လီဗာပူးလ်အသင်းဟာ လာမယ့်နွေမှာ အသင်းရဲ့ ပစ်မှတ် ဘယ်လင်ဟမ်ကို မခေါ်ယူနိုင်ခဲ့ဘူးဆိုရင် နောက်ထပ် ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ လာဇီယို ကွင်းလယ်ကစားသမား မီလင်ကိုဗစ်ဆာဗစ်ကို ခေါ်ယူဖို ကြိုးပမ်းလာနိုင်တယ်လို သိရှိရပါတယ်။
Photo Credit : Forbes
အဂ်လန်နဲ့ ဒေါ့မွန်အသင်းတိုရဲ့ ကြယ်ပွင့် ကစားသမားလေး ဘယ်လင်ဟမ်ဟာ လာမယ့်နွေမှာ အသင်းအပြောင်းအလဲ လုပ်ဆောင်ဖွယ် ရှိနေပြီး သူ့ကိုလည်း ရီးယဲလ်မက်ဒရစ် မန်စီးတီးနဲ့ လီဗာပူးလ်တိုက အပြိုင် စိတ်ဝင်စားနေကြပါတယ်။ လာမယ့်ရာသီမှာ ကွင်းလယ်ပိုင်းကို မဖြစ်မနေ ဖြည့်တင်းရဖို ရှိနေတဲ့ လီဗာပူးလ်အသင်းက ဘယ်လင်ဟမ်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပေမယ့် ရီးယဲလ် မန်စီးတီးအသင်းတွေနဲ့အပြိုင် မကမ်းလှမ်းနိုင်ခဲ့ရင်တော့ နောက်ထပ် option တစ်ခုအနေနဲ့ မီလင်ကိုဗစ်ကို ပစ်မှတ်ထားနေပါတယ်။
Photo Credit : Football365
ဆာဘီးယား လက်ရွေးစင် ကွင်းလယ်လူ မီလင်ကိုဗစ်ဟာ လာဇီယိုအသင်းမှာ (၈)နှစ်ကြာ ပါဝင်ကစားခဲ့တဲ့ စီးရီးအေ အတွေ့အကြုံရင့် quality ကစားသမားတစ်ဦးဖြစ်ပြီး စျေးကွက်တိုင်းလိုလိုမှာလည်း ဥရောပ ကလပ်အသင်းကြီးတွေနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်တတ်သူလည်း ဖြစ်ပါတယ်။ မီလင်ကိုဗစ်က လာမယ့် ၂၀၂၄မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို လာဇီယိုအနေနဲ့ မီလင်ကိုဗစ်လို ကစားသမားမျိုးကို free transfer နဲ့ မဆုံးရှုးရဖို လာမယ့်နွေမှာပဲ ရောင်းထုတ်ဖွယ် ရှိနေပါတယ်။
Photo Credit : Football365
လာဇီယိုအသင်းက သူတို ကစားသမားအတွက် ပြောင်းရွှေ့ကြေးအဖြစ် ယူရို သန်း(၄၀)နဲ့ သန်း(၅၀)လောက်အထိ အလိုရှိနေပြီး မီလင်ကိုဗစ်ကိုလည်း အာဆင်နယ်အသင်းကပါ ပစ်မှတ်ထားလျက် ရှိနေပါတယ်။ အာဆင်နယ်ဟာလည်း လာမယ့်နွေမှာ ကွင်းလယ်ပိုင်းကို အားဖြည့်သွားဖွယ် ရှိနေပြီး ဒီကလန်ရိုက်စ်ကို ခေါ်ယူချင်နေတာ ဖြစ်ပေမယ့် ရိုက်စ်ကို မရခဲ့ရင် မီလင်ကိုဗစ်ကို ကြိုးစားလာနိုင်တာကြောင့် မီလင်ကိုဗစ်အတွက် အာဆင်နယ် နဲ့ လီဗာပူးလ်တို အပြိုင်အဆိုင် ဖြစ်လာရနိုင်ပါတယ်။