ဂျုဗင်တပ် နည်းပြ ဆာရီကတော့ အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပိတ်ရက်ရှည်ပြီးနောက် ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ တိုးတတ်ဖို့ လိုအပ်နေခဲ့ပေမယ့် တစ်ပွဲပြီး တစ်ပွဲ ခြေစွမ်းပြသလာနိုင်ခဲ့တာကြောင့် လက်ကျန် ပွဲစဉ် အများကြီး ကစားသွားရမှာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ စီးရီးအေ ပြိုင်ပွဲမစခင် ကိုပါ အီတလီယာ ပွဲစဉ်တွေမှာ ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် တိုးတတ်ဖို့ လိုအပ်နေခဲ့ပေမယ့်လည်း စီးရီးအေ ပြိုင်ပွဲ ပြန်လည် စတင်တဲ့ အချိန်မှာ ခြေစွမ်းထက်မြက်နေခဲ့ပြီး သွင်းဂိုးတွေလည်း သွင်းယူခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

တိုက်စစ်မှူး ရော်နယ်ဒိုဟာ သောကြာနေ့ညက လက်ချီအသင်းနဲ့ ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ သွင်းဂိုး (၁) ဂိုး နဲ့ ဂိုးဖန်တီးမှု (၂) ကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့် ခြေစွမ်းကောင်းကို ပြသခဲ့ပြီး ဂျုဗင်တပ်အသင်းက လက်ချီအသင်းကို ဂိုးပြတ် (၄-ဝ) ရလဒ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ရေ်ာနယ်ဒိုဟာ လက်ရှိရာသီမှာ စီးရီးအေ သွင်းဂိုး (၂၃) ဂိုး ရှိသွားခဲ့ပြီ ဖြစ်ပြီး ဂျုဗင်တပ် နည်းပြ ဆာရီကတော့ ရော်နယ်ဒိုဟာ ကြံခိုင်မှု ပြန်ပြည့်ဝလာပြီး ခြေစွမ်းထက်မြက်လာတာကြောင့် ပွဲစဉ်တွေ အများကြီး ကစားရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ နည်းပြ ဆာရီက “ရော်နယ်ဒိုက အခုအချိန်မှာ ကြံခိုင်မှုအပြည့်နဲ့ ကစားနိုင်ပါပြီ။ သူဟာ ပိတ်ရက်ရှည်ပြီးနောက် တိုးတတ်ဖို့ လိုအပ်နေခဲ့ပါတယ်။ သူ တစ်ပွဲပြီး တစ်ပွဲ ခြေစွမ်းကောင်းလာပါတယ်။ သူ ပွဲစဉ်တွေ အများကြီး ကစားဖို့ လိုအပ်ပါတယ်။ လာမယ့် ပွဲစဉ်တွေမှာ ကျွန်တော်တို့အနေနဲ့ သူ့ကို ပွဲစဉ် တစ်လျှောက်လုံး အသုံးပြုရမလား၊ ဒါမှမဟုတ် ပွဲစဉ် အချို့အတွက် ချန်ထားရမလား ဆိုတာကို နည်းလမ်းရှာရလိမ့်မယ်။ သူက သူ့ကိုယ်သူ သုံးသပ်တဲ့ နေရာမှာ တော်ပါတယ်။ သူက သူ အနားယူဖို့ လိုအပ်တဲ့ အချိန်တွေကို သိပါတယ်။ ဒါပေမယ့် အခုတော့ သူ အတော် ကြံခိုင်လာပြီလို့ ကျွန်တော် မြင်ပါတယ်”လို့ ပြောခဲ့ပါတယ်။