မေန႔က ကစားသြားခဲ့တဲ့ ျပင္သစ္လိဂ္ဖလား ကြာတားဖိုင္နယ္အဆင့္ ပြဲစဥ္တစ္ပြဲျဖစ္တဲ့ အင္အားႀကီး ပီအက္စ္ဂ်ီအသင္းနဲ႔ စိန႔္အက္တီယန္အသင္းတို႔ရဲ့ ပြဲစဥ္မွာေတာ့ ပီအက္စ္ဂ်ီဟာ စိန႔္အက္တီယန္အသင္းကို ေျခာက္ဂိုး တစ္ဂိုးဆိုတဲ့ရလဒ္နဲ႔ ျပတ္သားစြာ အနိုင္ရခဲ့တာကို အားလုံးလည္း သိၾကမွာပါ။ ဒီတစ္ခါမွာေတာ့ အဆိုပါပြဲမွာ မယုံၾကည္နိုင္ေလာက္ေအာင္ ေျခစြမ္းျပခဲ့တဲ့ တိုက္စစ္မွူး အီကာဒီရဲ့အေၾကာင္းကို ေဖာ္ျပေပးသြားခ်င္ပါတယ္။

Photo Credit: BBC.com

အင္တာမီလန္အသင္းကေန ပီအက္စ္ဂ်ီထံ အငွားနဲ႔လာေရာက္ကစားေနရာကေန ေျခစြမ္းေကာင္းေတြ ျပသထားနိုင္ခဲ့တဲ့ အီကာဒီဟာ စိန႔္အက္တီယန္အသင္းနဲ႔ပြဲမွာေတာ့ သူ႔ရဲ့ ထူးျခားတဲ့ဂိုးသြင္းစြမ္းရည္ကို ျပသသြားနိုင္ခဲ့သူပါ။ အီကာဒီဟာ အဆိုပါပြဲစဥ္မွာ ဟက္ထရစ္နဲ႔အတူ ဂိုးဖန္တီးမွုတစ္ႀကိမ္ ျပဳလုပ္နိုင္ခဲ့ၿပီး အသင္းရဲ့သြင္းဂိုးေလးဂိုးနဲ႔ ပါဝင္ပတ္သတ္ခဲ့တာလည္း ျဖစ္ပါတယ္။

Photo Credit: BBC.com

ဒါေပမယ့္ ထူးျခားတဲ့ အခ်က္ကေတာ့ အီကာဒီဟာ စိန႔္အက္တီယန္အသင္းနဲ႔ပြဲမွာ ပြဲခ်ိန္ ၇၂မိနစ္အထိ ဝင္ေရာက္ကစားေပးခဲ့ေပမယ့္ ေဘာလုံးနဲ႔ ထိေတြ႕ခဲ့ခ်ိန္ဟာ ၁၃ႀကိမ္သာ ရွိခဲ့ေၾကာင္း သိရၿပီး အဆိုပါ ၁၃ႀကိမ္ကေန အီကာဒီဟာ သြင္းဂိုးသုံးဂိုးနဲ႔ ဂိုးဖန္တီးမွုတစ္ႀကိမ္တို႔ကို ရယူနိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ အီကာဒီဟာ လက္ရွိေဘာလုံးရာသီမွာ ပီအက္စ္ဂ်ီအသင္းအတ​ြက္ ၿပိဳင္ပြဲစုံ ၁၉ပြဲကစားထားရာမွာ ၁၇ဂိုးအထိ သြင္းယူထားနိုင္သူပါ။

မနေ့က ကစားသွားခဲ့တဲ့ ပြင်သစ်လိဂ်ဖလား ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အင်အားကြီး ပီအက်စ်ဂျီအသင်းနဲ့ စိန့်အက်တီယန်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ပီအက်စ်ဂျီဟာ စိန့်အက်တီယန်အသင်းကို ခြောက်ဂိုး တစ်ဂိုးဆိုတဲ့ရလဒ်နဲ့ ပြတ်သားစွာ အနိုင်ရခဲ့တာကို အားလုံးလည်း သိကြမှာပါ။ ဒီတစ်ခါမှာတော့ အဆိုပါပွဲမှာ မယုံကြည်နိုင်လောက်အောင် ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူး အီကာဒီရဲ့အကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit: BBC.com

အင်တာမီလန်အသင်းကနေ ပီအက်စ်ဂျီထံ အငှားနဲ့လာရောက်ကစားနေရာကနေ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့တဲ့ အီကာဒီဟာ စိန့်အက်တီယန်အသင်းနဲ့ပွဲမှာတော့ သူ့ရဲ့ ထူးခြားတဲ့ဂိုးသွင်းစွမ်းရည်ကို ပြသသွားနိုင်ခဲ့သူပါ။ အီကာဒီဟာ အဆိုပါပွဲစဉ်မှာ ဟက်ထရစ်နဲ့အတူ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အသင်းရဲ့သွင်းဂိုးလေးဂိုးနဲ့ ပါဝင်ပတ်သတ်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: BBC.com

ဒါပေမယ့် ထူးခြားတဲ့ အချက်ကတော့ အီကာဒီဟာ စိန့်အက်တီယန်အသင်းနဲ့ပွဲမှာ ပွဲချိန် ၇၂မိနစ်အထိ ဝင်ရောက်ကစားပေးခဲ့ပေမယ့် ဘောလုံးနဲ့ ထိတွေ့ခဲ့ချိန်ဟာ ၁၃ကြိမ်သာ ရှိခဲ့ကြောင်း သိရပြီး အဆိုပါ ၁၃ကြိမ်ကနေ အီကာဒီဟာ သွင်းဂိုးသုံးဂိုးနဲ့ ဂိုးဖန်တီးမှုတစ်ကြိမ်တို့ကို ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အီကာဒီဟာ လက်ရှိဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်းအတ​ွက် ပြိုင်ပွဲစုံ ၁၉ပွဲကစားထားရာမှာ ၁၇ဂိုးအထိ သွင်းယူထားနိုင်သူပါ။