လီဗာပူးလ္ တိုက္စစ္မႉး ဆာလတ္ကေတာ့ ေျခးခ်င္းဝတ္ ဒဏ္ရာက သက္သာလာခဲ့တာေၾကာင့္ မေန႔ညက ပြဲစဥ္မွာ မန္ယူအသင္းကို (၂-ဝ) ရလဒ္နဲ႔ အႏိုင္ရခဲ့တာ ျဖစ္တယ္လို႔ ပြဲၿပီး သတင္းစာ ရွင္းလင္းပြဲမွာ ေျပာသြားပါတယ္။ ဆာလတ္က လြန္ခဲ့တဲ့ ေအာက္တိုဘာလက မန္ယူအသင္းနဲ႔ (၁-၁) သေရက်ခဲ့တာဟာ သူ ဒဏ္ရာရေနခဲ့တာေၾကာင့္ပါလို႔ ပြဲအႀကိဳမွာ ေျပာခဲ့ၿပီး ပြဲအၿပီးမွာေတာ့ သူ ဒဏ္ရာက သက္သာလာတာေၾကာင့္ မန္ယူအသင္းကို အႏိုင္ရတာပါလို႔ ျပန္ေျပာခဲ့ပါတယ္။

Photo Credit: Liverpoolecho

အီဂ်စ္ လက္ေ႐ြးစင္ တိုက္စစ္မႉး ဆာလတ္ဟာ ၿပီးခဲ့တဲ့ ႏွစ္ (၂၀၁၉) ခုႏွစ္ ေအာက္တိုဘာလက မန္ယူအသင္းနဲ႔ (၁-၁) သေရက်ခဲ့တဲ့ ပြဲစဥ္ကို ေျခခ်င္းဝတ္ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့တာ ျဖစ္ၿပီး မေန႔ညက ပြဲစဥ္မွာေတာ့ အပိတ္ဂိုး သြင္းယူခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ မေန႔ညက ပြဲစဥ္မွာ ဗန္ဒိုက္ နဲ႔ ဆာလတ္တို႔ရဲ႕ သြင္းဂိုးေၾကာင့္ မန္ယူအသင္းကို အိမ္ကြင္းမွာ (၂-ဝ) နဲ႔ အႏိုင္ရရွိခဲ့ၿပီး ဆာလတ္က သူ ဒဏ္ရာ သက္လာေတာ့ မန္ယူအသင္းကို အႏိုင္ရတာပါလို႔ ေျပာခဲ့ပါတယ္။

Photo Credit: Liverpoolecho

ပြဲၿပီးသတင္းစာ ရွင္းလင္းပြဲမွာ ဆာလတ္က “ဒီေန႔က ျမင္ၾကတဲ့ အတိုင္းပါပဲ၊ ကြၽန္ေတာ္ ဒဏ္ရာက သက္သာလာခဲ့ပါၿပီ။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ အႏိုင္ရတာပါ။ ကြၽန္ေတာ္ အသင္းအတြက္ အလြန္ ေပ်ာ္ပါတယ္။ ကြၽန္ေတာ္တို႔ ပြဲတိုင္းကိုအႏိုင္ရခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ဒီအခ်ိန္မွာ ေပ်ာ္႐ြင္ၾကၿပီး ဒီလို အဆုံးသတ္ဖို႔ ေမွ်ာ္လင့္မိပါတယ္။ ကြၽန္ေတာ့္ကို အလီဆင္က ဖန္တီေပးခဲ့ၿပီး ဘယ္သူကမွ ကြၽန္ေတာ့္ကို မထိန္းႏိုင္ခဲ့ပါဘူး။ အသင္းအတြက္ အလြန္ ေပ်ာ္ပါတယ္”လို႔ ေျပာသြားခဲ့ပါတယ္။

{Unicode}

လီဗာပူးလ် တိုက်စစ်မှူး ဆာလတ်ကတော့ ခြေးချင်းဝတ် ဒဏ်ရာက သက်သာလာခဲ့တာကြောင့် မနေ့ညက ပွဲစဉ်မှာ မန်ယူအသင်းကို (၂-ဝ) ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်တယ်လို့ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ဆာလတ်က လွန်ခဲ့တဲ့ အောက်တိုဘာလက မန်ယူအသင်းနဲ့ (၁-၁) သရေကျခဲ့တာဟာ သူ ဒဏ်ရာရနေခဲ့တာကြောင့်ပါလို့ ပွဲအကြိုမှာ ပြောခဲ့ပြီး ပွဲအပြီးမှာတော့ သူ ဒဏ်ရာက သက်သာလာတာကြောင့် မန်ယူအသင်းကို အနိုင်ရတာပါလို့ ပြန်ပြောခဲ့ပါတယ်။

Photo Credit: Liverpoolecho

အီဂျစ် လက်ရွေးစင် တိုက်စစ်မှူး ဆာလတ်ဟာ ပြီးခဲ့တဲ့ နှစ် (၂၀၁၉) ခုနှစ် အောက်တိုဘာလက မန်ယူအသင်းနဲ့ (၁-၁) သရေကျခဲ့တဲ့ ပွဲစဉ်ကို ခြေချင်းဝတ် ဒဏ်ရာကြောင့် လွဲချော်ခဲ့တာ ဖြစ်ပြီး မနေ့ညက ပွဲစဉ်မှာတော့ အပိတ်ဂိုး သွင်းယူခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ မနေ့ညက ပွဲစဉ်မှာ ဗန်ဒိုက် နဲ့ ဆာလတ်တို့ရဲ့ သွင်းဂိုးကြောင့် မန်ယူအသင်းကို အိမ်ကွင်းမှာ (၂-ဝ) နဲ့ အနိုင်ရရှိခဲ့ပြီး ဆာလတ်က သူ ဒဏ်ရာ သက်လာတော့ မန်ယူအသင်းကို အနိုင်ရတာပါလို့ ပြောခဲ့ပါတယ်။

Photo Credit: Liverpoolecho

ပွဲပြီးသတင်းစာ ရှင်းလင်းပွဲမှာ ဆာလတ်က “ဒီနေ့က မြင်ကြတဲ့ အတိုင်းပါပဲ၊ ကျွန်တော် ဒဏ်ရာက သက်သာလာခဲ့ပါပြီ။ ဒါကြောင့် ကျွန်တော်တို့ အနိုင်ရတာပါ။ ကျွန်တော် အသင်းအတွက် အလွန် ပျော်ပါတယ်။ ကျွန်တော်တို့ ပွဲတိုင်းကိုအနိုင်ရခဲ့ပါတယ်။ ကျွန်တော်တို့ ဒီအချိန်မှာ ပျော်ရွင်ကြပြီး ဒီလို အဆုံးသတ်ဖို့ မျှော်လင့်မိပါတယ်။ ကျွန်တော့်ကို အလီဆင်က ဖန်တီပေးခဲ့ပြီး ဘယ်သူကမှ ကျွန်တော့်ကို မထိန်းနိုင်ခဲ့ပါဘူး။ အသင်းအတွက် အလွန် ပျော်ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။