ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ တရုတ် ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းကနေ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက် အသင်းထံ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အီဂါလိုဟာ အသင်းသစ်ရဲ့ လေ့ကျင့်ရေးကွင်းဆီကို ပထမဦးဆုံးအကြိမ် ဝင်ရောက်ခွင့်ရရှိခဲ့ကြောင်း သိရပါတယ်။

Photo Credit: Talksport.com

တရုတ်ပြည်မှာ ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ပြဿနာကြောင့် အီဂါလိုဟာ ယူနိုက်တက်ဆီကို ပြောင်းရွှေ့လာခဲ့ပေမယ့် အသင်းနဲ့အတူတကွ လေ့ကျင့်ခွင့်မရခဲ့ပဲ တစ်ဦးတည်း လေ့ကျင့်ခန်းတွေကိုသာ ပြုလုပ်ခဲ့ရသူပါ။ လက်ရှိမှာတော့ အီဂါလိုဟာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့် ကာလဖြစ်တဲ့ နှစ်ပတ်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်တာကြောင့် ကာရင်တန် လေ့ကျင့်ရေးကွင်းဆီကို ဝင်ရောက်ခွင့် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Talksport.com

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ ဖြစ်သူ ဆိုးလ်ရှားကတော့ ကစားသမားသစ် အီဂါလိုကို ယနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် ချယ်လ်ဆီးအသင်းနဲ့ပွဲစဉ်မှာ ဝင်ရောက် ကစားဖို့ စီစဉ်နေကြောင်း သိရပေမယ့် ကစားခွင့်ရဖို့ အတွက် ခွင့်ပြုချက်တစ်ခုကို စောင့်ဆိုင်းရဖွယ် ရှိတယ်လို့ မန်ချက်စတာအခြေစိုက် သတင်းတွေက ဖော်ပြထားခဲ့ကြပါတယ်။

Photo Credit: Talksport.com

အီဂါလိုတစ်ယောက် ချယ်လ်ဆီးအသင်းနဲ့ ပွဲမှာ ဝင်ရောက်ကစားခွင့်ရရှိမလားဆိုတာကိုတော့ ယနေ့ည ၂နာရီ ၃၀မိနစ်အချိန်မှာ ကြည့်ရှုသွားရမှာလည်း ဖြစ်ပါတယ်။ အီဂါလိုအနေနဲ့ ချယ်လ်ဆီးနဲ့ပွဲမှာ ဝင်ရောက်ကစားခွင့် ရရှိမယ် လို့ ထင်ကြလားဗျ….။