စပါး နည်းပြ မော်ရင်ဟိုကတော့ နောက်ဆုံး နည်းပြခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၅) ပွဲမှာ ရှုံးပွဲမရှိခဲ့ဘဲ (၁) ပွဲသရေ နဲ့ (၄) ပွဲ အနိုင်ရရှိခဲ့ပြီး ရမှတ် (၁၃) မှတ်အထိ ရယူသွားနိုင်ခဲ့တာကြောင့် နောက်ဆုံး ပွဲစဉ် (၅) ပွဲမှာ ချန်ပီယံ ဖြစ်ပါတယ်လို ကြွားလုံးထုတ် ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ နည်းပြ မော်ရင်ဟိုဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ချဲလ်ဆီးအသင်းကို (၂) ကြိမ်၊ မန်ယူအသင်းကို (၁) ကြိမ် နည်းပြခဲ့တာကြောင့် စပါးအသင်းကို ရောက်လာတဲ့ အချိန်မှာတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ (၄) ကြိမ်မြောက် နည်းပြမှု ဖြစ်ပြီး နောက်ဆုံး ပွဲစဉ်တွေမှာ ရလဒ်ကောင်းခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလက စပါးအသင်းကို ရောက်ရှိလာခဲ့တဲ့ အချိန်မှာ စပါးအသင်းက အဆင့် (၁၄) နေရာကို ရောက်ရှိနေခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ စပါးအသင်းက ရမှတ် (၅၈) မှတ်နဲ့ အဆင့် (၇) နေရာကို ပြန်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ နည်းပြ မော်ရင်ဟိုဟာ ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ် (၅) ပွဲမှာ ရလဒ်ကောင်းတွေ ရရှိခဲ့တာ ဖြစ်ပေမယ့်လည်း ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို မဖြစ်နိုင်တော့တာ ဖြစ်ပြီး သူကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် (၅) ပွဲမှာ ချန်ပီယံ ဖြစ်ပါတယ်လို ကြွားလုံးထုတ်သွားလိုက်တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ မော်ရင်ဟိုက “ကျွန်တော့်ရဲ့ တန်ဖိုးကို ပြသဖို လိုအပ်တယ်လို ထင်ရင်တော့ ကောင်းပြီ။ ကျွန်တော် ကြိုးစားပေးပါမယ်။ တကယ်လို တစ်ဦးချင်းနဲ့ ဆိုင်ပြီး တစ်ဦးချင်း ချဉ်းကပ်ပုံကို ပြသရမယ်ဆိုရင် ပိုလွယ်တဲ့ အရာ တစ်ခုကို ပြောပြပါမယ်။ ကျွန်တော် ပရီးမီးယားလိဂ် ပြိုင်ပွဲကို (၄) ကြိမ် ရောက်လာတယ်။ ကျွန်တော်က အဆင့် (၁၄) မှာ ရောက်ရှိလာခဲ့ပြီး အာဆင်နယ် အသင်းနဲ့ (၈) မှတ်၊ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ (၁၂) မှတ်ကွာဟနေခဲ့တယ်။ ဒါပေမယ့် တကယ်လို လိဂ်ပြိုင်ပွဲက ကျွန်တော့်အတွက် စတင်မယ်၊ လက်ရှိလမ်းကြောင်းအတိုင်းပဲ ဆက်သွားမယ် ဆိုရင် ကျွန်တော် အဆင့် (၄) ရရှိနေမှာပါ။ တကယ်လို ဒါကို ရလဒ်ဆိုးတယ်လို ထင်တယ် ဆိုရင်တော့ ဒါဟာ ခင်ဗျားတိုရဲ့ အမြင်ပါပဲ။ တကယ်လို ကျွန်တော်နဲ့ အတူ ရယ်မောချင်တယ် ဆိုရင်တော့ ကျွန်တော်က နောက်ဆုံး (၅) ပွဲမှာ ချန်ပီယံ ဖြစ်ပါတယ်”လို ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။