အသင်းရဲ့အဓိကကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာ ဒဏ်ရာပြသာနာကြောင့် ရက်ပိုင်းများစွာ အနားယူနေရခဲ့ရလို့ ဆောင်းရာသီစျေးကွက်အတွင်းမှာပဲ စပို့တင်းလစ္စဘွန်းအသင်းရဲ့ ပေါ်တူဂီကွင်းလယ်ကစားသမားလေး ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူခဲ့လိုက်ရပြီး အခုဆိုရင် ဒီကစားသမားကလည်း အသင်းမှာ ချက်ချင်းအထိုင်ကျနိုင်ခဲ့ကာ ခြေစွမ်းပြကစားပေးနိုင်ခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး၃ဂိုးအထိတောင် သွင်းယူပေးထားနိုင်ခဲ့လို့ သူ့ကိုသာ ရာသီအစကတည်းက ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ယူနိုက်တက်တို့ ပိုလို့တောင် အခြေအနေကောင်းနိုင်တယ်လို့ ရော်ဘီဆာဗေ့က မှတ်ချက်ပြုသွားခဲ့ပါတယ်။

Photo Credit : Getty Image

ဘရူနိုဖာနန်ဒက်စ်ရဲ့ခြေစွမ်းတွေနဲ့ပတ်သက်ပြီး ဝေးလ်စ်လက်ရွေးစင်ဟောင်း ကစားသမားသမားကြီးဖြစ်တဲ့ ရော်ဘီဆာဗေ့က “ဖာနန်ဒက်စ်က ယူနိုက်တက်အတွက် ပိတ်ထားတဲ့ တံခါးတွေမှန်သမျှကို တွန်းဖွင့်ပေးနိုင်မယ့်သူပါ။ ဒါက ကျွန်တော့်အတွက်တော့ ကွာခြားချက်တစ်ခုလို မြင်မိတယ်။ တကယ်လို့ ယူနိုက်တက်သာ ဖာနန်ဒက်စ်ကို ရာသီအစပိုင်းကတည်းကသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ ယူနိုက်တက်က အဆင့်(၄)အတွင်းကို သေချာပေါက်ရောက်ရှိနေမယ်လို့ကို ကျွန်တော်ထင်မိတယ်။ ယူနိုက်တက်မှာက ပေါစခိုးရဲ့နေရာ မိုက်ကယ်ကားရစ်ရဲ့နေရာတွေအတွက် အစားထိုးနိုင်မယ့်သူကို ခက်ခက်ခဲခဲနဲ့ ရှာဖွေခဲ့ရတာပါ”

Photo Credit : Getty Image

“အခု အသင်းကို ရောက်ရှိလာခဲ့တဲ့ ဖာနန်ဒက်စ်ကတော့ အားလုံးမျှော်လင့်ထားသလို ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ ပေါ့ဘာသာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီး အသင်းအတွက် ပြန်ကစားနိုင်တော့မယ်ဆိုရင်တော့ အကျိုးရှိမှာပါ။ သူ့ကို ကျွန်တော်တို့တွေက ဂျုဗင်တပ်စ်အသင်းမှာ ထူးခြားတဲ့ကစားသမားတစ်ယောက်အဖြစ်နဲ့ မြင်ခဲ့ကြတာမလား။ ဘရူနိုဖာနန်ဒက်စ်အနေနဲ့ကလည်း လာမယ့်အချိန်တိုအတွင်းမှာ ပေါ့ဘာလိုပဲ အဆင့်တစ်ခုကို ရောက်လာမှာပါ။ ပေါ့ဘာကလည်း ဒဏ်ရာကနေ သက်သာပျောက်ကင်းမလာမယ်ဆိုရင် သူ့ကို ထူးခြားကောင်းမွန်တဲ့ ကစားသမားတစ်ယောက်အဖြစ် ပြန်လည်မြင်တွေ့ရမှာပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ခြေချင်းဝတ်ဒဏ်ရာကနေ ပြန်လည်သက်သာနေပြီဖြစ်တဲ့ ပေါ့ဘာဟာ လာမယ့်မန်ချက်စတာဒါဘီမှာ အရန်လူစာရင်းထဲ ပါဝင်လာနိုင်သလို LASK နဲ့ ကစားရမယ့် ယူရိုပါလိဂ်(၁၆)သင်းအဆင့်ပွဲမှာလည်း ပွဲထွက်ပါဝင်ကစားဖွယ်ရှိနေပါတယ်။