မန်ယူအသင်းရဲ့ တိုက်စစ်မှူးသစ် အင်ဟာလိုက အပြောင်းအရွှေ့ ပိတ်ရက် နောက်ဆုံးရက်မှာ တရုတ်ကလပ် ရှန်ဟိုင်း ရှင်ဟွာအသင်းကနေ မန်ယူအသင်းကို လစာအဖြတ်ခံပြီး ပြောင်းလာခဲ့တာပါလို့ ပြန်ပြောပြသွားခဲ့ပါတယ်။ အင်ဟာလိုဟာ ရှန်ဟိုင်း ရှင်ဟွာအသင်းကနေ မန်ယူ အသင်းကို လက်ရှိရာသီကုန်အထိ ကာလတို အငှား စာချုပ်နဲ့ ပြောင်းရွှေ့လာပြီး မန်ယူ နည်းပြ ဆိုးလ်ရှား ခေါ်ယူနိုင်ခဲ့တဲ့ (၅) ယောက်မြောက် ကစားသမားသစ် တစ်ဦး ဖြစ်သွားခဲ့ပါတယ်။

Photo Credit: Goal

မန်ယူ နည်းပြ ဆိုးလ်ရှားဟာ နောက်ကျော ဒဏ်ရာကြောင့် ဧပြီလအထိ အနားယူရမှာ ဖြစ်တဲ့ တိုက်စစ်မှူး ရှက်ချ်ဖို့ဒ်ရဲ့ နေရာမှာ ကာလတို အစားထိုးဖို့အတွက် တိုက်စစ်မှူး အင်ဟာလိုကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အင်ဟာလိုဟာ မန်ယူအသင်းကို ဒဏ်ရာနဲ့ ရောက်လာခဲ့တာကြောင့် (၁) လကြာ အနားယူရဖွယ် ရှိပြီး သူက မန်ယူအသင်းကို ပြောင်းချင်လွန်းတဲ့ အတွက်ကြောင့် သူ့ရဲ့ လစာကို အဖြတ်ခံပြီး မန်ယူအသင်းကို ပြောင်းလာခဲ့တာပါလို့ ပြန်လည် ရှင်းပြခဲ့ပါတယ်။

Photo Credit: Goal

အင်ဟာလိုက “ည (၁၁) အချိန်က စပြီး စာရွှက်စာတမ်းတွေ လုပ်ခဲ့ကြတယ်။ ညှိနှိုင်းခဲ့ကြတယ်။ အငှား စာချုပ်တွေ လုပ်ခဲ့ကြတယ်။ ကျွန်တော်တို့ စကားပြောခဲ့ကြတယ်။ အခြားအသင်းတွေက ကျွန်တော့်ကို လိုချင်တယ်လို့ ပြောခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော်က အေးဂျင့်ကို မန်ယူအသင်းက ကျွန်တော် လိုချင်တာပါလို့ ပြောတော့ မန်ယူအသင်းကို သွားရင် လစာ အဖြတ်ခံရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော် ဂရုမစိုက်ပါဘူးလို့ ပြောခဲ့ပါတယ်”လို့ ပြန်လည် ပြောပြခဲ့ပါတယ်။