အာဂျင်တီးနား တိုက်စစ်ကစားသမားဖြစ်သူ အီကာဒီရဲ့ ဇနီးသည်လည်းဖြစ် အေးဂျင့်တစ်ဦးပါဖြစ်တဲ့ ဝမ်ဒါနာရာက သူရဲ့ခင်ပွန်းဖြစ်သူ ပီအက်စ်ဂျီကနေ ဂါလာတာစာရေးအသင်းဆီ တစ်ရာသီ အငှားစာချုပ်နဲ့ မပြောင်းရွှေ့ခင်မှာ အီကာဒီနဲ့ ပတ်သတ်ပြီး ဂါလာတာစာရေးဘက်ကနေ ဖြည့်ဆည်းပေးရမယ့် အချက်(၆)ချက်ကို ထုတ်ပြန် တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

Wanda Nara created a lists of demands for her husband ahead of his loan move to Galatasaray

Photo Credit : Daily Mail

အသက်(၂၉)နှစ်အရွယ်ရှိ တိုက်စစ်ကစားသမား အီကာဒီဟာ ပီအက်စ်င်္ဂျီအသင်းမှာ ပုံမှန်ကစားခွင့်တွေ ရရှိဖို့အတွက် ရုန်းကန်နေရပြီး ဒီရာသီမှာလည်း အသင်းအတွက် ကစားခွင့် မရှိသေးတာကြောင့် နောက်ဆုံးမှာတော့ တူရကီ ထိပ်သီးကလပ် ဂါလာတာစာရေးအသင်းဆီ တစ်ရာသီအငှား+အပြီးသတ်ပြောင်းရွှေ့ခွင့်တို့နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဒီလို အပြောင်းအရွှေ့ မဖြစ်ပေါ်လာခင်မှာ အီကာဒီရဲ့ ချစ်ဇနီး အေးဂျင့်မလေး ဝမ်ဒါက ဂါလာတာစာရေးအနေနဲ့ သူ့ခင်ပွန်းကို ခေါ်ယူချင်တယ်ဆိုရင် ဖြည့်ဆည်းပေးရမယ့် အချက်တွေ တောင်းဆိုခဲ့တယ်လို့ စပိန်သတင်းစာ Mundo Deportivo ကနေ ဖော်ပြလာခဲ့ပါတယ်။

Icardi was greeted by thousands of Galatasaray fans when he touched down in Istanbul

Photo Credit : Daily Mail

ဝမ်ဒါက အီကာဒီကို အင်တာမီလန်ကနေ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့နိုင်ဖို့အတွက် အဓိကနေရာကနေ ကူညီပေးနိုင်ခဲ့သလို အခုလည်း ပဲရစ်ကနေ တူရကီကို ပြောင်းရွှေ့နိုင်ဖ်ို့အတွက် စွမ်းဆောင်နိုင်ခဲ့သလို သူ့ခင်ပွန်းနဲ့ သူတို့မိသားစု ပိုမို အဆင်ပြေနိုင်ဖို့အတွက် တောင်းဆိုမှုတွေလည်း လုပ်ခဲ့ပါတယ်။ ဝမ်ဒါရဲ့ တောင်းဆိုမှုထဲမှာ အီကာဒီ သွားလာချင်တဲ့အချိန် မြို့တော်ပတ်ပတ်လည်ကို အသေအချာ မောင်းနှင်ပေးနိုင်မယ့် (၂၄)နာရီ ယာဉ်မောင်းတစ်ဦး ၊ မိသားစုအတွက် သီးသန့် လုံခြုံရေးရှိတဲ့ နေစရာ ၊ အစားအသောက် လိုအပ်ချက်များကို ဂရုတစိုက် ချက်ပြုတ်ပေးဖို့အတွက် ကိုယ်ပိုင်စားဖိုမှူးတစ်ဦးတို့ကို တောင်းဆိုခဲ့သလို ဒီဇင်ဘာလအထိ ဟိုတယ်တစ်ခုမှာ နေထိုင်ခွင့်ပြုဖို့နဲ့ တူရကီနိုင်ငံမှာ နေထိုင်နေစဉ်အတွင်း သူတို့ကလေးတွေ ကျောင်းတတ်နိုင်ဖို့အတွက်ကိုပါ ထည့်သွင်း တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ အီကာဒီဟာ အသင်းဟောင်း အင်တာမှာ အတော်လေးကို တောက်ပခဲ့ပေမယ့် ပီအက်စ်ဂျီကို ရောက်သွားချိန်မှာတော့ ထိပ်တန်းကစားသမားတွေ စုပြုံနေတဲ့ ပီအက်စ်ဂျီမှာ အီကာဒီအတွက် ပွဲကစားခွင့်တွေ ပုံမှန်ရဖို့ မလွယ်ကူခဲ့သလို သူရဲ့ကစားသမားဘဝပါ ကျဆင်းခဲ့ရတာဖြစ်လို့ အခု အပြောင်းအရွှေ့က သူရဲ့ player life ကို ပြန်လည် ထူထောင်နိုင်မယ့် အခွင့်အရေးမျိုး ရှိနေပါတယ်။