အႀကိမ္၃၀ေျမာက္ ဖိလစ္ပုိင္ႏုိင္ငံအတြင္းမွာ က်င္းပျပဳလုပ္လုိ႔ေနတဲ႔ အာဆီယံအားကစားၿပိဳင္ပြဲႀကီး ဆီးဂိမ္းၿပိဳင္ပြဲရဲ႕အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲ ဆီမီးဖုိင္နယ္ ပြဲစဥ္(၁)အျဖစ္ ဒီေန႔ေန႔လည္ ၂နာရီခြဲအခ်ိန္မွာ အုပ္စုAပထမအသင္းျဖစ္တဲ႔ ကြ်န္ေတာ္တုိ႔ရဲ႕ျမန္မာယူ-၂၂အသင္းနဲ႔ အုပ္စုBရဲ႕ ဒုတိယအသင္း အင္ဒုိနီးရွားယူး-၂၂အသင္းတုိ႔ ရင္ဆုိင္ကစားခဲ႔ရာ မိနစ္ကုိးဆယ္အတြင္းမွာ တစ္ဖက္ကုိ ၂ဂုိးစီ သေရက်ေနခဲ႔လုိ႔ အခ်ိန္ပုိဆက္လက္ကစားခဲ႔ရာမွာ အင္ဒုိက ၂ဂုိးထပ္မံသြင္းယူၿပီး ၄ဂုိး၂ဂိုးနဲ႔ ျမန္မာအသင္းကုိ အႏုိင္ယူခဲ႔ကာ ဗုိလ္လုပြဲတတ္လွမ္းသြားခဲ႔ရပါတယ္။

အုပ္စု A ရဲ႕အုပ္စုဗုိလ္ေနရာနဲ႔ ဆီမီးကို တတ္လွမ္းခဲ႔ေပမယ့္လည္း ပြဲတုိင္းလုိလုိ ခံစစ္ပုိင္းအားနည္းခ်က္ေတြရွိေနခဲ႔လုိ႔ ပြဲတုိင္းဂုိးေပးခဲ႔ရတဲ႔ ျမန္မာယူ-၂၂အသင္းဟာ အင္ဒုိနဲ႔ ပြဲစဥ္မွာေတာ့ ကြင္းလယ္နဲ႔ခံစစ္ကုိ အမာေက်ာဆုံးပုံစံျဖစ္ေအာင္ တည္ေဆာက္လာခဲ႔ၿပီး ပထမပုိင္းအတြင္းမွာ အင္ဒုိရဲ႕တုိက္စစ္ကုိ ကြင္းလယ္မွာ ဟန္႔တာႏုိင္ခဲ႔ၿပီး ၿပိဳင္ဘက္တုိက္စစ္ကုိ ထိန္းခ်ဳပ္ႏုိင္ခဲ႔ပါတယ္။ ဒါေပမယ့္ နည္းစနစ္ပုိင္း အေျပာင္းအလဲပုိင္းေတြေၾကာင့္ တုိက္စစ္ပုိင္းကေတာ့ အခ်ိတ္အဆက္ေတြ Final Third Zone အထိ ေဘာလုံးရယူႏိုင္မႈေတြမွာ အားနည္းခဲ႔ရပါတယ္။ ပထမပုိင္းမွာ ဂုိးမရွိသေရက်ခဲ႔ၿပီး ဒုတိယပုိင္းအတြက္ အင္ဒုိရဲ႕တရစပ္တုိက္စစ္ဆင္မႈေတြနဲ႔ ျမန္မာခံစစ္ကစားသမားေတြရဲ႕လူကပ္ပုံအားနည္းခ်က္ေတြေၾကာင့္ ၅၇မိနစ္နဲ႔ ၇၁မိနစ္ေတြမွာ သြင္းဂုိးေတြ ဆက္တုိက္ခြင့္ျပဳေပးလုိက္ရၿပီး ေမွ်ာ္လင့္ခ်က္ေပ်ာက္လုနီးပါး ျဖစ္ခဲ႔ရပါတယ္။

ဒါေပမယ့္ နည္းျပႀကီး ပုိေဗါ့ဗ္ရဲ႕နည္းစနစ္အေျပာင္းအလဲေတြက အလုပ္ျဖစ္ခဲ႔သလုိ ျမန္မာတုိ႔ရဲ႕မဆုတ္မနစ္ ႀကိဳးစားမႈေတြေၾကာင့္ပဲ ဒုတိယပုိင္းမွာ လူစားဝင္လာခဲ႔ၾကတဲ႔ တုိက္စစ္မွဴးေတြျဖစ္ေသာ ေအာင္ေကာင္းမာန္နဲ႔ ဝင္းႏုိင္ထြန္းတုိ႔က မိနစ္အနည္းငယ္ေလးအတြင္းမွာပဲ အသင္းအတြက္ အဖုိးတန္ေခ်ပဂုိး၂ဂုိးကုိ ဆက္တုိက္သြင္းယူကာ ၂ဂုိးစီသေရနဲ႔ ဒုတိယပုိင္းလည္း ၿပီးဆုံးခဲ႔ရပါတယ္။ အခ်ိန္ပုိပထမပုိင္းမွာေတာ့ ျမန္မာအသင္းမွာ ကြင္းလယ္ပုိင္းအားနည္းမႈေတြ ရွိလာခဲ႔ၿပီး ပထမပုိင္းမၿပီးဆုံးခင္မွာပဲ အင္ဒုိဘက္ကေန သြင္းယူေနၾက ပုံစံအတုိင္းနဲ႔ ဦးေဆာင္ဂုိးကုိ ျပန္လည္သြင္းယူသြားႏုိင္ခဲ႔ပါတယ္။ ဒါ့အျပင္ ကစားအား တျဖည္းျဖည္းက်ဆင္းလာခဲ႔ရာကေန အင္ဒုိတုိ႔ ေနာက္ထပ္အနုိင္ဂုိးတစ္ဂုိးကုိ ဆက္လက္သြင္းယူႏုိင္ခဲ႔တာေၾကာင့္ ျမန္မာတုိ႔ရဲ႕ဖုိင္နယ္ေမွ်ာ္လင့္ခ်က္လည္း တစ္ခန္းရပ္သြားခဲ႔ရပါတယ္။

(Unicode)

အချိန်ပိုထိ တောင့်မခံနိုင်တော့ပဲ ဗိုလ်လုပွဲမျှော်လင့်ချက် အဆုံးသတ်ခဲ့ရတဲ့ မြန်မာယူ-၂၂အသင်း

အကြိမ်၃၀မြောက် ဖိလစ်ပိုင်နိုင်ငံအတွင်းမှာ ကျင်းပပြုလုပ်လို့နေတဲ့ အာဆီယံအားကစားပြိုင်ပွဲကြီး ဆီးဂိမ်းပြိုင်ပွဲရဲ့အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်(၁)အဖြစ် ဒီနေ့နေ့လည် ၂နာရီခွဲအချိန်မှာ အုပ်စုAပထမအသင်းဖြစ်တဲ့ ကျွန်တော်တို့ရဲ့မြန်မာယူ-၂၂အသင်းနဲ့ အုပ်စုBရဲ့ ဒုတိယအသင်း အင်ဒိုနီးရှားယူး-၂၂အသင်းတို့ ရင်ဆိုင်ကစားခဲ့ရာ မိနစ်ကိုးဆယ်အတွင်းမှာ တစ်ဖက်ကို ၂ဂိုးစီ သရေကျနေခဲ့လို့ အချိန်ပိုဆက်လက်ကစားခဲ့ရာမှာ အင်ဒိုက ၂ဂိုးထပ်မံသွင်းယူပြီး ၄ဂိုး၂ဂိုးနဲ့ မြန်မာအသင်းကို အနိုင်ယူခဲ့ကာ ဗိုလ်လုပွဲတတ်လှမ်းသွားခဲ့ရပါတယ်။

အုပ်စု A ရဲ့အုပ်စုဗိုလ်နေရာနဲ့ ဆီမီးကို တတ်လှမ်းခဲ့ပေမယ့်လည်း ပွဲတိုင်းလိုလို ခံစစ်ပိုင်းအားနည်းချက်တွေရှိနေခဲ့လို့ ပွဲတိုင်းဂိုးပေးခဲ့ရတဲ့ မြန်မာယူ-၂၂အသင်းဟာ အင်ဒိုနဲ့ ပွဲစဉ်မှာတော့ ကွင်းလယ်နဲ့ခံစစ်ကို အမာကျောဆုံးပုံစံဖြစ်အောင် တည်ဆောက်လာခဲ့ပြီး ပထမပိုင်းအတွင်းမှာ အင်ဒိုရဲ့တိုက်စစ်ကို ကွင်းလယ်မှာ ဟန့်တာနိုင်ခဲ့ပြီး ပြိုင်ဘက်တိုက်စစ်ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် နည်းစနစ်ပိုင်း အပြောင်းအလဲပိုင်းတွေကြောင့် တိုက်စစ်ပိုင်းကတော့ အချိတ်အဆက်တွေ Final Third Zone အထိ ဘောလုံးရယူနိုင်မှုတွေမှာ အားနည်းခဲ့ရပါတယ်။ ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့ပြီး ဒုတိယပိုင်းအတွက် အင်ဒိုရဲ့တရစပ်တိုက်စစ်ဆင်မှုတွေနဲ့ မြန်မာခံစစ်ကစားသမားတွေရဲ့လူကပ်ပုံအားနည်းချက်တွေကြောင့် ၅၇မိနစ်နဲ့ ရ၁မိနစ်တွေမှာ သွင်းဂိုးတွေ ဆက်တိုက်ခွင့်ပြုပေးလိုက်ရပြီး မျှော်လင့်ချက်ပျောက်လုနီးပါး ဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့် နည်းပြကြီး ပိုဗေါ့ဗ်ရဲ့နည်းစနစ်အပြောင်းအလဲတွေက အလုပ်ဖြစ်ခဲ့သလို မြန်မာတို့ရဲ့မဆုတ်မနစ် ကြိုးစားမှုတွေကြောင့်ပဲ ဒုတိယပိုင်းမှာ လူစားဝင်လာခဲ့ကြတဲ့ တိုက်စစ်မှူးတွေဖြစ်သော အောင်ကောင်းမာန်နဲ့ ဝင်းနိုင်ထွန်းတို့က မိနစ်အနည်းငယ်လေးအတွင်းမှာပဲ အသင်းအတွက် အဖိုးတန်ချေပဂိုး၂ဂိုးကို ဆက်တိုက်သွင်းယူကာ ၂ဂိုးစီသရေနဲ့ ဒုတိယပိုင်းလည်း ပြီးဆုံးခဲ့ရပါတယ်။ အချိန်ပိုပထမပိုင်းမှာတော့ မြန်မာအသင်းမှာ ကွင်းလယ်ပိုင်းအားနည်းမှုတွေ ရှိလာခဲ့ပြီး ပထမပိုင်းမပြီးဆုံးခင်မှာပဲ အင်ဒိုဘက်ကနေ သွင်းယူနေကြ ပုံစံအတိုင်းနဲ့ ဦးဆောင်ဂိုးကို ပြန်လည်သွင်းယူသွားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကစားအား တဖြည်းဖြည်းကျဆင်းလာခဲ့ရာကနေ အင်ဒိုတို့ နောက်ထပ်အနိုင်ဂိုးတစ်ဂိုးကို ဆက်လက်သွင်းယူနိုင်ခဲ့တာကြောင့် မြန်မာတို့ရဲ့ဖိုင်နယ်မျှော်လင့်ချက်လည်း တစ်ခန်းရပ်သွားခဲ့ရပါတယ်။