MySport Myanmar

၂၀၂၃ခုနှစ်မှာ ဘာစီလိုနာ ဖလားရတာကို မြင်ချင်ကြောင်း ပြောလာတဲ့ အင်နီယေစတာ

စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာနဲ့ စပိန်တို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ ဖြစ်သူ အင်နီယေစတာက သူဟာ ၂၀၂၃ခုနှစ် အတွင်းမှာ သူ့ရဲ့ အသင်းဟောင်း ဘာစီလိုနာက ဆုဖလားတွေ ရယူတာကို မြင်ချင်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၈နှစ် အရွယ် ဝါရင့် ကွင်းလယ်လူ အင်နီယေစတာက ဘာစီလိုနာရဲ့ လူငယ်အကယ်ဒမီ ဖြစ်တဲ့ လာမာစီယာ အကယ်ဒမီထွက် ဂန္တဝင် ကွင်းလယ်လူ ဖြစ်ပြီး သူ့ဘဝရဲ့ ၃ပုံ ၂ပုံကို ဘာစီလိုနာ အတွက် ပေးဆပ် ကစားခဲ့သူပါ။

Photo Credit: Goal

အင်နီယေစတာက ဘာစီလိုနာအတွက် ၁၉၉၆ခုနှစ်မှ ၂၀၁၈ခုနှစ် အထိ စုစုပေါင်း ၂၃နှစ် အထိ ပါဝင် ကစားပေးခဲ့သူ ဖြစ်ပြီး ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ် ၄ကြိမ် ၊ ကမ္ဘာ့ကလပ်ဖလား ၃ကြိမ် ၊ လာလီဂါဖလား ၉ကြိမ် ၊ ဥရောပစူပါဖလား ၃ကြိမ် ၊ ကိုပါဒယ်ရေးဖလား ၆ကြိမ်နဲ့ စပိန်စူပါဖလား ၇ကြိမ်တို့ကို ရယူနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ အင်နီယေစတာက နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ၂၀၂၃ခုနှစ်အတွင်း ဘယ်အရာကို အလိုချင်ဆုံးလဲလို့ မေးခွန်းထုတ်ခံခဲ့ရချိန်မှာ သူဟာ ဘာစီလိုနာအသင်း ဆုဖလားတွေ ရယူတာကို မြင်ချင်ကြောင်း ပြန်လည် ဖြေကြားသွားခဲ့တာပါ။

Photo Credit: Goal

အင်နီယေစတာက – “ကျွန်တော်က ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ဆုတောင်းချင်ပါတယ်။ ၂၀၂၃ခုနှစ် အတွင်းမှာ ကျွန်တော်နဲ့ ကျွန်တော့်မိသားစု ကျန်းကျန်းမာမာလေး နေချင်ပါတယ်။ ပြီးတော့ ကျွန်တော်က ဘောလုံးကို ပျော်ပျော်ရွှင်ရွှင် ကစားချင်တယ်။ ဘာစီလိုနာကိုလည်း သူတို့တွေ ရယူနိုင်အောင် ကြိုးစားနေတဲ့ ဆုဖလားတွေကို ရစေချင်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Exit mobile version