မိုဟာမက်ဆာလာ ကယ်ဗင်ဒီဘရိုင်းနားတို့လို လက်ရှိ ပရီးမီးယားလိဂ်မှာ လျှမ်းလျှမ်းတောက် ဖြစ်နေရတဲ့ ထိပ်တန်းကစားသမားတွေဟာ သူတို့ရဲ့ ပရီးမီးယားလိဂ် ကစားသမားဘဝ အစပိုင်းမှာ ဘာမှမယ်မယ်ရရ အောင််မြင်ခဲ့ခြင်း မရှိပေမယ့်လည်း ပရီးမီးယားလိဂ်ကို နောက်တစ်ကြိမ် ပြန်ရောက်လာချိန်မှာတော့ သူတို့က လုံးဝကွဲပြားခြားနားတဲ့ ကစားသမားတွေ ဖြစ်လာခဲ့ရပါတယ်။ လက်ရှိမှာတော့ ဆီဘက်စတီယန်ဟယ်လာလည်း ပရီးမီးယားလိဂ်ကို တကျော့ပြန် ရောက်လာဖွယ် ရှိနေရပြီး မိုဆာလာ ဒီဘရိုင်းနားတို့လို ပရီးမီးယားလိဂ် တကျော့ပြန် ခရီးမှာ အောင်မြင်မှုတွေ ရယူနိုင်ဖွယ် ရှိနေပါတယ်။

Sebastien Haller has starred at Ajax after a poor spell with West Ham

Photo Credit : The Sun

ဖရန့်ဖတ်အသင်းကနေ ဝက်စ်ဟမ်းယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ အိုင်ဗရီကို့စ် တိုက်စစ်ကစားသမား ဟယ်လာဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြဖို့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပြီး ၂၀၂၁ခုနှစ် ဇန်နဝါရီမှာပဲ အေဂျက်စ်အသင်းဆီ ထပ်မံပြောင်းရွှေ့ခဲ့ရပါတယ်။ အေဂျက်စ်အသင်းမှာ တစ်ရာသီခွဲလောက်အထိ ပါဝင်ကစားထားခဲ့တဲ့ ဟယ်လာဟာ အေဂျက်စ်အတွက် (၆၂)ပွဲမှာ (၄၆)ဂိုးထိ သွင်းယူထားခဲ့ပြီး ဒီနှစ်ဘောလုံးရာသီမှာလည်း ချန်ပီယံလိဂ်သွင်းဂိုး (၁၁)ဂိုး အပါအဝင် ပြိုင်ပွဲစုံသွင်းဂိုး စုစုပေါင်း (၃၃)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

Incoming Man Utd boss is interested in bringing the 31-goal striker to Old Trafford

Photo Credit : The Sun

ဝက်စ်ဟမ်းအသင်းမှာ ရုန်းကန်နေခဲ့ရတဲ့ ဟယ်လာကို နည်းပြအဲရစ်တန်ဟက်ဂ်က အေဂျက်စ်အသင်းဆီ (၄)နှစ်ခွဲ စာချုပ်နဲ့ ခေါ်ယူခဲ့ပြီး ဟယ်လာကိုလည်း ဂိုးသွင်းအားကောင်းတဲ့ တိုက်စစ်ကစားသမား ဖြစ်လာအောင်ပါ ပုံသွင်းပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ တန်ဟက်ဂ်ဟာ အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီကို (၃)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီဖြစ်ပြီး လာမယ့်ဘောလုံးရာသီမှာပဲ ယူနိုိက်တက်နည်းပြသစ်အဖြစ် စတင်ဆောင်ရွှက်ရတော့မှာ ဖြစ်သလို အသင်းကိုလည်း လိုအပ်တဲ့နေရာမှာတွေမှာ အပြောင်းအလဲတွေ လုပ်ဆောင်သွားဖွယ် ရှိနေရာ သူ့အသင်းဟောင်း အေဂျက်စ်က ကစားသမားတချို့ကိုပါ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။ ယူနိုက်တက်အတွက် တန်ဟက်ဂ် ခေါ်ဆောင်သွားဖွယ် ရှိနေတဲ့ ကစားသမားတွေထဲမှာ အေဂျက်စ်ရဲ့ တိုက်စစ်မှူး ဟယ်လာပါ ပါဝင်လာခဲ့ပြီး ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၃၅)သန်းလောက်သာ ပေးချေရနိုင်တာကြောင့် ဒီပမာဏက ယူနိုက်တက်အတွက် အဆင်ပြေနိုင်တဲ့ တန်ကြေးမျိုး ဖြစ်နေပေမယ့် ဟယ်လာကို ယူနိုက်တက်တစ်သင်းတည်းမကပဲ ဘိုင်ယန်မြူးနစ်အသင်းကပါ ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် အပြိုင်ကမ်းလှမ်းရဖွယ် ရှိလာနိုင်ပါတယ်။