လာမယ့် အောက်တိုဘာလထဲမှာ ချီးမြှင့်သွားမယ့် ၂၀၂၃ ဘာလွန်းဒေါဆုကို GOAT ကြီး လီယွန်နယ် မက်ဆီကပဲ ထပ်ပြီး ဆွတ်ခူးသွားနိုင်လိမ့်မယ်လို့ နော်ဝေ လက်ရွေးစင်အသင်း နည်းပြဖြစ်သူ ဆိုလ်ဘတ်ကန်က မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

၂၀၂၃ ဘာလွန်းဒေါဆုအတွက် ၂၀၂၂ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအသင်းနဲ့ ချန်ပီယံဖြစ်ထားတဲအ မက်ဆီ နဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီက မန်စီးတီးအသင်းနဲ့ Treble Champions ဖြစ်ထားတဲ့ ဟာလန်းတို့က အပြိုင်အဆိုင် ဖြစ်နေတယ် ဆိုပေမယ့်လည်း မက်ဆီကပဲ ဒီဆုကို (၈)ကြိမ်မြောက်အဖြစ် ပိုင်ဆိုင်နိုင်ဖို့က အခြေအနေ အကောင်းဆုံး ဖြစ်နေရပါတယ်။

Photo Credit : Khel Now

ဒီနှစ်ရဲ့ ဘာလွန်းဒေါဆုအတွက် မက်ဆီအပြင် နော်ဝေ တိုက်စစ်မှူး အာလင်း ဟာလန်းပါ ဆုရရှိနိုင်သူအဖြစ် ရေပန်းစားနေပေမယ့်လည်း နော်ဝေနည်းပြ ဆိုလ်ဘတ်ကန်ကတော့ သူ့အနေနဲ့ မက်ဆီကပဲ ဘာလွန်းဒေါဆုရှင် ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုလာပါတယ်။

“ဖြစ်နိုင်ခြေအရှိဆုံးက မက်ဆီ အမ်ဘာပေ နဲ့ ဟာလန်းတို့ပါပဲ။ သူတို့ထဲက တစ်ယောက်က ဒီဆုကို ရမှာပါ။ ဘာလွန်းဒေါဆုကို ဘယ်သူရနိုင်မလဲ ကျွန်တော့်ကို မေးလာခဲ့ရင်တော့ ကျွန်တော်ကတော့ မက်ဆီလို့ပဲ ရွေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့ဖလားကို ဆွတ်ခူးထားလို့ပါ။ ဒါက အမြဲတမ်း သက်ရောက်မှု ရှိနေပါတယ်” လို့ ဆိုလ်ဘတ်ကန်က ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Youtube

မကြာသေးခင်က ဘာလွန်းဒေါဆုအတွက် ဆန်ခါတင် ကစားသမား အယောက် (၃၀)စာရင်းကို ထုတ်ပြန်လာခဲ့ရာမှာ အနှစ်(၂၀)အထိ ဆန်ခါတင် (၃၀)စာရင်းထဲ ပါဝင်နိုင်ခဲ့သူ ခရစ္စတီယာနို ရော်နယ်လ်ဒိုအပြင် ရပ်ရှ်ဖို့ဒ် နဲ့ လီယာအိုတို့လို ကစားသမားကောင်းတွေလည်း မပါဝင်လာပဲ ချန်လှပ်ခံခဲ့ရပါတယ်။

ပမာဏ အယောက် (၃၀)စာရင်းမှာတော့ အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလား ရရှိထားတဲ့ မက်ဆီကပဲ ဘာလွန်းဒေါဆုကို (၈)ကြိမ်မြောက်အထိ ဆွတ်ခူးနိုင်ဖို့ အခြေအနေ .အကောင်းဆုံး ဖြစ်နေရပါတယ်။