စတုဂတ်အသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း ဖြစ်သူ ရော်ဘတ်တို ဟီလ်ဘတ်က တကယ်လို့ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာအနေနဲ့ ပေါင် သန်း (၂၀၀) တန်တယ် ဆိုရင် ဘာစီလိုနာအသင်းရဲ့ ကစားသမားဟောင်း ရော်နယ်ဒင်ဟိုကတော့ တန်ဖိုးသတ်မှတ်လို့ ရမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ် ကစားသမားဟောင်း ဟီလ်ဘတ်ဟာ စတုဂတ်အသင်းမှာ (၄) နှစ်ကြာ ကစားခဲ့စဉ်က လွန်ခဲ့တဲ့ (၂၀၀၆-၀၇) ခုနှစ်မှာ ဘွန်ဒက်စ်လီဂါ ဆုဖလားကို ရရှိခဲ့တာ ဖြစ်ပြီး ဘာစီလိုနာအသင်းနဲ့ ကစားခဲ့ကြတဲ့ ချန်ပီယံ လိဂ် ပွဲစဉ်မှာ ရော်နယ်ဒိုကို တားဆီးဖို့ ကြိုးစားခဲ့ပေမယ့်လည်း တားဆီးဖို့ မလွယ်ကူဘူးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ဘာစီလိုနာ ကွင်းလယ် ကစားသမားဟောင်း ရော်နယ်ဒင်ဟိုဟာ ဘာစီလိုနာအသင်းမှာ (၄) နှစ်ကြာ ကစားခဲ့စဉ် အခါက လာလီဂါ (၂) ကြိမ် ရရှိခဲ့တာ ဖြစ်ပြီး တိုက်စစ်မှူး နေမာကလည်း ဘာစီလိုနာအသင်းမှာ (၄) နှစ်ကြာ ကစားခဲ့စဉ်က လာလီဂါ (၂) ကြိမ် ရရှိပြီးတဲ့နောက် ပီအက်စ်ဂျီအသင်းကို ပေါင် (၁၉၈) သန်းနဲ့ ပြောင်းခဲ့ပါတယ်။ တိုက်စစ်မှူး နေမာဟာ ပီအက်စ်ဂျီအသင်းကို ပေါင် (၁၉၈) သန်းနဲ့ ပြောင်းပြီးနောက် ကမ္ဘာ့ ဈေးအကြီးဆုံး ကစားသမား ဖြစ်ခဲ့ပြီး စတုဂတ် ကစားသမားဟောင်း ဟီလ်ဘတ်ကတော့ နေမာကသာ ပေါင် သန်း (၂၀၀) တန်မယ် ဆိုရင် ရော်နယ်ဒင်ဟိုက တန်ဖိုး သတ်မှတ်လို့ မရဘူးလို့ ချေပ ပြောကြားသွားလိုက်တာ ဖြစ်ပါတယ်။

Photo Credit: Goal

ဟီလ်ဘတ်က “ကျွန်တော် ရင်ဆိုင်ခဲ့ရသမျှထဲမှာ အကောင်းဆုံးက ရော်နယ်ဒင်ဟိုပါပဲ။ ကျွန်တော့်အတွက် သူက ထာဝရ အကောင်းဆုံး ကစားသမား ဖြစ်နိုင်ပါတယ်။ သူက လျှင်မြန်တယ်။ သန်မာတယ်။ အမြဲတမ်း သူ ပျော်ရွှင်ပါတယ်။ စတုဂတ်အသင်း နဲ့ ဘာစီလိုနာအသင်း ကစားခဲ့စဉ်က ကျွန်တော်တို့ ကောင်းစွာတောင် မကစားနိုင်ခဲ့ကြပါဘူး။ ဒါပေမယ့် အဲဒီပွဲစဉ်က အတွေ့အကြုံရတဲ့ ပွဲစဉ် ဖြစ်ခဲ့တယ်။ ကျွန်တော် ရော်နယ်ဒင်ဟိုကို တားဖို့ ကြိုးစားခဲ့ပေမယ့်လည်း သူ့ကို တားဆီးဖို့ မလွယ်ပါဘူး။ သူ နဲ့ ရီဘယ်ရီက ဂျာမနီနိုင်ငံမှာ ကျွန်တော် ရင်ဆိုင်ခဲ့သမျှက အခက်ခဲဆုံးပါ။ သူတို့ နှစ်ဦးက ဘောလုံးကို ငွေကြေးအတွက် ကစားတာ မဟုတ်ဘဲ ပျော်ရွှင်ဖို့ အတွက် ကစားကြပါတယ်။ တကယ်လို့ နေမာကသာ ပေါင် သန်း (၂၀၀) တန်ရှိမယ် ဆိုရင် ရော်နယ်ဒင်ဟို နဲ့ ရော်နယ်ဒို နာဇာရီယိုက ဝယ်ယူလို့ မရတဲ့ တန်ဖိုးမှာ ရှိနေကြပါလိမ့်မယ်”လို့ ပြောကြားသွားတာ ဖြစ်ပါတယ်။