ပရီးမီးယားလိဂ်မှာ အဝေးကွင်း (၅)ပွဲဆက်တိုက်အထိကို တောက်လျှောက်ရှုံးပွဲဆက်နေရတဲ့အပြင် အသင်းရဲ့ ခံစစ်ပိုင်းကနေပါ စံချိန်တင်ရတဲ့အထိ ပေးဂိုးတွေ ခွင့်ပြုထားခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို အားပေးလျက်ရှိနေတဲ့ မန်ချက်စတာမြို့သား ပရိသတ်တစ်ဦးဟာ သူမရဲ့ နေအိမ်နားမှာ သူအားပေးနေတဲ့ ယူနိုက်တက်အသင်းနဲ့ ပတ်သက်ပြီး ရွံရှာစက်ဆုပ်ဖွယ်ကောင်းတဲ့ ပုံစံမျိုးနဲ့ လှောင်ပြောင်စော်ကားထားမှုနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ရင်ဖွင့်ပြောဆိုလာခဲ့ပါတယ်။

I'm a Man Utd fan and I'm furious after finding brutal note with disgusting  surprise outside my home

Photo Credit : The Sun

အသက်(၂၅)နှစ်အရွှ့ယ်ရှိ ယူနိုက်တက် ပရိသတ် နာတာလီဟာ သူမရဲ့နေအိမ် အနီးဝန်းကျင်လောက်မှာ “ဒီစာကို တွေ့ရှိပါက အိုးထရက်ဖို့ဒ်ကွင်းဆီ ပြန်ပို့ပေးပါ”ဆိုတဲ့ စာရွှက်တစ်ရွှက်ကို အဲ့ဒီစာရွှက်မှာပါ ခွေးမစင်တွေကို မြင်တွေ့ခဲ့ရတယ်လို့ ပြောဆိုလာခဲ့ပါတယ်။ အဲ့ဒီလို ရွှံရှာဖွယ်ကောင်းတဲ့ လှောင်ပြောင်မှုကို ပြုလုပ်ခဲ့တဲ့ နေရာဟာ မန်စီးတီးအသင်း ပရိသတ်တွေ အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ အယ်တီဟတ်ကွင်းဆီကို သွားရာမှာ အသုံးပြုရာ လမ်းကြောင်းတစ်ခုဖြစ်လို့ ဒီလို လုပ်ဆောင်ခဲ့ခြင်းဟာ မန်စီးတီးပရိသတ်တွေရဲ့ လက်ချက်လို့ နာတာလီက အခိုင်အမာ ယုံကြည်လို့နေပါတယ်။

Natalie, 25, said she believes Man City supporters on their way to yesterday's game could be responsible

Photo Credit : The Sun

ဒီလို စော်ကားလှောင်ပြောင်မှုနဲ့ ပတ်သက်ပြီး နာတာလီက “ကျွန်မ ဒါကို ဟာသတစ်ခုအဖြစ် လုပ်ဆောင်တယ်လို့တောင် မထင်မိဘူး။ ဒါက အရမ်းဆိုးရွှားတယ်။ ဘာကြောင့်မို့ ဒီလောက်ထိ လုပ်ဆောင်ရတာလဲ။ သူတို့ရော ဒါကို ရယ်စရာတစ်ခုလို့ရော ထင်နေကြသလား။ နောက်ပြီး သူတို့ဆီမှာ ဘာကြောင့် မှတ်စုစာရွှက်နဲ့ ဘောပင်တစ်ချောင်း အဆင့်သင့် ရှိနေရတာလဲ။ ဒီအတိုင်းပဲ တွေ့ခဲ့လို့လား။ ခွေးချေးတွေကရော အဲ့ဒီနေရာမှာ ဒီအတိုင်း ရှိနေတာလား။ သူတို့ကိုယ်တိုင် သယ်လာကြတာလား။ ကျွန်မကတော့ စိတ်ရှုပ်ထွေးနေရပါပြီ။ ဒါက ဘယ်အသင်းကိုပဲ ရည်ညွှန်းပါစေ ရယ်စရာလို့တော့ မထင်မိဘူး။ ဒါက စက်ဆုပ်စရာကောင်းပါတယ်။ နောက်ပြီး ဒီနေရာဟာ လူအသွားအလာများနေတဲ့ နေရာဖြစ်လို့ မြင်လို့ရှုလို့လည်း မကောင်းပါဘူး။ ” လို့ ညည်းတွားပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့မှာပဲ ဘရိုက်တန်အသင်းကို (၄)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ရလို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လုံးဝကို လွဲချော်သွားခဲ့ရပြီဖြစ်ပြီး အဆင့်(၆)နေရာနဲ့ ရာသီသိမ်းသွားနိုင်ဖို့တောင် နောက်ဆုံးပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ယူဖို့ လိုအပ်ပြီး တကယ်လို့ ပဲလေ့စ်ကိုပါ ထပ်ရှုံးနိမ့်ပြီး အဆင့်(၇)နေရာက ဝက်စ်ဟမ်းက လက်ကျန်(၂)ပွဲမှာ (၄)မှတ်လောက် ရသွားခဲ့မယ်ဆိုရင် ယူနိုက်တက် ယူရိုပါလိဂ်နေရာနဲ့ပါ ထပ်မံလွဲချော်ရဦးမှာ ဖြစ်ပါတယ်။