အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဒါရင်း ဘန့်က လီဗာပူးလ် ကစားသမားတွေ ဖြစ်ကြတဲ့ တိုက်စစ်မှူး ဆာလတ် နဲ့ တောင်ပံ ကစားသမား မာနေးတို့ထဲက မာနေးဟာ ပိုကောင်းပါတယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ဆီနီဂေါ လက်ရွေးစင် မာနေးဟာ လက်ရှိရာသီမှာ ပရီးမီးယား လိဂ် သွင်းဂိုး (၁၁) ဂိုး သွင်းထားပြီး အီဂျစ် လက်ရွေးစင် ဆာလတ်က ပရီးမီးယားလိဂ် သွင်းဂိုး (၁၄) ဂိုး သွင်းယူထားတာကြောင့် ပရီးမီးယားလိဂ် သွင်းဂိုး အများဆုံး (၃) ယောက်မြောက် ဖြစ်နေပါတယ်။

Photo Credit: DailyMail

တိုက်စစ်မှူးဟောင်း ဒါရင်း ဘန့်ဟာ ကစားသမားဘဝက အနားမယူခင် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ကစားခဲ့ဖူးပြီး သူ ကစားခဲ့တဲ့ အသင်းတွေထဲမှာ နာမည်အကြီးဆုံး အသင်းကတော့ စပါးအသင်းပဲ ဖြစ်ပါတယ်။ သူဟာ စပါးအသင်းမှာ (၂၀၀ရ-၀၈) ခုနှစ်ကနေ (၂၀၀၈-၀၉) ခုနှစ်အထိ (၂) ရာသီကစားခဲ့ပြီး သူက လီဗာပူးလ်အသင်းရဲ့ ကြယ်ပွင့် ကစားသမားတွေ ဖြစ်ကြတဲ့ မားနေ နဲ့ ဆာလတ် နှစ်ဦးထဲမှာ မားနေက ဆာလတ်ထက် ပိုကောင်းပါတယ်လို့ အခိုင်အမာ ပြောသွားတာ ဖြစ်ပါတယ်။

Photo Credit: DailyMail

talkSPORT မှာ ဒါရင်း ဘန့်က “ဆာလတ် ဂိုးတွေ အများကြီး သွင်းတာကို ကျွန်တော်တို့ သိတယ်။ သူက ထိပ်၊ ထိပ်သီး ကစားသမားပါ။ ရွှေဘောလုံးဆု (၂) ကြိမ်၊ တစ်ရာသီ အကောင်းဆုံး ဆု နဲ့ ချန်ပီယံလိဂ် ဖလားကို ရခဲ့တယ်။ ပရီးမီးယားလိဂ် ဖလားကိုလည်း ရတော့မယ်။ ဒါတွေဟာ သူ့ရဲ့ မှတ်တမ်းတွေပါ။ ဒါပေမဲ့ သူ့ရဲ့ ကစားပုံကို မာနေးလို လူမျိုးနဲ့ ယှဉ်ပြီး ကြည့်လိုက်မယ်ဆိုရင်တော့ ကျွန်တော်ကတော့ မာနေးက သူ့ထက် ပိုကောင်းနေခဲ့တယ်လို့ ပြောရမှာပါ”လို့ ပြောသွားပါတယ်။