ဘာစီလုိနာ ကြင္းလယ္ ကစားသမားေဟာင္း အင္နီေယစတာကေတာ့ ဘာစီလုိနာအသင္းအေနနဲ႔ ေနမာကုိ ျပန္ေခၚရင္ သိပ္ေကာင္းမွာပဲလုိ႔ ဘာစီလိုနာျမိဳ႕က Asics ပဲြမွာ ေျပာခဲ့တာပဲ ျဖစ္ပါတယ္။ တုိက္စစ္မွဴး ေနမာကေတာ့ ဘာစီလုိနာ ကစားသမားေဟာင္း ျဖစ္ျပီး (၂၀၁၇) ခုႏွစ္မွာ ပီအက္စ္ဂ်ီ အသင္းကို ေျပာင္းခဲ့ၿပီး အခုေနာက္ပုိင္း ဘာစီလုိနာအသင္းကုိ ျပန္လာဖုိ႔ ခ်ိတ္ဆက္ေနခဲ့ပါတယ္။
Photo Credit: Marca
ဘာစီလုိနာအသင္းဟာ ေနမာ ထြက္သြားၿပီးတဲ့ အခါမွာ သူ႔ရဲ႕ ေနရာကုိ အစားထုိးဖုိ႔ ဂရစ္စမန္းကုိ ေခၚယူခဲ့ၿပီး လက္ရွိမွာ ေနမာကုိ ပီအက္စ္ဂ်ီအသင္းကေန ျပန္ေခၚဖုိ႔က ျဖစ္ႏုိင္ေခ် နည္းပါတယ္။ ဒါေပမဲ့ ဘာစီလုိနာ ကစားသမားေဟာင္း အင္နီေယစတာက ဘာစီလုိနာအသင္းအေနနဲ႔ ေနမာကုိ ျပန္ေခၚသင့္ၿပီး ျပန္ေခၚလုိက္မယ္ ဆုိရင္ ေကာင္းမြန္တဲ့ ေခၚယူမႈ ျဖစ္မွာပါလုိ႔ ေျပာသြားပါတယ္။
Photo Credit: Marca
အင္နီေယစတာက “ေနမာက အဲဒီမွာ အေကာင္းဆုံး တုိက္စစ္မွဴးေတြထဲက တစ္ဦးမွာပါ။ အခုမွ ျဖစ္လာတာ မဟုတ္ပါဘူး။ သူ႔ကုိ ဘာစီလုိနာအသင္းက ေခၚရင္ သိပ္ေကာင္းမွာပါပဲ။ ေနာက္ထပ္ တစ္ခုက သူလုိလုိ၊ မလုိလုိ ေခၚသင့္ပါတယ္။ ကြ်န္ေတ္ာ့အတြက္ သူက အေကာင္းဆုံးေတြထဲက တစ္ဦးပါ။ သူက ေကာင္းမြန္တဲ့ ေခၚယူမႈ ျဖစ္မွာပါ”လို႔ Asics ပဲြမွာ အခုိင္အမာ ေျပာသြားပါတယ္။
Photo Credit: Marca
စပိန္ လက္ေရြးစင္ ကြင္းလယ္ ကစားသမားေဟာင္း အင္နီေယစတာဟာ လက္ရွိမွာ ဂ်ပန္ကလပ္ ဗီဆယ္လ္ ကုိဘီအသင္းအတြက္ ကစားေနၿပီး သူက လက္ရွိမွာ ေပ်ာ္ေနတယ္လုိ႔ ေျပာခဲ့ပါတယ္။ အင္နီေယစတာက “ကြ်န္ေတာ္ လက္ရွိအခ်ိန္မွာ ဆာေလာင္မႈေတြ၊ စိတ္လႈပ္ရွားမႈေတြနဲ႔ အလြန္ ေပ်ာ္ရြင္ပါတယ္။ ကြ်န္ေတာ္ ရွိေနတဲ့ ေနရာကုိ ကြ်န္ေတာ္ ခ်စ္ပါတယ္”လုိ႔ ေျပာသြားခဲ့ပါတယ္။
{Unicode}
ဘာစီလိုနာ ကွင်းလယ် ကစားသမားဟောင်း အင်နီယေစတာကတော့ ဘာစီလိုနာအသင်းအနေနဲ့ နေမာကို ပြန်ခေါ်ရင် သိပ်ကောင်းမှာပဲလို့ ဘာစီလိုနာမြို့က Asics ပွဲမှာ ပြောခဲ့တာပဲ ဖြစ်ပါတယ်။ တိုက်စစ်မှူး နေမာကတော့ ဘာစီလိုနာ ကစားသမားဟောင်း ဖြစ်ပြီး (၂၀၁၇) ခုနှစ်မှာ ပီအက်စ်ဂျီ အသင်းကို ပြောင်းခဲ့ပြီး အခုနောက်ပိုင်း ဘာစီလိုနာအသင်းကို ပြန်လာဖို့ ချိတ်ဆက်နေခဲ့ပါတယ်။
Photo Credit: Marca
ဘာစီလိုနာအသင်းဟာ နေမာ ထွက်သွားပြီးတဲ့ အခါမှာ သူ့ရဲ့ နေရာကို အစားထိုးဖို့ ဂရစ်စမန်းကို ခေါ်ယူခဲ့ပြီး လက်ရှိမှာ နေမာကို ပီအက်စ်ဂျီအသင်းကနေ ပြန်ခေါ်ဖို့က ဖြစ်နိုင်ချေ နည်းပါတယ်။ ဒါပေမဲ့ ဘာစီလိုနာ ကစားသမားဟောင်း အင်နီယေစတာက ဘာစီလိုနာအသင်းအနေနဲ့ နေမာကို ပြန်ခေါ်သင့်ပြီး ပြန်ခေါ်လိုက်မယ် ဆိုရင် ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်မှာပါလို့ ပြောသွားပါတယ်။
Photo Credit: Marca
အင်နီယေစတာက “နေမာက အဲဒီမှာ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးမှာပါ။ အခုမှ ဖြစ်လာတာ မဟုတ်ပါဘူး။ သူ့ကို ဘာစီလိုနာအသင်းက ခေါ်ရင် သိပ်ကောင်းမှာပါပဲ။ နောက်ထပ် တစ်ခုက သူလိုလို၊ မလိုလို ခေါ်သင့်ပါတယ်။ ကျွန်တေ်ာ့အတွက် သူက အကောင်းဆုံးတွေထဲက တစ်ဦးပါ။ သူက ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်မှာပါ”လို့ Asics ပွဲမှာ အခိုင်အမာ ပြောသွားပါတယ်။
Photo Credit: Marca
စပိန် လက်ရွေးစင် ကွင်းလယ် ကစားသမားဟောင်း အင်နီယေစတာဟာ လက်ရှိမှာ ဂျပန်ကလပ် ဗီဆယ်လ် ကိုဘီအသင်းအတွက် ကစားနေပြီး သူက လက်ရှိမှာ ပျော်နေတယ်လို့ ပြောခဲ့ပါတယ်။ အင်နီယေစတာက “ကျွန်တော် လက်ရှိအချိန်မှာ ဆာလောင်မှုတွေ၊ စိတ်လှုပ်ရှားမှုတွေနဲ့ အလွန် ပျော်ရွင်ပါတယ်။ ကျွန်တော် ရှိနေတဲ့ နေရာကို ကျွန်တော် ချစ်ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။