ပြီးခဲ့တဲ့ကြားရက်အတွင်းက ကျင်းပခဲ့တဲ့ ဒေါ့မွန်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းရဲ့ ပွဲထွက်လူစာရင်းအတွင်း ပါဝင်ရခဲဲ့ခြင်းမရှိပဲ အရန်စာရင်းမှာသာ ပါဝင်လာခဲ့ရတဲ့ တိုက်စစ်မှူးအီကာဒီဟာ သူ့ကို ပွဲထွက်ကစားခွင့်မပေးခဲ့တဲ့ အသင်းနည်းပြတူချယ်ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး စိတ်ဆိုးဒေါသထွက်ခဲ့လို့ ထိုင်ခုံတွေကို လွှင့်ပစ်ပေါက်ခွဲခဲ့ပြီး သောင်းကျန်းခဲ့သလို ရာသီကုန်ရင်လည်း အသင်းကနေ ထွက်ခွာသွားဖို့ နီးစပ်နေပြီလို့ သိရှိရပါတယ်။

Photo Credit : Transfermarket

အသက်၂၇နှစ်အရွှယ်ရှိပြီြုဖစ်တဲဲ့ အာဂျင်တီးနားတိုက်စစ်ကစားသမား အီကာဒီဟာ ဒီနှစ်ဘောလုံးရာသီအစပိုင်းတုန်းကမှ အင်တာမီလန်အသင်းကနေ ပီအက်စ်ဂျီအသင်းဆီကို တစ်ရာသီအငှားနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ၂၉ပွဲပါဝင်ထားခဲ့ကာ ၁၉ဂိုးသွင်းယူထားနိုင်ခဲ့ပေမယ့် အရေးကြီးပွဲတွေမှာတော့ နေမာနဲ့ဘာပေတို့ရဲ့နောက် ဒုတိယဦးစားပေးအဖြစ်သာ ကစားနေရသူဖြစ်ပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီ သောမတ်တူချယ်က ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ရှံးထွက်ပွဲစဉ်မှာလည်း အီကာဒီကို ပွဲဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့တာကြောင့် နည်းပြရဲ့ဆုံးဖြတ်ချက်အပေါ်ကို ဒေါသထွက်ခဲ့ပြီး ဝုန်းဒိုင်းကြဲခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Eurosport

SoccerLink ကနေ ဖော်ပြလာချက်အရ ပီအက်စ်ဂျီအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ချန်ပီယံလိဂ်ပွဲမတိုင်ခင် ဒေါ့မွန်အသင်းနဲ့ ပွဲအတွင်း ပွဲထွက်ကစားရမယ့် လူစာရင်းကို အီကာဒီဆီ လာရောက်ပြသခဲ့ရာ အဲ့ဒီစာရင်းထဲ သူမပါဝင်လာခဲ့တာကြောင့် အီကာဒီဟာ ဒေါသတကြီးနဲ့ အနီးအနားမှာရှိတဲ့ ထိုင်ခုံတွေကိုပျောက်ပစ်ခဲဲ့တယ်လို့ သိရှိရပါတယ်။ အီကာဒီရဲဲ့ တူချယ်ရဲ့ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်လျက်ရှိနေတဲ့အပြင် ဒီကိစ္စရပ်မဖြစ်ပွားခင်ကလည်း ပီအက်စ်ဂျီအသင်းကနေ အီကာဒီရဲ့အငှားစာချုပ်ပြည့်သွားချိန်မှာ အပြီးသတ်ခေါ်ယူမှာမဟုတ်ပဲ အင်တာမီလန်ဆီကိုပဲ ပြန်လည်ပို့ဆောင်မှာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့သေးတာကြောင့် အီကာဒီရဲ့အနာဂတ်က ပီအက်စ်ဂျီမှာပဲ ဆက်လက်ရှိနေဖို့ မဖြစ်နိုင်တော့ပဲ အခြားသော အသင်းတစ်သင်းဆီကိုသာ ပြောင်းရွှေ့ရဖွယ်ရှိနေပါတယ်။ လက်ရှိမှာတော့ အီကာဒီကို ချယ်လ်ဆီးအသင်းကနေ အတော်လေးစိတ်ဝင်စားလျက်ရှိနေပါတယ်။