စပိန်လာလီဂါကလပ် အသက်လက်တစ်ဘီလ်ဘာအိုအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ တိုက်စစ်မှူး အီညာကီဝီလီယံစ်ဟာ သူရဲ့ကလပ်အသင်းနဲ့အတူ (၆)နှစ်တာကာအတွင်း လာလီဂါပွဲစဉ်ပေါင်း (၂၂၄)ပွဲကို တစ်ပွဲတစ်လေမှ လွဲချော်ထားခြင်း မရှိပဲ ဆက်တိုက်ကို ပါဝင်ကစားထားနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Awoum

အသက်(၂၇)နှစ်အရွှယ်ရှိ စပိန်တိုက်စစ်ကစားသမား ဝီလီယံစ်၂၀၁၄ခုနှစ်မှာ ဘီလ်ဘာအိုအသင်းအတွက် စတင်ပါဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်က ဘီလ်ဘာအိုအသင်းရဲ့ အဓိက တိုက်စစ်ကစားသမားကြီး အဒူရစ်ဇ် ဒဏ်ရာရရှိနေချိန်လည်း ဖြစ်ပါတယ်။ အခုဆိုရင် ဝီလီယံစ်ဟာ သူရဲ့ဘီလ်ဘာအိုအသင်းနဲ့အတူ စပိန်လာလီဂါပွဲပေါင်း (၂၆၆)ပွဲအထိကို ပါဝင်ကစားထားနိုင်ခဲ့ပြီဖြစ်သလို လာလီဂါသွင်းဂိုး (၅၂)ဂိုးထိကိုပါ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါတွေတင် မကသေးပဲ ဝီလီယံစ်ဟာ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီကနေ စတင်ပြီး ဘီလ်ဘာအိုအသင်းအတွက် ဘောလုံးရာသီ (၅)ရာသီဆက်တိုက် လာလီဂါပွဲစဉ်အားလုံးကို တစ်ပွဲမှ မလျော့ပဲ ဆက်တိုက်ပါဝင် ကစားပေးနိုင်ခဲ့ပါတယ်။

Inaki Williams made it 227 consecutive LaLiga appearances for Athletic Bilbao on Sunday

Photo Credit : The Sun

စပိန်လက်ရွေးစင်အသင်းအတွက် တစ်ပွဲ ပါဝင်ကစားပေးနိုင်ခဲ့ဖူးတဲ့ ဝီလီယံစ်ဟာ ၂၀၁၆ခုနှစ် ဧပြီလက ဒဏ်ရာပြသာနာကြောင့် ဘီလ်ဘာအိုအတွက် ပွဲစဉ်တွေ လွဲချော်ခဲ့ရပေမယ့် အဲ့ဒီနောက်ပိုင်းကတည်းက လာလီဂါပွဲတွေကို ဆက်တိုက်ကစားလာခဲ့ရာ အခုဆိုရင် (၂၂၄)ပွဲအထိကို ရှိလာခဲ့ရပြီး အဲ့ဒီထဲကမှ (၁၉၈)ပွဲကို ပွဲထွက်ကစားသမားအဖြစ် ပါဝင်ထားနိုင်ခဲ့ပါတယ်။ ရက်ပေါင်း (၂၁၉၁)ရက်အတွင်း ဝီလီယံစ်ဟာ ဒဏ်ရာပြသာနာတွေ ပွဲပယ်တွေနဲ့ကို ရင်ဆိုင်ကြုံတွေ့ရခြင်းမရှိပဲ လာလီဂါပွဲစဉ်ပေါင်း (၂၂၄)ပွဲကို ဆက်တိုက်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ် မန်ချက်စတာယူနိုက်တက်တို့လို ကလပ်အသင်းတွေရဲ့ ပစ်မှတ်ဖြစ်ခဲ့ဖူးတဲ့ ဝီလီယံစ်ဟာ လက်ရှိမှာ သူရဲ့ဘီလ်ဘာအိုအသင်းနဲ့ ၂၀၂၈ခုနှစ်အထိကို ကာလရှည် စာချုပ်သက်တမ်း တိုးမြှင့်ထားတာ ဖြစ်သလို သူရဲ့စာချုပ်လျော်ကြေးကိုလည်း ပေါင်သန်း(၁၂၀)ထိကို သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။ ဝီလီယံစ်ဟာ ဒီရာသီမှာလည်း ဘီလ်ဘာအိုအသင်းအတွက် လာလီဂါပွဲပေါင်း (၃၂) ပါဝင်ထားထားပြီး သွင်းဂိုး(၇)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။