MySport Myanmar

မက်ဂွိုင်းယား လစ်သွားရင် တိုဒီဘိုကို ခေါ်ယူသွားမယ့် မန်ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းက အသင်းခေါင်းဆောင်ဟောင်း ဟယ်ရီ မက်ဂွိုင်းယားသာ အသင်းကနေ ထွက်ခွာသွားမယ်ဆိုရင် သူ့နေရာမှာ နိုက်စ် နောက်ခံလူ တိုဒီဘိုနဲ့ ပြန်လည် အစားထိုးသွားလိမ့်မယ်လို့ ရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။

နောက်ခံလူ မက်ဂွိုင်းယားကို ယူနိုက်တက်ဘက်က အလျင်စလို မရှင်းထုတ်ချင်ပေမယ့်လည်း အသင်းမှာ ပုံမှန် ကစားခွင့်တွေ ပေးတော့မှာ မဟုတ်တော့တဲ့အတွက် ဒါကို မက်ဂွိုင်းယားက လက်မခံနိုင်ပဲ အသင်းပြောင်းဖို့ စီစဥ်လာမှသာ ရောင်းချသွားဖွယ် ရှိနေပါတယ်။

Photo Credit : Twitter

တကယ်လို့ မက်ဂွိုင်းယား အသင်းနဲ့ လမ်းခွဲသွားမယ်ဆိုရင်တော့ သူ့ကို ရောင်းချလို့ရတဲ့ တန်ကြေးနဲ့ လီဂူးကလပ် နိုက်စ်အသင်းရဲ့ ပြင်သစ် နောက်ခံလူ တိုဒီဘိုကို အစားထိုး ခေါ်ယူသွားဖို့ ယူနိုက်တက်က ကစားသမားရဲ့ အေးဂျင့်တို့နဲ့ ကလပ်အသင်းထံ ဆက်သွယ် မေးမြန်းမှုတွေ လုပ်ဆောင်ထားတယ်လို့ ရိုမာနိုက ဖော်ပြထားပါတယ်။

အသက် (၂၃)နှစ်အရွယ် ပြင်သစ် ခံစစ် ကစားသမား တိုဒီဘိုဟာ တူးလူးစ်အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရင်းနဲ့ ၂၀၁၉မှာပဲ ဘာစီလိုနာအသင်းဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် တိုဒီဘိုက ဘာစီလိုနာမှာ ကစားခွင့် သိပ်မရခဲ့ပဲ ရှော်ကေး ဘင်ဖီကာတို့ဆီ အငှားသွားကစားရင်း နောက်ဆုံးမှာတော့ နိုက်စ်အသင်းဆီ အပြီးသတ် ရောက်ရှိသွားခဲ့ပါတယ်။

Photo Credit : Goal

လက်ရှိမှာ နိုက်စ်အသင်းရဲ့ အဓိက နောက်ခံလူတစ်ဦး ဖြစ်နေတဲ့ တိုဒီဘိုကို ယူနိုက်တက် ဂျုဗင်တပ်စ်တို့ အပြိုင် စိတ်ဝင်စားနေရင်း လက်ရှိမှာတော့ ဂျုဗင်ဘက်က လက်လျှော့သွားခဲ့ပြီဖြစ်လို့ မက်ဂွိုင်းယားသာ အသင်းက ထွက်မယ်ဆိုတာနဲ့ ယူနိုက်တက်က တိုဒီဘိုကို အရ ခေါ်ယူဖို့ ရှိလာနိုင်ပါတယ်။

တိုဒီဘိုနဲ့ ပတ်သက်ပြီး ရိုမာနိုရဲ့ ဖော်ပြချက်အရတော့ ယူနိုက်တက်က တိုဒီဘိုအတွက် နိုက်စ်အသင်း နဲ့ အေးဂျင့်တို့ကိုသာ ဆက်သွယ် မေးမြန်းထားသေးပြီး တရားဝင် ကမ်းလှမ်းမှုတွေ နဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေကတော့ ဘာမှ မလုပ်ဆောင်ထားသေးဘူးလို့ သိရပါတယ်။

Exit mobile version