အတ္တလန်တာအသင်းရဲ့ တိုက်စစ်မှူးတစ်ဦး ဖြစ်တဲ့ အီလီဆစ်ဟာ ယနေ့မနက်မှာ ကစားခဲ့တဲ့ ဗလင်စီယာအသင်းနဲ့ အတ္တလန်တာအသင်းတို့ရဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်မှာ အသင်းအတွက် တစ်ဦးတည်း လေးဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဂုဏ်ယူစရာကောင်းတဲ့ စံချိန်ကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ အသက် ၃၄နှစ်အရွယ် အီလီဆစ်ဟာ ဗလင်စီယာအသင်းနဲ့ပွဲစဉ်မှာ တစ်ဦးတည်း လေးဂိုးသွင်းယူခဲ့အပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တစ်ပွဲတည်း လေးဂိုးသွင်းနိုင်ခဲ့တဲ့ အသက်အကြီးဆု​ံး ကစားသမားဆိုတဲ့ စံချိန်ကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Daily Mail.com

စပိန်မြေမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ အတ္တလန်တာအသင်းဟာ ပထမအကျော့မှာ ဂိုးပြတ် နိုင်ပွဲတစ်ပွဲ ရရှိထားပေမယ့် ထင်သလောက် လွယ်ကူခဲ့ခြင်းမရှိပဲ ဗလင်စီယာအသင်းရဲ့ မာကျောတဲ့ ကစားပုံကြောင့် ခက်ခက်ခဲခဲ ကစားခဲ့ရပြီး အီလီဆစ်ရဲ့ သွင်းဂိုး၄ဂိုးကြောင့် သာ သုံးဂိုး လေးဂိုးဆိုတဲ့ ရလဒ်နဲ့ ဗလင်စီယာ အသင်းကို အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာပါ။ အတ္တလန်တာ အသင်းအတွက် ဂိုးတွေကိုတော့ ပွဲချိန် ၃ ၊ ၄၃ ၊ ၇၁ ၊ ၈၂ မိနစ်တွေမှာ အီလီဆစ်တစ်ဦးတည်းက သွင်းယူပေးခဲ့တာဖြစ်ပြီး ဗလင်စီယာအသင်း အတွက် ဂိုးတွေကိုတော့ ပွဲချိန် ၂၁မိနစ်နဲ့ ၅၇ မိနစ်တွေမှာ ဂါမဲရိုးနဲ့ ပွဲချိန် ၆၇မိနစ်မှာ အိုလီဗာ တောရက်စ်က သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Daily Mail.com

ဗလင်စီယာအသင်းဘက်ကို လေးဂိုးသွင်းယူခဲ့ချိန်မှာ အီလီဆစ်ရဲ့ အသက်ဟာ ၃၂နှစ်နဲ့ ၄၁ ရက် ရှိနေပြီဖြစ်ပြီး သူ့မတိုင်ခင်မှာ ချန်ပီယံလိဂ် ရဲ့ တစ်ပွဲတည်းမှာ လေးဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမားဟာ အီဘရာဟီမိုဗစ်ဖြစ်ကာ မိုဗစ်က အသက် ၃၂နှစ်နဲ့ ၂၀ရက်မှာ အဆိုပါစံချိန်ကို ရရှိထားတာဖြစ်တာကြောင့် အီလီဆစ်က မိုဗစ်ရဲ့ စံချိန်ကို ချိုးဖြတ်နိုင်ခဲ့တာပါ။ တစ်ပွဲတည်းမှာ သွင်းဂိုး လေးဂိုးသွင်းယူနိုင်ခဲ့တာနဲ့ ပတ်သတ် ပြီး အီလီဆစ်က သူဟာ အသက်အရွယ်အလိုက် ပိုမိုတိုးတက်လာခဲ့တယ်လို့ ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။ အီလီဆစ်က ” ကျွန်တော်ဟာ အသက်အရွယ်နဲ့ လိုက်ပြီး တိုးတက်လာတဲ့သူပါ။ အခုဆိုရင် ကျွန်တော်က အတော်လေးကို ပျော်ရွှင်နေပြီး တိုးတက်မှုတွေ ရရှိနေအောင် ကြိုးစားနေပါတယ် ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။