မန်ယူအသင်းရဲ့ တိုက်စစ်မှူး အီဂါလိုကတော့ မနက်ဖြန်ည ချဲလ်ဆီးအသင်းနဲ့ ကစားရမယ့် အက်ဖ်အေ ဖလား ဆီးမီး ဖိုင်နယ် ပွဲစဉ် မတိုင်ခင်မှာ ချဲလ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ ကောင်းမွန်စွာ ကစားသွားမှာ ဖြစ်ပြီး အက်ဖ်အေ ဖလား ဗိုလ်လုပွဲစဉ်ကို တက်လှမ်းချင်တယ်လို့ ပြောခဲ့ပါတယ်။ အီဂါလိုဟာ (၂၀၁၆) ခုနှစ်က ဝက်ဖို့ဒ်အသင်းမှာ ကစားခဲ့စဉ်က အက်ဖ်အေ ဖလား ဆီမီး ဖိုင်နယ် ပွဲစဉ်မှာ ခရစ်စတယ် ပဲလေ့စ်အသင်းကို ရှုံးခဲ့တာကြောင့် ဗိုလ်လုပွဲစဉ်ကို တက်လှမ်းဖို့ လက်လွတ်ခဲ့ရပြီး ချဲလ်ဆီအသင်းနဲ့ ပွဲစဉ်မှာ (၂၀၁၆) ခုနှစ်ကလို ပြန်မဖြစ်ချင်တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ လက်ရှိရာသီမှာ ချဲလ်ဆီးအသင်းကို ပွဲစဉ် (၃) ပွဲအထိ အနိုင်ကစားထားပြီး လက်ရှိအချိန်မှာလည်း ပုံစံကောင်းကို ဆက်လက် ပြသထားတဲ့ အတွက်ကြောင့် နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၉) ပွဲဆက် ရှုံးပွဲ မရှိသေးလျက် ဖြစ်ပါတယ်။ တိုက်စစ်မှူး အီဂါလိုဟာ အက်ဖ်အေ ဖလား ကွာတား ဖိုင်နယ် ပွဲစဉ်မှာ နောဝှစ်ချ်အသင်းကို (၂-၁) ရလဒ်နဲ့ အနိုင်ရရှိခဲ့စဉ်က သွင်းဂိုး သွင်းယူခဲ့တာ ဖြစ်ပြီး မနက်ဖြန်၊ တနင်္ဂနွေည၊ ချဲလ်ဆီးအသင်းနဲ့ ကစားမယ့် ပွဲစဉ် မတိုင်ခင်မှာ အက်ဖ်အေ ဖလား ဗိုလ်လုပွဲကို တက်လှမ်းချင်တယ်လို့ ပြောသွားပါတယ်။

Photo Credit: Goal

အသင်းရဲ့ ဝက်ဆိုဒ်မှာ အီဂါလိုက “ဘယ်သူမဆို အသင်းကြီး ဖြစ်တဲ့ ချဲလ်ဆီးလို အသင်းမျိုးနဲ့ ကစားချင်ကြပါတယ်။ သူတို့နဲ့ ပွဲစဉ်မှာ ကောင်းစွာ ကစားပါမယ်။ ကျွန်တော်တို့တွေ အားလုံးက ဝင်ဘာလေကွင်းမှာ ကစားသွားကြမှာပါ။ တကယ်လို့ ကျွန်တော်တို့က အနိုင်ရရှိမယ် ဆိုရင်တော့ ဗိုလ်လုပွဲစဉ်ကို တက်လှမ်းသွားမယ် ဆိုတာ သိကြမှာပါ။ ဒါက ကျွန်တော်တို့ကို ပိုပြီး ကြိုးစားစေချင်ပြီး ဒီပွဲစဉ်ကို အနိုင်ရရှိဖို့ ဘာမဆို ပေးဆပ်ကစားသွားပါမယ်။ ဗိုလ်လုပွဲစဉ်ကို တက်လှမ်းနိုင်မယ် ဆိုရင် ကျွန်တော်ရဲ့ ဘဝမှာ ကျွန်တော့်အတွက် ကြီးမြတ်ပါလိမ့်မယ်။ ကျွန်တော် (၂၀၁၆) ခုနှစ်မှာ လက်လွတ်ခဲ့ရပြီး အခု ကျွန်တော် ဘဝတစ်ခုလုံးနဲ့ အားပေးတဲ့ အသင်းနဲ့ ဗိုလ်လုပွဲစဉ်ကို တက်လှမ်းနိုင်တဲ့ အခွင့်အရေး ရှိနေပါတယ်”လို့ အခိုင်အမာ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။