MySport Myanmar

ဝီလီယံစ်ရဲ့ ပွဲအဆက်မပြတ် ပါဝင်နိုင်ခဲ့တဲ့ စံချိန်ကို ဒဏ်ရာပြသာနာကပင် မဟန့်တားနိုင်ခဲ့

လွန်ခဲ့တဲ့ ၂၀၁၆ခုနှစ်ကနေ စတင်ပြီး လက်ရှိအချိန်ထိ စပိန်လာလီဂါပွဲတွေကို တစ်ပွဲတစ်လေမှ လွဲချော်ထားခြင်း မရှိပဲ ဆက်တ်ိုက် ပါဝင်ကစားနိုင်ခဲ့တဲ့ ဘီလ်ဘာအို တိုက်စစ်ကစားသမား အင်နာကီဝီလီယံစ်ဟာ ပြီးခဲ့တဲ့ တစ်ပတ် ကာဒစ်ဇ်နဲ့ ပွဲစဉ်မှာ ဒဏ်ရာပြသနာနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း ဒီဒဏ်ရာပြသာနာက သူရဲ့ ပွဲအဆက်မပြတ် ပါဝင်ထားနိုင်တဲ့ စံချိန်ကိုတော့ မဟန့်တားနိုင်ခဲ့ပဲ အက်စပန်ညိုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာပါ ပါဝင်ကစားသွားခဲ့ပါတယ်။

Photo Credit : Goal

ဘီလ်ဘာအိုအသင်းရဲ့ iron lion လို့ တင်စားရမယ့် ဂါနာတိုက်စစ်ကစားသမား အင်နာကီဝီလီယံစ်ဟာ တကယ့် သံလိုမာကြောလှတဲ့ လူသားတစ်ဦးဖြစ်ပြီး ၂၀၁၆ခုနှစ် ဧပြီ(၂၀)ရက်နေ့ကနေ စတင်ကာ ဘီလ်ဘာအိုရဲ့ စပိန်လာလီဂါပွဲစဉ်တွေတိုင်းကို တစ်ပွဲမှမပျက် ပါဝင်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်ပဲ ဝီလီယံစ်ရဲ့ ပွဲစဉ်ဆက်တိုက် ပါဝင်ကစားဖြစ်ခဲ့တဲ့ စံချိန်မှတ်တမ်းက (၆)နှစ်ခွဲအတွင်းမှာ (၂၃၇)ပွဲအထိ ရှိသွားခဲ့ရပါတယ်။

Photo Credit : Sport Detik

တကယ်တော့ ဝီလီယံစ်ဟာ ကာဒစ်ဇ်အသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်းမှာ ဒဏ်ရာရသွားခဲ့တာကြောင့် အခုတစ်ပတ် အက်စပန်ညိုအသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်ကို သေချာပေါက် လွဲချော်ပြီး သူရဲ့ ပွဲအဆက်မပြတ် ကစားထားနိုင်တဲ့ စံချိန်ကောင်းကြီးတစ်ခုပါ အဆုံးသတ်ရပြီလို့ ယူဆခဲ့ရပေမယ့် ဝီလီယံစ်ကတော့ ဒဏ်ရာပြသာနာ ကြုံတွေ့နေရချိန်မှာတောင် အံ့အားသင့်ဖွယ် အသင်းအတွက် ဆက်လက် ပါဝင်ကစားပေးရင်း သူရဲ့စံချိန်ကပါ ဆက်လက် ရှင်သန်သွားခဲ့ရပါတယ်။ ဒါပေမယ့် ဝီလီယံစ်က ဒီရာသီမှာ (၃)ပွဲဆက် ရှုံးပွဲမရှိသေးတဲ့ သူ့အသင်း ဘီလ်ဘာအိုကို နောက်ထပ် ရလဒ်ကောင်းတစ်ခု ဖော်ဆောင်နိုင်ခဲ့ခြင်းတော့ မရှိပဲ အက်စပန်ညိုအသင်းကသာ သူတို့ရဲ့ ကစားသမားသစ်ဖြစ်တဲ့ ဘာစီလိုနာ အပယ်ခံ တိုက်စစ်မှူး မာတင်ဘရေ့ဝိတ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အိမ်ရှင်ဘီလ်ဘာအိုကို အနိုင်ယူုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ င်္ဘီလ်ဘာအိုရဲ့ iron lion ကစားသမားကြီး ဝီလီယံစ်ဟာ ဒီရာသီအတွင်း အသင်းအတွက် လာလီဂါသွင်းဂိုးတစ်ဂိုးကို သွင်းယူထားနိုင်ခဲ့ပြီး သူရဲ့မာကြောလှတဲ့ စိတ်ဓါတ်နဲ့ physical ပိုင်း သန်မာမှုတွေကြောင့် ဒီရာသီမှာလည်း အသင်းအတွက် အဆက်မပြတ် ပါဝင်ကစားပေးသွားရင်း သူရဲ့ အလန်းစား record ကြီးကို ဆက်လက် ထိန်းသိမ်းသွားဖွယ် ရှိနေပါတယ်။

Exit mobile version