မန်ယူအသင်းမှာ အငှားစာချုပ်နဲ့ လာရောက် ကစားနေတဲ့ အီဟာလိုဟာ မန်ယူအသင်းနဲ့ အငှား စာချုပ် ကုန်ဆုံးသွားပြီ ဆိုရင် တရုတ်စူပါလိဂ် ပြန်မစခင် တရုတ်အခြေစိုက် ရှန်ဟိုင်းအသင်းကို ပြန်သွားဖွယ် ရှိတယ်လို့ Menchester Evenings သတင်းက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။ တိုက်စစ်မှူး အီဟာလိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက်ရဲ့ နောက်ဆုံးနေ့မှာ တရုတ်ကလပ် ရှန်ဟိုင်းအသင်းကနေ မန်ယူအသင်းကို အငှားနဲ့ လာရောက်ကစားခဲ့တာ ဖြစ်ပြီး မန်ယူအသင်းအတွက် ကာလတိုသာ ကစားခဲ့ရတာ ဖြစ်ပေမယ့် ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။

Photo Credit: MEN

တိုက်စစ်မှူး အီဟာလိုဟာ မန်ယူအသင်းကို အငှားနဲ့ လာရောက် ကစားခဲ့စဉ်ကတည်းက မန်ယူအသင်းအတွက် ပရီးမီးယားလိဂ် ပွဲစဉ် (၄) ပွဲ ကစားခဲ့ပြီး မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၈) ပွဲ ကစားထားရာမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၄) ဂိုးအထိတောင်မှ သွင်းယူထားခဲ့တာ ဖြစ်ပါတယ်။ Manchester Evenings သတင်းက မန်ယူအသင်းဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ခြေစွမ်း ထက်မြက်နေခဲ့တဲ့ တိုက်စစ်မှူး အီဟာလိုကို စာချုပ် ထပ်တိုးသွားဖွယ် မရှိဘူးလို့ ဖော်ပြသွားပြီး တိုက်စစ်မှူး အီဟာလိုဟာ မိခင်ကလပ် ရှန်ဟိုင်းအသင်းကို ပြန်သွားကစားရဖွယ် ရှိနေပါတယ်။

Photo Credit: MEN

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ မတ်လ (၁၂) ရက်နေ့က LASK အသင်းကို (၅-ဝ) ရလဒ်နဲ့ အနိုင်ရ ဂိုးမိုးရွာခဲ့တဲ့ ပွဲစဉ် နောက်ပိုင်း ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် တစ်ပွဲမှ ကစားရတော့တာ ဖြစ်ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲ၊ ယူရိုပါလိဂ် ပြိုင်ပွဲ နဲ့ အက်ဖ်အေဖလား ပြိုင်ပွဲမှာ ပါဝင်ကစားနေဆဲ ဖြစ်ပါတယ်။ အီဟာလိုဟာ မန်ယူအသင်းမှာ ဆက်လက် ကစားချင်တယ် ဆိုရင်တောင်မှ တရုတ် အခြေစိုက် ရှန်ဟိုင်းအသင်းက တရုတ်စူပါလိဂ် ပြန်မစခင် တိုက်စစ်မှူး အီဟာလိုကို ပြန်ခေါ်ဖွယ် ရှိနေပြီး တရုတ်စူပါလိဂ် ပြိုင်ပွဲကို လာမယ့် ဇွန်လကုန်၊ ဒါမှမဟုတ် ဇူလိုင်လအစမှာ ပြန်စနိုင်ပါတယ်။ Manchester Evenings သတင်းကတော့ ရှင်ဟိုင်းအသင်းဟာ လာမယ့် ဇွန်လကုန်မှာ တရုတ်စူပါလိဂ် ပြိုင်ပွဲ ပြန်မစခင် တိုက်စစ်မှူး အီဟာလိုကို ပြန်ခေါ်မှာ ဖြစ်တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။