လီဗာပူးလ္ ေနာက္ခံ ကစားသမား ေရာ္ဘတ္ဆန္ကေတာ့ (၂၀၁၉) ခုႏွစ္ကုိ ပရီးမီးယားလိဂ္ ရႈံးပဲြ မရွိ အဆုံးသတ္ႏုိင္ခဲ့ေပမဲ့ မေက်နပ္ဘဲ တစ္ရာသီလုံး ရႈံးပဲြမရွိ ကစားခ်င္တယ္လုိ႔ ေျပာခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ ပရီးမီးယားလိဂ္ ပဲြစဥ္ (၁၉) ပဲြ ကစားၿပီးတဲ့ အခ်ိန္မွာ မန္ယူအသင္းနဲ႔ (၁) ပဲြပဲ သေရက်ၿပီး ရႈံးပဲြမရွိဘဲ ရမွတ္ (၁၃) မွတ္ျဖတ္နဲ႔ ထိပ္ဆုံးကေန ဦးေဆာင္ေနလ်က္ ရွိပါတယ္။ လီဗာပူးလ္ ဘယ္ေနာက္ခံ ကစားသမား ေရာ္ဘတ္ဆန္ဟာ လက္ရွိရာသီမွာ လီဗာပူးလ္အသင္းရဲ႕ ပရီးမီးယားလိဂ္ ပဲြစဥ္ (၁၉) ပဲြစလုံးကုိ ကစားထားၿပီး အသင္းနဲ႔ အတူ ေအာင္ပဲြေတြ ရရွိခဲ့ပါတယ္။

Photo Credit: Sportskeeda

လီဗာပူးလ္အသင္းဟာ မနက္ျဖန္ ေသာၾကာေန႔ည၊ စေနေန႔ နံနက္ (၂း၃၀) အခ်ိန္မွာ ရွက္ဖီးလ္ ယူႏုိက္တက္အသင္းနဲ႔ ပရီးမီးယားလိဂ္ ပဲြစဥ္ (၂၀) အိမ္ကြင္း ပဲြစဥ္ကုိ ကစားသြားမွာ ျဖစ္ပါတယ္။ လီဗာပူးလ္အသင္းဟာ ရွက္ဖီးလ္အသင္းကို အႏုိင္ရမယ္ ဆုိရင္ေတာ့ ပရီးမီးယားလိဂ္ ၿပိဳင္ပဲြမွာ (၁၂) လၾကာ ရႈံးပဲြ မရွိတဲ့ စံခ်ိန္သစ္ကုိ ထိုက္ထုိက္တန္တန္ မွတ္တမ္း တင္သြားမွာ ျဖစ္ပါတယ္။ လီဗာလူးလ္ ေနာက္ခံလူ ေရာ္ဘတ္ဆန္က ပရီးမီးယားလိဂ္ ပဲြစဥ္ ကစားၿပီးရင္ အက္ဖ္ေအ ဖလား ပဲြစဥ္ ဆက္ကစားရမွာ ျဖစ္လုိ႔ အခ်ိန္ျဖုန္းေနဖုိ႔ အခ်ိန္ မရွိဘူးလို႔ ထပ္ေလာင္း ေျပာသြားပါတယ္။

Photo Credit: Sportskeeda

ေရာ္ဘတ္ဆန္က “ျပကၡဒိန္ႏွစ္ တစ္ႏွစ္လုံးကုိ ရႈံးပဲြ မရွိ ကစားႏုိင္ခဲ့တာက ကြ်န္ေတာ္တုိ႔အတြက္ ႀကီးျမတ္လွပါတယ္။ ဒါေပမဲ့လည္း ကြ်န္ေတာ္ကေတာ့ ျပကၵဒိန္ႏွစ္ တစ္ႏွစ္လုံးထက္စာရင္ေတာ့ တစ္ရာသီလုံးကုိ ရႈံးပဲြမရွိ ကစားသြားခ်င္ပါတယ္။ ဘာလုိ႔လဲဆုိရင္ ဒါက ကြ်န္ေတ္ာတုိ႔ ခ်န္ပီယံ ျဖစ္သြားပါၿပီလုိ႔ ဆုိလုိလုိက္လုိ႔ ကြ်န္ေတာ္ ထင္ပါတယ္။ ဒါေပမဲ့ ကြ်န္ေတာ္တုိ႔ အျခားလူေတြရဲ႕ ေျပာသံေတြကုိ ခြင့္ျပုထားပါတယ္။ ဘာလုိ႔လဲဆုိရင္ လာမယ့္ ရက္ေတြမွာ အက္ဖ္ဖလား ပဲြစဥ္ ရွိေနၿပီး ကြ်န္ေတာ္တုိ႔မွာ အခ်ိန္ျဖဳန္းတီးဖုိ႔ အခ်ိန္ မရွိပါဘူး”လုိ႔ ေျပာဆုိသြားခဲ့တာပဲ ျဖစ္ပါတယ္။

{Unicode}

လီဗာပူးလ် နောက်ခံ ကစားသမား ရော်ဘတ်ဆန်ကတော့ (၂၀၁၉) ခုနှစ်ကို ပရီးမီးယားလိဂ် ရှုံးပွဲ မရှိ အဆုံးသတ်နိုင်ခဲ့ပေမဲ့ မကျေနပ်ဘဲ တစ်ရာသီလုံး ရှုံးပွဲမရှိ ကစားချင်တယ်လို့ ပြောခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၁၉) ပွဲ ကစားပြီးတဲ့ အချိန်မှာ မန်ယူအသင်းနဲ့ (၁) ပွဲပဲ သရေကျပြီး ရှုံးပွဲမရှိဘဲ ရမှတ် (၁၃) မှတ်ဖြတ်နဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေလျက် ရှိပါတယ်။ လီဗာပူးလ် ဘယ်နောက်ခံ ကစားသမား ရော်ဘတ်ဆန်ဟာ လက်ရှိရာသီမှာ လီဗာပူးလ်အသင်းရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၉) ပွဲစလုံးကို ကစားထားပြီး အသင်းနဲ့ အတူ အောင်ပွဲတွေ ရရှိခဲ့ပါတယ်။

Photo Credit: Sportskeeda

လီဗာပူးလ်အသင်းဟာ မနက်ဖြန် သောကြာနေ့ည၊ စနေနေ့ နံနက် (၂း၃၀) အချိန်မှာ ရှက်ဖီးလ် ယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၂၀) အိမ်ကွင်း ပွဲစဉ်ကို ကစားသွားမှာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ရှက်ဖီးလ်အသင်းကို အနိုင်ရမယ် ဆိုရင်တော့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ (၁၂) လကြာ ရှုံးပွဲ မရှိတဲ့ စံချိန်သစ်ကို ထိုက်ထိုက်တန်တန် မှတ်တမ်း တင်သွားမှာ ဖြစ်ပါတယ်။ လီဗာလူးလ် နောက်ခံလူ ရော်ဘတ်ဆန်က ပရီးမီးယားလိဂ် ပွဲစဉ် ကစားပြီးရင် အက်ဖ်အေ ဖလား ပွဲစဉ် ဆက်ကစားရမှာ ဖြစ်လို့ အချိန်ဖြုန်းနေဖို့ အချိန် မရှိဘူးလို့ ထပ်လောင်း ပြောသွားပါတယ်။

Photo Credit: Sportskeeda

ရော်ဘတ်ဆန်က “ပြက္ခဒိန်နှစ် တစ်နှစ်လုံးကို ရှုံးပွဲ မရှိ ကစားနိုင်ခဲ့တာက ကျွန်တော်တို့အတွက် ကြီးမြတ်လှပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်ကတော့ ပြက္ဒဒိန်နှစ် တစ်နှစ်လုံးထက်စာရင်တော့ တစ်ရာသီလုံးကို ရှုံးပွဲမရှိ ကစားသွားချင်ပါတယ်။ ဘာလို့လဲဆိုရင် ဒါက ကျွန်တေ်ာတို့ ချန်ပီယံ ဖြစ်သွားပါပြီလို့ ဆိုလိုလိုက်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အခြားလူတွေရဲ့ ပြောသံတွေကို ခွင့်ပြုထားပါတယ်။ ဘာလို့လဲဆိုရင် လာမယ့် ရက်တွေမှာ အက်ဖ်ဖလား ပွဲစဉ် ရှိနေပြီး ကျွန်တော်တို့မှာ အချိန်ဖြုန်းတီးဖို့ အချိန် မရှိပါဘူး”လို့ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။