အီတလီ ဘောလုံး ကစားသမားများ အဖွဲ့ချုပ် (AIC) ဥက္ကဌ တွန်မာဆီက စီးရီးအေ ပြိုင်ပွဲကို လာမယ့် ဧပြီလမှာ စတင်နိုင်မှာ မဟုတ်ဘဲ ဇွန်လမှ စတင်နိုင်မယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ အီတလီနိုင်ငံက စီးရီးအေ ပြိုင်ပွဲဟာ ဥရောပ ထိပ်သီး လိဂ် (၅) လိဂ်မှာ ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံခဲ့ရတဲ့ ပထမဆုံး လိဂ် ပြိုင်ပွဲ ဖြစ်ပြီး စီးရီးအေ ပြိုင်ပွဲကို လာမယ့် ဧပြီလ (၃) ရက်နေ့အထိ ရပ်နားထားပါတယ်။ ကိုရိုနာ ဗိုင်းရပ်ဟာ အီတလီနိုင်ငံမှာ ကူးစက်မှု ဒုတိယ အများဆုံး နိုင်ငံ ဖြစ်ပြီး တရုတ်နိုင်ငံ ပြင်ပနိုင်ငံတွေထဲမှာဆိုရင် အီတလီနိုင်ငံက ကိုရိုနာ ဗိုင်းရပ်ကို လွန်စွာ ခံစားနေကြရပါတယ်။

Photo Credit: Goal

အီတလီနိုင်ငံဟာ လက်ရှိမှာ ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံရသူ (၂၄,၇၀၀) ကျော် ရှိနေပြီ ဖြစ်ပြီး ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် သေဆုံးသူ အနည်းဆုံး (၁,၈၀၉) ဦး ရှိနေပြီပဲ ဖြစ်ပါတယ်။ ကိုရိုနာ ဗိုင်းရပ် ရောဂါဟာ အီတလီနိုင်ငံမှာ ကူးစက်မှု မြင့်မားနေတာကြောင့် အီတလီနိုင်ငံက ဘောလုံး ပြိုင်ပွဲတွေ အားလုံးကို ရပ်နားရပြီး ပွဲလမ်းသဘင်တွေကိုလည်း ရပ်နားခဲ့ရပါတယ်။ အီတလီ ဘောလုံး ကစားသမား အဖွဲ့ချုပ် ဥက္ကဌ တွန်မာဆီက အဆင်ပြေသွားပြီ ဆိုရင်တောင် အီတလီ စီးရီးအေ ပြိုင်ပွဲကို လာမယ့် ဧပြီလမှာ ပြန်စတင်နိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

အီတလီ ဘောလုံး ကစားသမားများ အဖဲ့ွချုပ် ဥက္ကဌ တွန်မာဆီက “ဧပြီလ အစပိုင်းလောက်မှာ စီးရီးအေ ပြိုင်ပွဲ ပြန်စဖို့ မဖြစ်နိုင်ပါဘူး။ တကယ်လို့ အားလုံး အဆင်ပြေသွားပြီ ဆိုရင်တောင်မှ ကျွန်တော်တို့အနေနဲ့ မေလ ဒါမှမဟုတ် ဇွန်လမှာပဲ ပြန်စနိုင်မှာပါ။ ဘောလုံးအကြောင်းတွေကို ပြောတဲ့ အခါမှာ လူတွေက ကစားသမားတွေရဲ့ လုံခြုံရေးကိုပဲ ဦးစားပေးတယ်လို့ ထင်ကြတယ်။ ဒါပေမဲ့လည်း အသင်းတစ်သင်းရဲ့ နောက်ကွယ်မှာ ကမ္ဘာ့ ပရိသတ်တွေလည်း ရှိနေကြပါတယ်။ ပထမဆုံး ပြင်းထန်စွာ ခံစားရတာက စီးရီးစီ (Serie C) ပြိုင်ပွဲက ပီယာနီစ်အသင်း ဖြစ်ပြီး သူတို့အသင်းရဲ့ ကစားသမားတွေက တင်းကြပ်စွာ စောင့်ရှောက်ခံနေရဆဲပါပဲ။ ဂျုဗင်တပ်အသင်းဆိုရင်လည်း (၁၀၀) ရာခိုင်နှုန်း သီးခြား ခွဲနေကြရပါတယ်”လို့ အခိုင်အမာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။