မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ဂွာဒီယိုလာက သူ့အသင်းရဲ့ တိုက်စစ်ကစားသမား အာလင်းဟာလန်းရဲ့ ဂိုးတွေ အဆက်မပြတ် သွင်းယူနေနိုင်တဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး ဟာလန်းက အခုလို ပုံစံမျိုးအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ပရီးမီးယားလိဂ်မှာ မိုဟာမက်ဆာလာ တင်ရှိထားခဲ့ဖူးတဲ့ တစ်ရာသီအတွင်း ဂိုးအများဆုံး သွင်းယူထားတဲ့ စံချိန်ကို ရိုက်ချိုးသွားနိုင်လိမ့်မယ်လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Sports Illustrated

ဒီနှစ်နွေရာသီကမှ ဒေါ့မွန်ကနေ မန်စီးတီးအသင်းဆီကို နော်ဝေလက်ရွေးစင် တိုက်စစ်ကစားသမား ဟာလင်းက လက်ရှိမှာ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲပေါင်း (၁၁)ပွဲ ကစားထားပြီးချိန် သူရဲ့ သွင်းဂိုးက (၁၇)ဂိုးအထိ ရှိနေခဲ့ရပါတယ်။ ဘောလုံးရာသီတစ်ခုရဲ့ ရာသီဝက်တောင် မရှိသေးတဲ့အချိန်မှာ လိဂ်သွင်းဂိုး (၁၇)ဂိုးအထိ ဂိုးသွင်းယူထားနိုင်တဲ့ ပုံစံမျိုးက ဘောလုံးလောကထဲမှာ တွေ့လေ့တွေ့ထမရှိနိုင်တဲ့ ပုံစံကောင်းမျိုးဖြစ်ပြီး ဟာလန်းသာ ဒီလိုပုံစံအတိုင်း ဂိုးတွေကို ဆက်တိုက် သွင်းယူနေဦးမယ်ဆိုရင်တော့ လီဗာပူးလ်ကစားသမား မိုဆာလာ တင်ရှိထားတဲ့ တစ်ရာသီတည်း လိဂ်ဂိုးအများဆုံး စံချိန်ဖြစ်တဲ့ (၃၂)ဂိုးကိုပါ ကျော်လွန်သွားမှာ သေချာတယ်လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။

Deadly Haaland strikes twice to give Man City win at West Ham | Reuters

Photo Credit : Reuters

ဟာလန်းနဲ့ ပတ်သတ်ပြီး ဂွာဒီယိုလာက “နားထောင်ပါ။ မင်းက ညဏ်ကြီးရှင်တစ်ယောက် ဖြစ်နေဖို့ မလိုပါဘူး။ သူ ဒီစည်းချက်အတိုင်းသာ ဆက်လုပ်သွားနေမယ်ဆိုရင်တော့ သူ စံချိန်ကို ချိုးနိုင်တော့မယ်။ ဒါပေမယ့် ဘောလုံးမှာက ဂိုးတွေ သွင်းယူဖို့ ရပ်သွားနိုင်တယ်။ ငါ သေချာတော့ မသိဘူး။ သူက ဒေါ့မွန်မှာကတည်းက ဂိုးတွေ အများကြီး သွင်းနိုင်ခဲ့တယ်။ ဒေါ့မွန်နည်းပြကလည်း အခု ကျွန်တော်တို့မှာ ပိုင်ဆိုင်ထားတဲ့ ကစားသမားမျိုးဖြစ်နေအောင် ဖန်တီးပေးခဲ့တယ်။ သူနဲ့ တွဲကစားတဲ့ ကစားသမားဖော်တွေရဲ့ ကျေးဇူးကြောင့် ပိုကောင်းတဲ့ ကစားသမားတစ်ဦး ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဘရိုက်တန်နဲ့ပွဲက သူရဲ့ ပင်နယ်တီဂိုးဟာလည်း ခမ်းနားပါတယ်။ ကျွန်တော်တို့ ဒီမှာ ကိုင်တွယ်နေစဉ်အတွင်း ပင်နယ်တီ (၂၄)ကြိမ်အထိတောင် လွဲချော်ခဲ့ရတယ်။ ဒါဟာ အရမ်းများပြားလွန်းတဲ့ အတိုင်းအတာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဟာလန်းဟာ မန်စီးတီးအသင်းအတွက် လက်ရှိအချိန်ထိ ပြိုင်ပွဲစုံ (၁၅)ပွဲ ကစားထားပြီးနောက်မှာ သွင်းဂိုး (၂၂)ဂိုး သွင်းယူထားနိုင်ခဲ့ြ့ပီး (၃)ဂိုး ဖန်တီးပေးထားခဲ့သလို အိမ်ကွင်း ETIHAD မှာလည်း (၈)ပွဲဆက်တိုက်အထိ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။