MySport Myanmar

ကွာရှင်းဖို့ လုပ်ဆောင်ပေးနေတဲ့ ရှေ့နေဖြစ်သူနဲ့ပါ တွဲခုတ်နေပြန်တဲ့ အီကာဒီ

ဂါလာတာစာရေးအသင်းရဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား မော်ရို အီကာဒီက ဇနီးသည်ဖြစ်သူ ဝန်ဒါ နာရာနဲ့ ကွာရှင်းဖို့အတွက် လုပ်ဆောင်ပေးနေတဲ့ အမျိုးသမီး ရှေ့နေနဲ့ လက်ရှိမှာ တွဲခုတ်လျက် ရှိနေတယ်လို့ အီတလီ သတင်းမီဒီယာတွေကနေ ကျယ်ကျယ်လောင်လောင် ဖော်ပြလာခဲ့ပါတယ်။

အသက် (၃၁)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အင်တာမီလန်နဲ့ ပီအက်စ်ဂျီ တိုက်စစ်ကစားသမားဟောင်း အီကာဒီဟာ သူ့ထက် အသက် (၆)နှစ်လောက်ကြီးတဲ့ အာဂျင်တီးနား မော်ဒယ်လ်ဖြစ်သူ ဝန်ဒါ နာရာနဲ့ ၂၀၁၄ခုနှစ်ကမှ လက်ထပ် ထိန်းမြှားခဲ့ပြီး သမီး (၂)ဦးကိုလည်း မွေးဖွားနိုင်ခဲ့ပါတယ်။

Photo Credit : Marca

အီကာဒီနဲ့ နာရာတို့ဟာ မကြာခဏဆိုသလို အိမ်ထောင်ရေး ပြဿနာတွေ ဖြစ်ပေါ်လေ့ရှိပြီး အခုနှစ်အစောပိုင်းမှာလည်း ဖောက်ပြန်မှုတွေ ရှိနေတယ်လို့ တစ်ဦးပေါ်တစ်ဦး စွပ်စွဲမှုတွေ လုပ်ဆောင်ထားကြပါသေးတယ်။ ဒါ့အပြင် အီကာဒီတို့ လင်မယားနှစ်ဦးဟာ ကွာရှင်းဖို့အတွက်ကိုလည်း လုပ်ဆောင်လျက် ရှိနေပါတယ်။

ဒီလို လုပ်ဆောင်နေရင်းနဲ့ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ အီကာဒီဟာ ကိုလံဘီယာက နာမည်ကျော် အမျိုးသမီး ရှေ့နေဖြစ်သူ အန်ဂျလာ ဘာဂိုစ်နဲ့ပါ တွဲခုတ်နေပြီလို့ အီတလီ သတင်းမီဒီယာ Corriere dello Sport ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : La Gazzetta dello Sport

ဘာဂိုစ်ဟာ သူရဲ့မွေးရပ်မြေ ကိုလံဘီယာနိုင်ငံမှာ ဂုဏ်သိက္ခာရှိတဲ့ ဥပဒေ အမှုဆောင် ကုမ္မဏီတစ်ခုကို တည်ထောင်ထားခဲ့တာ ဖြစ်သလို Inocentes & Culpables ဆိုတဲ့ ဥပေဒေ တီဗီအစီအစဉ်တစ်ခုမှာပါ အစီအစဉ် တင်ဆက်သူအဖြစ်နဲ့ ဆောင်ရွှက်နေသူလည်း ဖြစ်ပါတယ်။

လက်ရှိတော့ ရှေ့နေ ဘာဂိုစ်ဟာ သူ့အမှုသည် အီကာဒီနဲ့ ချစ်ကြိုက်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေပြီး ဒါက အီကာဒီနဲ့ နာရာတို့ရဲ့ ကွာရှင်းပြတ်စဲမယ့် ကိစ္စကိုပါ ပိုမို လုပ်ဆောင်နိုင်ဖို့ပါ တွန်းအားပေးလာနိုင်ဖွယ်လည်း ရှိနိုင်ပါတယ်။ လက်ရှိမှာ တူရကီကလပ် ဂါလာတာစာရေးအသင်းတွင် ပါဝင်နေတဲ့ အီကာဒီဟာ ACL ဒဏ်ရာဆိုးကြီးကြောင့် ကာလရှည်ကြာ အနားယူနေရပါတယ်။

Exit mobile version