကောင်းဆုံးပုံစံ ပြနေပေမယ့် လက်ရှိမှာ ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ယူနိုက်တက်အတွက် ထိုးနှက်ချက် ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

Harry Maguire could return to the United line-up after returning to training after an injury

Photo Credit : Daily Mail

ဗာရန်းရဲ့ ဒဏ်ရာ အခြေအနေနဲ့ မူတည်ပြီး ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်က “ဗာရန်းက အသင်းလူစာရင်းမှာ မပါဝင်နိုင်ပါဘူး။ သူက ကမ္ဘာ့ဖလားမတိုင်ခင်ထိ သေချာပေါက် နားနေမှာဖြစ်သလို အဲ့ဒီကာလတွေအတွင်း မန်ယူနိုက်တက်အသင်းရဲ့ ပွဲစဉ်တွေကိုလည်း သူ လွဲချော်ရပါမယ်” လို့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားသွားခဲ့ပါတယ်။ လက်ရှိမှာ ဗာရန်းက ဒဏ်ရာပြသာနာကြောင့် ယူနိုက်တက်ရဲ့ ပွဲစဉ်တွေကို လွဲချော်ရတော့မှာ ဖြစ်ပေမယ့်လည်း အသင်းရဲ့ အဓိက ခံစစ်မှူးလည်းဖြစ် အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ဟာရီမက်ဂွိုင်းယားက အသင်းမှာ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်လို့ ရှာရစ်ဖ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ယူရိုပါလိဂ် အုပ်စုပွဲစဉ်ရဲ့ လူစာရင်းမှာပါ ပါဝင်လာနိုင်ဖွယ် ရှိနေရပါတယ်။ ခြေထောက်ဒဏ်ရာ ခံစားနေရတဲ့ ဗာရန်းကတော့ ယူနိုက်တက်ရဲ့ ပွဲစဉ်တွေသာမကပဲ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ပါ ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ ပါဝင်ဆင်နွဲဖို့ အခြေအနေ မဟန်တော့သလို ဖြစ်နေရပါတယ်။