ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့လက်ရှိချန်ပီယံ မန်စီးတီးအသင်းက မနေ့ညက ကစားသွားခဲ့တဲ့ စပါးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ရှံးပွဲကြုံတွေ့ခဲ့ရတာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်အသင်းနဲ့ ရမှတ်ကွာဟချက်က ၂၂မှတ်ထိကို ရှိသွားခဲ့ရပြီလို့ ဘယ်လိုမှ လက်လှမ်းမမှီနိုင်လောက်တဲ့ ကွာဟချက်ကြီးတစ်ခုဖြစ်သွားခဲ့ရတဲ့အပြင် လီဗာပူးလ်အနေနဲ့ နောက်ထပ်၆ပွဲဆက်တိုက်ကိုသာ အနိုင်ရခဲ့မယ်ဆိုရင်တော့ မန်စီးတီးနဲ့ မကစားရသေးခင်မှာပဲ ပရီးမီးယားလိဂ်ရဲ့ချန်ပီယံဆုကိုပါ လွဲပြောင်းရယူနိုင်တော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : Getty Images

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ရမှတ်လေး၁မှတ်နဲ့ ကပ်ကျန်ပြီး ပရီးမီးယားလိဂ်ရဲ့ ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရတဲ့ လီဗာပူးလ်အသင်းဟာ ဒီနှစ်မှာတော့ သူတို့အသင်းနဲ့ နှစ်ပေါင်း၃၀နီးပါးလောက် အလှမ်းဝေးနေရတဲ့ ပြည်တွင်းအမှတ်ပေးဖလားကို အရပြန်ယူနိုင်ဖို့အတွက် တစ်ပွဲတစ်လေမှကို အမှားမခံစတမ်း ယှဉ်ပြိုင်လာခဲ့ရာ အခုဆိုရင် ပွဲစဉ်(၂၅)အထိ ယှဉ်ပြိုင်လို့အပြီး ၂၄ပွဲကို အနိုင်ရယူခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားခဲ့ရတဲ့ပွဲကိုပဲ သရေကျခဲ့ကာ ရမှတ်ပေါင်းရ၃မှတ်နဲ့ ဒုတိယနေရာက မန်စီးတီးအသင်းကို ၂၂မှတ်အထိတောင် ပြတ်ပြတ်သားသား ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

ဒီလိုအခြေအနေတွေကြောင့် လီဗာပူးလ်အသင်းအနေနဲ့ ရှေ့လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၆)ပွဲဆက်တိုက်ကိုသာ တောက်လျှောက်အနိုင်ရခဲ့မယ်ဆိုရင်တော့ အယ်တီဟတ်မှာ ကစားရမယ့် မန်စီးတီးအသင်းနဲ့ပွဲစဉ်ကို ဒီရာသီရဲ့ပရီးမီးယားလိဂ်ချန်ပီယံဆုရှင်အဖြစ်နဲ့ လာရောက်ကစားခွင့်ရတော့မှာဖြစ်ပြီး မန်စီးတီးအသင်းကလည်း ချန်ပီယံအတွက် ဂုဏ်ပြုကြိုဆိုမှုတွေကို လုပ်ဆောင်ပေးရတော့မှာဖြစ်ပါတယ်။ လီဗာပူးလ်ရဲ့ရှေ့လာမယ့် ၆ပွဲမှာ တွေ့ဆုံရမယ့် အသင်း၆သင်းကတော့ နော်ဝစ်ချ် ဝက်ဖိုဒ့် အဲဗာတန် ဝက်စ်ဟမ်း ဘုန်းမောက်နဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတွေဖြစ်ပြီး လီဗာပူးလ်အတွက် အနိုင်ယူကျော်ဖြတ်ဖို့ မခက်ခဲတဲ့ ပြိုင်ဘက်တွေဖြစ်နေတာကြောင့် ချန်ပီယံဆုကို စောစောစီးစီး ရယူနိုင်ဖို့အတွက် အခြေအနေအရမ်းကောင်းနေပါတယ်။ ဒါ့အပြင် လီဗာပူးလ်ရဲ့ရှံးပွဲမရှိ ပွဲအရေအတွက် ၄၂ပွဲအထိ ရှိလာပြီဖြစ်တာကြောင့် အာဆင်နယ်အသင်းရဲ့ ရှံးပွဲမရှိ ပွဲအရေအတွက် ၄၉ပွဲကိုမီဖို့ ပွဲအရေအတွက် အနည်းငယ်လေးပဲ ကျန်ရှိပါတော့တယ်။