အာဆင်နယ်အသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း ဖြစ်သူ အီမန်နူရယ် မီတစ်ကတော့ အာဆင်နယ်အသင်းဟာ သာမန်အသင်း တစ်သင်း ဖြစ်လာပြီး ဖြစ်ပြီး အသင်းရဲ့ တိုက်စစ်မှူး အူဘားမိယန်းအနေနဲ့ အသင်းကနေ ထွက်သွားသင့်ပြီ ဖြစ်တယ်လို့ အကြံပေးသွားခဲ့ပါတယ်။ တိုက်စစ်မှူး အူဘားမိယန်းဟာ လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ်က ဇန်နဝါရီလ အပြောင်းအရွေ့မှာ ဒေါ့မွန်အသင်းကနေ အာဆင်နယ်အသင်းကို ပေါင် (၅၆) သန်းနဲ့ ရောက်ရှိလာပြီးတဲ့နောက် အာဆင်နယ်အသင်းရဲ့ သမိုင်းမှာ ဈေးအမြင့်ဆုံး ခေါ်ယူမှု အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

Photo Credit: Goal

အာဆင်နယ် တိုက်စစ်မှူး အူဘားမိယန်းဟာ အာဆင်နယ်အသင်းအတွက် ပထမဆုံး ပွဲစဉ် (၉၉) ပွဲမှာ သွင်းဂိုး (၆၁) ဂိုး သွင်းယူခဲ့ပြီး ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဆိုရင် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကိုလည်း အခြားကစားသမားတွေနဲ့ ပူးတွဲ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ လွန်ခဲ့တဲ့ (၂၀၁၇) ခုနှစ်နောက်ပိုင်း ဆုဖလား တစ်ကြိမ်မှ မရခဲ့တော့တာ ဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ နောက်ခံ ကစားသမားဟောင်း ပီတစ်ကတော့ တိုက်စစ်မှူး အူဘားမိယန်းအနေနဲ့ အသင်းကနေ ထွက်သွားသင့်ပြီ ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

အီမန်နူရယ် ပီတစ်က “တကယ်လို့ ကျွန်တော်ကသာ အူဘားမိယန်း ဖြစ်မယ်ဆိုရင် ကျွန်တော် အာဆင်နယ်အသင်းက ထွက်သွားပါလိမ့်မယ်။ အာဆင်နယ်အသင်းမှာ အရည်အသွေး အချို့ ရှိနေပါသေးတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာ အသင်းတစ်သင်းကို ရောက်သွားရင် ဘယ်သူမဆို ကြီးမားတဲ့ အရာတွေပဲ လုပ်ချင်ကြပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းက အရင်ကလိုမျိုး မဟုတ်တော့ပါဘူး။ အာဆင်နယ်အသင်းက သာမန်အသင်း ဖြစ်လာပါပြီ။ အသင်းပရိသတ်တွေ နဲ့ အသင်းကို ချစ်တဲ့ သူတွေအတွက် ကျွန်တော် တကယ် စိတ်မကောင်း ဖြစ်တယ်။ အသင်းရဲ့ ဂုဏ်သိက္ခာကို မြင့်တင်ပေးခဲ့တဲ့ အသင်းရဲ့ ကစားသမားဟောင်းတွေအတွက် စိတ်မကောင်းဘူး။ ဒါပေမယ့် ကျွန်တော် လက်ရှိ ကစားသမားတွေအတွက် စိတ်မကောင်း မဖြစ်ဘူး”လို့ ဆိုပါတယ်။