ဘာစီလိုနာအသင်းနဲ့စပိန်လက်ရွေးစင်အသင်းတို့နဲ့အတူတန်ဖိုးကြီးမားတဲ့ဆုဖလားပေါင်းများစွာကိုဆွတ်ခူးနိုင်ခဲ့ပြီးလက်ရှိအချိန်မှာဂျပန်ကလပ်ကိုဘေးအသင်းမှာကစားနေခဲ့တဲ့ဂန္တဝင်ကွင်းလယ်ကစားသမားကြီးအင်နီယေစတာကတော့သူဟာအသက်၅၂နှစ်အထိဘောလုံးကစားချင်ပါတယ်လို့ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

Photo Credit: Marca.com

     လာမာစီယာအကယ်ဒမီကနေထွက်ပေါ်လာတဲ့အင်နီယေစတာဟာကမ္ဘာ့ဘောလုံးသမိုင်းမှာအကောင်းဆုံးကွင်းလယ်လူတွေထဲကတစ်ဦးအဖြစ်သတ်မှတ်ခံခဲ့ရသူပါ။လက်ရှိမှာအသက်၃၅နှစ်ရှိနေပြီဖြစ်တဲ့အင်နီယေစတာဟာကိုဘေးအသင်းရဲ့အသင်းခေါင်းဆောင်တစ်ဦးအဖြစ်တာဝန်ယူကစားနေသူလည်းဖြစ်ပါတယ်။

 

Photo Credit: Marca.com

     ဘယ်အချိန်အထိဘောလုံးကစားမလဲဆိုတဲ့မေးခွန်းအပေါ်အင်နီယေစတာကအသက်၅၂နှစ်အရွယ်အထိဘောလုံးကစားနိုင်ဖို့တော့ကျွန်တော်မျှော်လင့်ထားပါတယ်။ဘောလုံးအားကစားနည်းဆိုတာကကျွန်တော်အချစ်ဆုံးအရာတစ်ခုပဲလေလို့ဖြေဆိုသွားခဲ့တာပါ။