လီဗာပူးလ်အသင်းရဲ့ဒီရာသီစွမ်းဆောင်ရည်က အံ့မခန်းပါပဲ။ သူတို့အသင်းနဲ့ အလှမ်းဝေးလို့နေတဲ့ ပရီးမိးယားလိဂ်ချန်ပီယံဆုကို လက်မလွတ်တမ်း ပိုင်ဆိုင်နိုင်ရအောင် ပွဲတိုင်းကို အာရုံစိုက်မှုအပြည့် အင်အားအပြည့် စွမ်းဆောင်ရည်အပြည့်နဲ့ တိုက်ပွဲဝင်လို့နေတာကြောင့် အခုဆိုရင် ပရီးမီးယားလိဂ်မှာ ရှံးပွဲလုံးဝ မတွေ့သေးတဲ့အပြင် အနီးစပ်ဆုံးပြိုင်ဘက်တွေကိုလည်း ရမှတ်တွေ အပြတ်အသတ်ဖြတ်ထားပြီး ချန်ပီယံဆုနဲ့ အနီးဆုံးနေရာကိုတောင် ရောက်လို့နေပါတယ်။ ဒါဟာ နည်းပြယာဂင်ကလော့နဲ့ လီဗာပူးလ်ကစားသမားတွေရဲဲ့ အံ့မခန်းစွမ်းဆောင်ရည်တွေကြောင့်ပါပဲ။

Photo Credit : Getty Images

အခုလည်း လီဗာပူးလ်အသင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အချက်အလက်တစ်ခု ပေါ်ထွက်လာခဲ့ရာ ထိုအချက်တွေထဲမှာတော့ လီဗာပူးလ်အသင်းကို ရောက်ရှိလာခဲဲ့ပြီးတဲ့နောက်ပိုင်း ပရီးမီးယားလိဂ်ပြိုင်ပွဲဲအတွင်း အိမ်ကွင်းအရှံးရလဒ်ကို မရင်ဆိုင်ရသေးတဲ့ ကစားသမားက (၁၀)ယောက်အထိကို ရှိလို့နေကြောင်း အံ့အားသင့်စဖွယ် မြင်တွေ့ခဲ့ရပါတယ်။ ဒီကစားသမားတွေထဲမှာ မာနေး ဆာလာ ရောဘတ်ဆန် ဗန်ဒိုက် အယ်လီဆန် အာနိုး ဖာဘင်ဟို ကီတာ ရှာကွီရီနဲ့ အက်ဒရီယန်တို့ ပါဝင်နေခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ လက်စတာကို ပြီးခဲ့တဲ့ ၁၂လတုန်းက အိမ်ကွင်းမှာ သရေကစားခဲ့ပြီးတဲ့နောက်မှာ ပရီးမီးယားလိဂ်အိမ်ကွင်း ပွဲ၂၀ဆက်တိုက်ကို အနိုင်ရထားခဲ့တာလည်းဖြစ်ပါတယ်။

Photo Credit : Getty Images

လီဗာပူးလ်ကို ရောက်ရှိလာပြီးတဲ့နောက် ပရီးမီးယားလိဂ်မှာ အိမ်ကွင်းရှံးပွဲမတွေ့ထားခဲ့တဲ့ ကစားသမားတွေထဲမှာတော့ တိုက်စစ်ကစားသမား မာနေးက ထိပ်ဆုံးကနေ ပါဝင်လို့နေပြီး ၅၆ပွဲအထိ ပါဝင်ကစားခဲဲ့ရာမှာ ပွဲ၅၀အနိုင်ရထားခဲ့ကာ ကျန်တဲ့၉ပွဲကိုတော့ သရေကျထားခဲ့ပါတယ်။ ဒါ့အပြင် ဒီရာသီမှ လီဗာပူးလ်အသင်းကို ရောက်ရှိလာခဲ့တဲ့ အရန်ဂိုးသမား အက်ဒရီယန်ဆိုရင်လည်း စုစုပေါင်း၆ပွဲမှာ ၄ပွဲကို ပွဲဲထွက်ကစားခဲ့ရပြီး သူကစားခွင့်ရတဲ့ ၆ပွဲလုံး (အိမ်ကွင်းပွဲစဉ်များ) မှာ ရာနှုန်းပြည့်နိုင်ပွဲတွေ ရရှိထားခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ပြိုင်ဘက်တိုင်းက လီဗာပူးလ်အသင်းရဲ့ အန်ဖီးလ်မှာ လာရောက်ကစားရပြီဆိုရင် အရှံးပေးရဖို့က သေချာသလောက်ရှိနေသလို ရပ်တန့်ဟန့်တားလို့မရတဲ့ အသင်းသားတွေရဲ့ကစားအား ပရိသတ်ထုကြီးရဲ့ အားပေးမှုတွေက ပြိုင်ဘက်အသင်းတိုင်းအတွက် ကြောက်မက်စရာ သတ်ကွင်းကြီးတစ်ခုလို့ ဖြစ်နေရပါတော့တယ်။

(Zawgyi)

လီဗာပူးလ္ကုိ ေရာက္ရွိလာၿပီးေနာက္ပုိင္း ပရီးမီးယားလိဂ္မွာ အိမ္ကြင္းရွံးပြဲမရွိေသးသူ မ်ားစြာရွိေန

လီဗာပူးလ္အသင္းရဲ႕ဒီရာသီစြမ္းေဆာင္ရည္က အံ့မခန္းပါပဲ။ သူတုိ႔အသင္းနဲ႔ အလွမ္းေဝးလုိ႔ေနတဲ႔ ပရီးမိးယားလိဂ္ခ်န္ပီယံဆုကုိ လက္မလြတ္တမ္း ပုိင္ဆုိင္ႏုိင္ရေအာင္ ပြဲတုိင္းကုိ အာရုံစုိက္မႈအျပည့္ အင္အားအျပည့္ စြမ္းေဆာင္ရည္အျပည့္နဲ႔ တုိက္ပြဲဝင္လုိ႔ေနတာေၾကာင့္ အခုဆုိရင္ ပရီးမီးယားလိဂ္မွာ ရွံးပြဲလုံးဝ မေတြ႔ေသးတဲ့အျပင္ အနီးစပ္ဆုံးၿပိဳင္ဘက္ေတြကုိလည္း ရမွတ္ေတြ အျပတ္အသတ္ျဖတ္ထားၿပီး ခ်န္ပီယံဆုနဲ႔ အနီးဆုံးေနရာကုိေတာင္ ေရာက္လုိ႔ေနပါတယ္။ ဒါဟာ နည္းျပယာဂင္ကေလာ့နဲ႔ လီဗာပူးလ္ကစားသမားေတြရဲဲ႕ အံ့မခန္းစြမ္းေဆာင္ရည္ေတြေၾကာင့္ပါပဲ။

Photo Credit : Getty Images

အခုလည္း လီဗာပူးလ္အသင္းရဲ႕စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး အခ်က္အလက္တစ္ခု ေပၚထြက္လာခဲ႔ရာ ထုိအခ်က္ေတြထဲမွာေတာ့ လီဗာပူးလ္အသင္းကုိ ေရာက္ရွိလာခဲဲ႔ၿပီးတဲ႔ေနာက္ပုိင္း ပရီးမီးယားလိဂ္ၿပိဳင္ပြဲဲအတြင္း အိမ္ကြင္းအရွံးရလဒ္ကုိ မရင္ဆုိင္ရေသးတဲ႔ ကစားသမားက (၁၀)ေယာက္အထိကုိ ရွိလုိ႔ေနေၾကာင္း အံ့အားသင့္စဖြယ္ ျမင္ေတြ႕ခဲ႔ရပါတယ္။ ဒီကစားသမားေတြထဲမွာ မာေနး ဆာလာ ေရာဘတ္ဆန္ ဗန္ဒုိက္ အယ္လီဆန္ အာႏုိး ဖာဘင္ဟုိ ကီတာ ရွာကြီရီနဲ႔ အက္ဒရီယန္တုိ႔ ပါဝင္ေနခဲ႔ပါတယ္။ လီဗာပူးလ္အသင္းဟာ လက္စတာကုိ ၿပီးခဲ႔တဲ႔ ၁၂လတုန္းက အိမ္ကြင္းမွာ သေရကစားခဲ႔ၿပီးတဲ႔ေနာက္မွာ ပရီးမီးယားလိဂ္အိမ္ကြင္း ပြဲ၂၀ဆက္တုိက္ကုိ အႏုိင္ရထားခဲ႔တာလည္းျဖစ္ပါတယ္။

Photo Credit : Getty Images

လီဗာပူးလ္ကုိ ေရာက္ရွိလာၿပီးတဲ႔ေနာက္ ပရီးမီးယားလိဂ္မွာ အိမ္ကြင္းရွံးပြဲမေတြ႕ထားခဲ႔တဲ႔ ကစားသမားေတြထဲမွာေတာ့ တုိက္စစ္ကစားသမား မာေနးက ထိပ္ဆုံးကေန ပါဝင္လုိ႔ေနၿပီး ၅၆ပြဲအထိ ပါဝင္ကစားခဲဲ႔ရာမွာ ပြဲ၅၀အႏုိင္ရထားခဲ႔ကာ က်န္တဲ့၉ပြဲကုိေတာ့ သေရက်ထားခဲ႔ပါတယ္။ ဒါ့အျပင္ ဒီရာသီမွ လီဗာပူးလ္အသင္းကုိ ေရာက္ရွိလာခဲ႔တဲ႔ အရန္ဂုိးသမား အက္ဒရီယန္ဆုိရင္လည္း စုစုေပါင္း၆ပြဲမွာ ၄ပြဲကုိ ပြဲဲထြက္ကစားခဲ႔ရၿပီး သူကစားခြင့္ရတဲ႔ ၆ပြဲလုံး (အိမ္ကြင္းပြဲစဥ္မ်ား) မွာ ရာႏႈန္းျပည့္ႏုိင္ပြဲေတြ ရရွိထားခဲ႔ပါတယ္။ ဒါကုိၾကည့္ျခင္းအားျဖင့္ ၿပိဳင္ဘက္တုိင္းက လီဗာပူးလ္အသင္းရဲ႕ အန္ဖီးလ္မွာ လာေရာက္ကစားရၿပီဆုိရင္ အရွံးေပးရဖုိ႔က ေသခ်ာသေလာက္ရွိေနသလုိ ရပ္တန္႔ဟန္႔တားလုိ႔မရတဲ႔ အသင္းသားေတြရဲ႕ကစားအား ပရိသတ္ထုႀကီးရဲ႕ အားေပးမႈေတြက ၿပိဳင္ဘက္အသင္းတုိင္းအတြက္ ေၾကာက္မက္စရာ သတ္ကြင္းႀကီးတစ္ခုလုိ႔ ျဖစ္ေနရပါေတာ့တယ္။