MySport Myanmar

တူရကီ ထိပ်သီးကလပ် ဂါလာတာစာရေးအသင်းဆီ ပြောင်းရွှေ့ချင်နေတဲ့ အီကာဒီ

ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကစားသမား အီကာဒီဟာ ဒီနှစ်ဘောလုံးရာသီမှာ ပီအက်စ်ဂျီအတွက် တစ်ပွဲတစ်လေမှကို ပါဝင်ကစားထားရခြင်း မရှိသေးပဲ နန့်စ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပြင်သစ်စူပါဖလားပွဲစဉ်မှာသာ အရန်စာရင်းထဲ ပါဝင်ခဲ့ရပေမယ့် ထည့်သွင်း အသုံးပြုခံရခြင်း မရှိတာကြောင့် လက်ရှိမှာ အပြောင်းအရွှေ့ လုပ်ဆောင်လို့ ရရှိနေသေးတဲ့ တူရကီ အမှတ်ပေးလိဂ်ရဲ့ ထိပ်တန်းကလပ်အသင်းဖြစ်တဲ့ ဂါလာတာစာရေးအသင်းဆီ ပြောင်းရွှေ့သွားချင်နေပါတယ်။

Photo Credit : 90Min

အသက်(၂၉)နှစ်အရွယ် အာဂျင်တီးနား တိုက်စစ်ကစားသမား အီကာဒီဟာ အင်တာမီလန်အသင်းမှာ အတော်လေးကို ထွန်းတောက်ခဲ့တဲ့ ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၀ခုနှစ်မှာပဲ အင်တာကနေ ပီအက်စ်ဂျီအသင်းဆီကို ပြောင်းရွှေ့ကြေး ယူရိုသန်း(၇၀)နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အရည်အသွေးမြင့်မားတဲ့ ထိပ်တန်းကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း အီကာဒီဟာ ပီအက်စ်ဂျီအသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရသလို အခုရာသီမှာဆိုရင်လည်း အသင်းအတွက် တစ်ပွဲမှကို ပါဝင်ထားရခြင်း မရှိတာကြောင့် ဈေးကွက်ဖွင့်လှစ်နေဆဲဖြစ်တဲ့ တူရကီ ဘောလုံးနယ်ပယ်ထဲကမှ နာမည်ကျော် ကလပ်အသင်းဖြစ်တဲ့ ဂါလာတာစာရေးအသင်းဆီ ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : 90Min

ဂါလာတာစာရေးအသင်းကလည်း နွေဈေးကွက်အတွင်းမှာ နာပိုလီရဲ့ သက်တော်ရှည် ကစားသမားဖြစ်သူ မာတင်စ် မနှစ်က ရိုးမားအသင်းမှာ အငှားနဲ့ လာရောက်ကစားရင်း ခြေစွမ်းပြခဲ့သူ အိုလီဗီယာနဲ့ ဆွစ် ဝါရင့်တိုက်စစ်မှူးကြီး ဆယ်ဗာရိုဗစ်တို့ကို ခေါ်ယူအားဖြည့်ထားခဲ့တာ ဖြစ်သလို လက်ရှိမှာလည်း တူရကီလိဂ်ရဲ့ summer transfer market က စက်တက်ဘာ (၈)ရက်နေ့အထိ ဖွင့်လှစ်ထားတာဖြစ်လို့ ပီအက်စ်ဂျီမှာ အနာဂတ် မရေမရာ ဖြစ်နေတဲ့ အီကာဒီရဲ့အခြေအနေကိုပါ စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဈေးကွက်မပိတ်ခင်ကတည်းက အီကာဒီကို ရှင်းထုတ်ချင်ပေမယ့်လည်း ကစားသမားကိုယ်တိုင်က အသင်းပြောင်းဖို့ ငြင်းဆန်ထားခဲ့တာကြောင့် အပြောင်းအရွှေ့က ဖြစ်လာခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ ပွဲကစားခွင့် မိနစ်အနည်းငယ်တောင် မရထားခဲ့တာကြောင့် အီကာဒီကိုယ်တိုင် ဂါလာတာစာရေးအသင်းနဲ့ ပူးပေါင်းချင်နေတဲ့ အနေအထားမျိုးကို ရောက်လာခဲ့တဲ့အတွက် ဒီရက်ပိုင်းအတွင်းမှာပဲ အပြောင်းအရွှေ့ ဖြစ်မြောက်လာအောင် အလျင်အမြန် ဆောင်ရွှက်ကြဖွယ် ရှ်ိနေပါတယ်။ လတ်တလောမှာ ဂါလာတာစာရေးအသင်းဟာ တူရကီလိဂ်အတွင်း (၅)ပွဲကစားပြီး တိုက်စစ်က (၄)ဂိုးသာ သွင်းယူထားသေးတာကြောင့် အီကာဒီလို တိုက်စစ်ကစားသမားတစ်ဦး အသင်းကို ထပ်မံ ရောက်ရှိလာရင် အသင်းရဲ့ တိုက်စစ်က ဂိုးသွင်းအားတွေပါ ပြန်လည် ကောင်းမွန်လာဖွယ် ရှိနိုင်ပါတယ်။

Exit mobile version