ချယ်လ်ဆီးနဲ့ ဆောက်သမ်တန်အသင်းတို့ရဲ့ ခါရာဘောင်း လိဂ်ဖလားပွဲစဉ်အတွင်း နောက်တစ်ဆင့်တတ်လှမ်းရေးအတွက် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတဲ့ အခိုက်အတန့်မှာ ချယ်လ်ဆီးအသင်းရဲ့ ပရိသတ်အချစ်တော် ကစားသမားတစ်ဦးဖြစ်သူ ကွင်းလယ်ကစားသမား အန်ဂိုလိုကန်တီက သူ့အသင်းဖော်တွေ ပင်နယ်တီ ကန်သွင်းနေမှုကို အားပေးနေခဲ့ပြီး အသင်းက ပင်နယ်တီမှာ (၄)ဂိုး(၃)ဂိုးနဲ့ အနိုင်ရလိုက်ချိန် နိုင်ပွဲရခဲ့တဲ့ အသင်းအတွက် ရယ်မောပျော်ရွှင်စွာနဲ့ လက်ခုပ်တီး အားပေးနေတဲ့ ကန်တီရဲ့ပုံစံလေးကို ချယ်လ်ဆီးပရိသတ်များစွာက အတော်လေး သဘောကျခဲ့ရတယ်လို့ သိရှိရပါတယ်။

Photo Credit : Trendmaps

အသက်(၃၀)အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ကန်တီဟာ နောဝစ်ချ်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်် ဆောက်သမ်တန်အသင်းနဲ့ လိဂ်ဖလားပွဲစဉ်တွေမှာ အသင်းအတွက် ပါဝင်ကစားခဲ့ခြင်းမရှိပဲ အနားယူနေရပေမယ့် အသင်းရဲ့ ပွဲတွေကို လိုက်လံအားပေး ကြည့်ရှုနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက စတမ်းဖိုဒ့်ဘရစ်ချ်ကွင်းမှာ ချယ်လ်ဆီးနဲ့ ဆောက်သမ်တန်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြတဲ့ လိဂ်ဖလား စတုတ္ထအဆင့် ပွဲစဉ်ကိုလည်း လိုက်ပါအားပေးခဲ့ပြီး အသင်းက ပင်နယ်တီ အဆုံးအဖြတ်နဲ့ နိုင်ပွဲရသွားချိန်မှာ ကန်တီရဲ့ ပျော်ရွှင်မြူးတူးစွာ ဖြစ်နေကြတဲ့ ပုံစံတွေကို ချယ်လ်ဆီးအသင်း ပရိသတ်တွေက အရမ်းချစ်ခင်သဘောကျခဲ့ကြပါတယ်။

Photo Credit : The Sun

အစိမ်းရောင်ဂျာကင် ဝတ်ဆင်ထားတဲ့ ကန်တီဟာ အသင်းရဲ့နိုင်ပွဲအတွက် သူရဲ့ပုံစံအတိုင်း သွားပေါ်အောင် ရယ်မောအားပေးနေတဲ့ ကန်တီရဲ့ အမှုအယာတွေကို အသင်းပရိသတ်တွေကနေ အတော် သဘောကျနေခဲ့ကြပြီး ပရိသတ်တစ်ယောက်ကလည်း “အန်ဂိုလိုကန်တီ ပျော်နေတယ်ဆိုရင် ငါတို့တွေကလည်း အဲ့ဒီလိုပါပဲ” လို့ လူမှုကွန်ယက်ပေါ်ကနေ ပြန်လည်မျှဝေ ဖော်ပြသွားခဲ့ပါတယ်။ ကန်တီဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသေးတာကြောင့် အသင်းရဲ့ ပွဲစဉ်(၂)ပွဲကို လွဲချော်ထားခဲ့ရပြီး ဘရန့်ဖိုဒ့် မာလ်မိုအသင်းတွေနဲ့ ပွဲစဉ်မှသာ ပြန်လည်ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီနောက် နောဝစ် ဆောက်သမ်တန်ပွဲတွေမှာ ပါဝင်ကစားခြင်းမရှိပဲ အနားယူခဲ့ရပေမယ့် နယူးကာဆယ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှသာ ပြန်လည်ပါဝင်နိုင်ဖွယ် ရှိနေပါတယ်။ လက်ရှိမှာ ကန်တီရဲ့ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အဆင့်(၁)နေရာမှာ ရပ်တည်လို့နေသလို ချန်ပီယံလိဂ်မှာလည်း နောက်တစ်ဆင့်တတ်လှမ်းဖို့ အခြေအနေကောင်းနေသလို လိဂ်ဖလားမှာလည်း ကွာတားဖိုင်နယ်အဆင့်ထိ တတ်လှမ်းထားနိုင်ခဲ့ပါတယ်။