ဂျုဗင်တပ်စ်အသင်းရဲ့တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုကတော့ ပြီးခဲ့တဲ့ Weekend က အလိုင်းရန့်ဇ်ကွင်းကြီးထဲမှာ ကျင်းပသွားခဲ့တဲ့ စီးရီးအေပွဲစဉ်(၂၄) ဘရက်ရှားအသင်းနဲ့ပွဲမှာ အသင်းအတွက် ပါဝင်ကစားပေးရခြင်းမရှိခဲဲ့ပဲ အသင်းက သူ့ကအနားပေးသွားခဲ့ပါတယ်။ ရော်နယ်ဒိုမပါပေမယ့်လည်း ဂျုဗင်တပ်စ်အသင်းအတွက်ကတော့ ဘရက်ရှားလိုအသင်းမျိုးကို လွယ်လွယ်ကူကူ ကစားခဲ့ပြီး ၂ဂိုး ဂိုးမရှိနဲ့ကို ပြတ်ပြတ်သားသား အနိုင်ယူခဲဲ့ပါတယ်။ အနားပေးထားခံရတဲ့ ရော်နယ်ဒိုကတော့ လာမယ့်အရေးတကြီးပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ဆောင်လျက်ရှိနေပါတယ်။

Photo Credit : AS English

ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ရော်နယ်ဒိုဟာ ရေခဲတွေအပြည့်ထားတဲ့ ရေချိုးဇလုံအသေးလေးအတွင်းမှာ မတ်တတ်ရပ်ပြီး ရေခဲကုထုံးကို လုပ်ဆောင်နေတဲ့ဓါတ်ပုံကို သူရဲ့တွစ်တာစာမျက်နှာပေါ်ကနေ ဖော်ပြသွားခဲ့ပါတယ်။ အသက်၃၅နှစ်ထဲကို ရောက်ရှိနေပြီဖြစ်ပေမယ့်လည်း သူရဲ့ ခန္ဓာကိုယ်က ကျန်းမာကြံခိုင်သန်စွမ်းနေလျက်ရှိပြီး ခြေစွမ်းကောင်းတွေကိုလည်း ဆက်လက်ထိန်းသိမ်းထားနိုင်တာ အခုလို ကျန်းမာရေးလိုက်စားတာတွေကြောင့်လည်း သူရဲ့မဆုတ်မနစ် ကြိုးစားအားထုတ်မှုတွေကလည်း အဓိကကျပါတယ်။

Photo Credit : talkSPORT

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နှစ်တုန်းက ဘောလုံးလောကရဲ့အထင်ကရဆုတံဆိပ်များစွာဖြစ်တဲ့ ယူအီးအက်အေအကောင်းဆုံးဆု ဖီဖာအကောင်းဆုနဲ့ ဘလွန်းဒီအောဆုတွေကို လွဲချော်ခဲ့ရပြီး သူရဲ့မဟာပြိုင််ဘက်မက်ဆီကတော့ ဘလွန်းဒီအောဆုကို ထပ်မံပိုင်ဆိုင်ခဲ့လို့ ရော်နယ်ဒိုထက် တစ်ကြိမ်သာလွန်သွားခဲ့ရပါတယ်။ ဒါတွေက ရော်နယ်ဒိုအတွက် တွန်းအားတစ်ခုလို ဖြစ်စေခဲ့ရပြီး ၂၀၁၉ခုနှစ် နှစ်ကုန်ပိုင်းလောက်ကနေစတင်ပြီး သွင်းဂိုးတွေကို ဆက်တိုက်သွင်းယူလာခဲ့ရာ အခု ဖေဖော်ဝါရီလထဲအထိ သူရဲဲ့သွင်းဂိုးတွေက လုံးဝကို အဆက်မပြတ်သွားခဲ့ပဲ သိပ်မကြာခင်မှာဆိုရင် စီးရီးအေပြိုင်ပွဲရဲ့ပွဲဆက်အများဆုံး ဂိုးသွင်းသူအဖြစ်ပါ စံချိန်တင်နိုင်တော့မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ရော်နယ်ဒိုဟာ နောက်တစ်ပတ်ထဲ လိုင်ယွန်နဲ့ကစားရမယ့် ချန်ပီယံလိဂ် (၁၆)သင်းအဆင့်ပွဲစဉ်အတွက် အနားယူနေရတာဖြစ်ပြီး စီးရီးအေမှာလည်း ချန်ပီယံဆုအတွက် အပြိုင်အဆိုင်ဖြစ်နေတဲ့ အခြေအနေရောက်နေတာမို့ ခွန်အားတွေကို မွေးမြူလျက်ရှိနေတာဖြစ်ပါတယ်။