MySport Myanmar

အီကာဒီကို စီးရီးအေပြိုင်ပွဲဆီ ပြန်လည်ခေါ်ဆောင်ဖို့ ကြိုးပမ်းနေတဲ့ တန်းတက်အသင်း မွန်ဇာ

ကလပ်အသင်း သမိုင်းတစ်လျှောက် အီတလီစီးရီးအေပြိုင်ပွဲဆီကို ပထမဆုံးအကြိမ်အဖြစ်နဲ့ တတ်လှမ်းခွင့် ရရှိခဲ့တဲ့ တန်းတတ် မွန်ဇာအသင်းဟာ စီးရီးအေရဲ့ ကစားသမားဟောင်းဖြစ်သူ တိုက်စစ်မှူး အီကာဒီကို ပြန်လည် ခေါ်ယူဖို့အတွက် ကြိုးပမ်းလျက်ရှိနေပြီး အီကာဒီရဲ့ အေးဂျင့်နဲ့ ဇနီးဖြစ်သူ ဝမ်ဒါနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Photo Credit : Psgtalk

အသက်(၂၉)နှစ်အရွယ်ရှိ အင်တာမီလန် တိုက်စစ်ကစားသမားဟောင်း အီကာဒီဟာ အင်တာမှာ ရှိစဉ်အခါတုန်းက တကယ့်ကို အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့ တိုက်စစ်မှူးကောင်းတစ်ဦး ဖြစ်ခဲ့ပေမယ့်လည်း ပီအက်စ်ဂျီကို ရောက်လာချိန်မှာတော့ ပုံမှန်ခြေစွမ်း ပြသနိုင်ဖို့ရော ပုံမှန်နေရာ ရရှိဖို့ပါ ရုန်းကန်လာခဲ့ရသလို မနှစ်က ဘောလုံးရာသီမှာလည်း ပြိုင်ပွဲစုံကို (၅)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာ အီကာဒီဟာ ပီအက်စ်ဂျီနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် အသင်းဘက်က သူ့ကို အလိုမရှိတော့ပဲ ရောင်းထုတ်သွားဖို့ စီစဉ်နေတဲ့အတွက် အီကာဒီကို မွန်ဇာအသင်းဘက်ကနေ စတင်ချဉ်းကပ်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : UK Times

မက်ဆီ နေမာ ဘာပေတို့လို ကမ္ဘာ့ထိပ်တန်း တိုက်စစ်ကစားသစားတွေ ရှိနေတဲ့အပြင် အသက်(၂၀)အရွယ်သာ ရှိနေသေးတဲ့ ပြင်သစ်ကြယ်ပွင့် တိုက်စစ်မှူးလေးကိုပါ ခေါ်ယူထားတဲ့ အခြေအနေတွေကြောင့် အီကာဒီဟာ ပီအက်စ်ဂျီ တိုက်စစ်ပိုင်းမှာ နေရာရဖို့က ပိုမို ခက်ခဲသွားရပါတယ်။ ဒီလို အခြေအနေမျ်ိုး ရှိနေတဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား အီကာဒီကို စီးရီးအေပြိုင်ပွဲဆီ ခေါ်ဆောင်ဖို့အတွက် မွန်ဇာအသင်းဘက်က ကြိုးပမ်းနေပြီး အီကာဒီအေးဂျင့် ဝမ်ဒါနဲ့လည်း တစ်ပတ်အတွင်း နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အီကာဒီအနေနဲ့ လက်ရှိ ကမ္ဘာ့ထိပ်သီး ဘောလုံးအသင်းတစ်သင်းမှာ ပါဝင်နေရတာဖြစ်လို့ မွန်ဇာလို အသင်းငယ်လေးဆီ ပြောင်းရွှေ့ဖို့ဆိုတာ ဖြစ်နိုင်ခြေ နည်းပါးနေပေမယ့်လည်း မွန်ဇာအသင်း အခြေစိုက်ရာ လွန်ဘာဒီဒေသမှာ အီကာဒီတို့မိသားစုပိုင် အိမ်တစ်လုံး ရှိနေတဲ့အပြင် စီးပွားရေးလုပ်ငန်းတွေပါ လည်ပတ်နိုင်တဲ့ အနေအထား ဖြစ်နေတာကြောင့် မွန်ဇာကို ပြောင်းရွှေ့ဖို့ စဉ်းစားစရာ ဖြစ်လာနိုင်ပါတယ်။ အီကာဒီဟာ ၂၀၁၁ခုနှစ်ကနေ ၂၀၂၀ခုနှစ်အထိ ဆမ်ဒိုရီးယား အင်တာမီလန်အသင်းတွေနဲ့အတူ စီးရီးအေမှာ ကျင်လည်ခဲ့ဖူးသူဖြစ်ပြီး စီးရီးအေသွင်းဂိုး စုစုပေါင်း (၁၃၅)ဂိုးအထိကို သွင်းယူနိုင်ခဲ့တာကြောင့် အီကာဒီသာ မွန်ဇာကို ရောက်လာခဲ့ရင် အသင်းအတွက် အားအထားရဆုံး ကစားသမား ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version