လီဗာပူးလ်အသင်းရဲ့ ဘယ်နောက်ခံကစားသမား အန်ဒီရောဘတ်ဆန်က မနက်ဖြန်ည အန်ဖီးလ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ရင်ဆိုင်တွေ့ဆုံရမယ့် ပြိုင်ဘက်တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ပတ်သက်ပြီး သူရဲ့အသင်းဖော်တွေကို သတိပေးစကား ပြောဆိုခဲ့သလို သူတို့အသင်းအနေနဲ့ကလည်း ပြိုင်ဘက်အသင်းဘက်ကို ဒုက္ခကောင်းကောင်း ပြန်ပေးနိုင်တဲ့နေရာတွေကနေ အခက်တွေ့အောင် ကစားသွားမယ်လို့ပါ ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။

Liverpool Beats Villarreal to Reach Final: UEFA Champions League Live - The  New York Times

Photo Credit : The New York Times

ရောဘတ်ဆန်ရဲ့ လီဗာပူးလ်အသင်းဟာ လက်ရှိမှာတော့ အခြားသော ကလပ်အသင်းတွေအတွက် စိတ်ကူးအိမ်မက်အဖြစ် မက်ဖို့တောင် မလွယ်လှတဲ့ ဆုဖလား(၄)လုံး လမ်းကြောင်းပေါ်ကို အသေအချာလေး တတ်လှမ်းထားနိုင်ခဲ့ပြီး ချန်ပီယံလိဂ်နဲ့ အက်အေဖလားတို့ဘက်မှာ ဖိုင်နယ်တွေ ရောက်ရှိထားသလို ပရီးမီးယားလိဂ်မှာလည်း မန်စီးတီးရဲ့နောက် (၁)မှတ်အကွာလေးနဲ့ ထပ်ချပ်မခွာ လိုက်လံဖိအားပေးနေပါတယ်။ ဒါပေမယ့် ဒီတစ်ပတ်မှာတော့ top 4 နေရာအတွက် ရလဒ်တွေ form တွေ တောက်လျှောက်ကောင်းမွန်နေတဲ့ စပါးအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ လီဗာပူးလ်အတွက် အမှားမခံစတမ်း ယှဉ်ပြိုင်ရတော့မှာ ဖြစ်သလို အနိုင်ရလဒ် မဟုတ်ပဲ သရေ ဒါမှမဟုတ် အရှုံးသာ ဖြစ်ခဲ့မယ်ဆိုရင် လီဗာပူူးလ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေက ပန်းဝင်ခါနီးမှ မှေးျမှိန်သွားမှာ ဖြစ်ပါတယ်။

Robertson urges his side to push on.

Photo Credit : Sportskeeda

စပါးအသင်းနဲ့ပတ်သက်ပြီး ရောဘတ်ဆန်က “သူတို့ အရင်ကထက် အခုလက်ရှိမှာ ပိုကောင်းမွန်တဲ့ အခိုက်အတန့်တစ်ခုကို ရောက်ရှိနေပြီလို့ ကျွန်တော် ထင်မိပါတယ်။ ဇန်နဝါရီ အပြောင်းအရွှေ့စျေးကွက်မှာလည်း ကောင်းမွန်တဲ့ ခေါ်ယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလို ခေါ်ယူမှုတွေကပဲ သူတို့အတွက် ကြီးမားတဲ့ အပြောင်းအလဲကြီးတစ်ခုကို ဖြစ်သွားစေခဲ့တယ်။ ဒါကြောင့် အခု သူတို့က top 4 နေရာအတွက်ပါ ပြိုင်ဆိုင်နိုင်လာခဲ့တာ ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ အကောင်းဆုံး ကစားသမားတွေဟာ အခုဆိုရင် ထိပ်တန်းအဆင့် ပုံစံမျိုးနဲ့ ကစားနေကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ ခြိမ်းခြောက်မှုတွေကို သတိထားဖို့ လိုပါမယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်ကနေ သူတို့အတွက် ဒုက္ခပြန်ပေးနိုင်တဲ့ နေရာတွေကနေ သူတို့ အပြစ်ကောင်းကောင်း ပြန်ပေးနိုင်တယ်ဆိုတာကိုလည်း ယုံကြည်ထားရမယ်။ ဒါက ကျွန်တော်တို့ လုပ်ရမှာ။ အကောင်းဆုံးဖြစ်အောင် လုပ်ရမှာ။ ကျွန်တော်တို့ စံနှုန်းအောက်ကို ကျလို့မဖြစ်ပါဘူး။ အဲ့ဒီအတိုင်းသာ လုပ်နိုင်မယ်ဆိုရင် ဘယ်ဘောလုံးပွဲတိုင်းမဆို အနိုင်ရမယ်လို့ ယုံကြည်ပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။