မန်စီးတီးအသင်းရဲ့ ကွင်းလယ် ခံစစ်မှူး ရိုဒရီ ဟန်နန်ဒက်စ်ကတော့ ရီးရဲလ်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ပွဲချိန် အနည်းငယ်သာ ထပ်ကစားခဲ့မယ်ဆိုရင် ရီးရဲလ်အသင်းကို ပိုပြီး ဒုက္ခပေးနိုင်ခဲ့မှာပါလို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ မနေ့ညက ကစား ခဲ့တဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ အဝေးကွင်း ပွဲစဉ်မှာ ရီးရဲလ်အသင်းကို ရှုံးနိမ့်ခဲ့တာကနေ နောက်က လိုက်ကစားပြီး (၁-၂) ရလဒ်နဲ့ အနိုင် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Marca

ကွင်းလယ်လူ ရိုဒရီဟာ လက်ရှိရာသီမှာ ချန်ပီယံလိဂ် ပွဲစဉ် (၆) ပွဲ နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၂၅) ပွဲ ကစားထားပြီး ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ် ဇူလိုင်လ (၃) ရက်နေ့က အက်သလက်တီကို အသင်းကနေ ရောက်လာခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ရီးရဲလ်အသင်းကို (၁-၂) ရလဒ်နဲ့ အနိုင်ရပြီး နောက်တစ်ဆင့် တက်သွားဖို့ အခွင့်အရေး ပို များသွားခဲ့တာကြောင့် ကွင်းလယ် ကစားသမား ရိုဒရီက နောက်က လိုက်ပြီး အနိုင်ရတာကြောင့် ပျော်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Marca

ရိုဒရီ ဖာနန်ဒက်စ်က “ကျွန်တေ်ာတို့အနေနဲ့ အလွန် ခက်ခဲတဲ့ ပွဲစဉ်မှာ ပြန်လာနိုင်တာကြောင့် ကျွန်တော် ပျော်ရွင်မိပါတယ်။ ဒါပေမဲ့ အဲဒါတွေထက်စာရင် ကျွန်တော်တို့ ဒုတိယကျော့ ပွဲစဉ် ကစားရမှာ ဖြစ်ပြီး ကျွန်တေ်ာတို့ ရင်ဆိုင်ရမှာက ရီးရဲလ်အသင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ရီးရဲလ်အသင်းအနေနဲ့ ဘာလုပ်နိုင်လဲ ဆိုတာ သိပြိး ကျွန်တော်တို့အနေနဲ့ နောက်တစ်ဆင့်ကို တက်ဖို့ အကောင်းဆုံး ပုံစံနဲ့ ကစားဖို့ လိုပါတယ်။ ပွဲပြီးခါနီး နောက်ဆုံး (၁၀) မိနစ်မှာ ရီးရဲလ်အသင်း ကစားကွက် အနည်းငယ် ပျက်ခဲ့တယ်လို့ ထင်မိပြီး အဲဒါကို သတိထားခဲ့ပါတယ်။ တကယ်လို့ ပွဲချိန် အနည်းငယ် ထပ်ကစားခဲ့မယ် ဆိုရင် ကျွန်တော်တို့ ပိုပြီး ဒုက္ခပေးနိုင်ဦးမှာပါ။ ဒီရလဒ်က ကျွန်တော်တို့အတွက် အလွန် ကောင်းမွန်တဲ့ ရလဒ် ဖြစ်ပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။