




{Unicode}

အေစီမီလန် တိုက်စစ်မှူး အီဘရာဟီ မိုဗစ်ဟာ ရော်နယ်ဒိုက စိတ်လှုံ့ဆော်မှု ဖြစ်လားမလားလို့ အမေးခံရတဲ့ အချိန်မှာ စိတ်လှုံ့ဆော်မှု ဖြစ်လာမှာပါ၊ ယှဉ်ပြိုင်ဖို့ အဆင်သင့်ပါလို့ ဖြေခဲ့ပါတယ်။ အီဘရာဟီမိုဗစ်ဟာ ဂလက်ဆီအသင်းကနေ အေစီမီလန်အသင်းကို ဒုတိယအကြိမ် ပြန်ပြောင်းလာခဲ့ပြီး ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ စီးရီးအေ သွင်းဂိုးတွေ ယှဉ်ပြိုင်လာကြတော့မှာ ဖြစ်ပါတယ်။

Photo Credit: Allfootball

အေစီမီလန် တိုက်စစ်မှူးသစ် ဘီဘရာဟီ မိုဗစ်ဟာ မနေ့ညက ရိုဒန်စီအသင်းနဲ့ ကစားသွားခဲ့တဲ့ ချစ်ကြည်ရေး ပွဲစဉ်မှာ ပွဲအစကတည်းက ပွဲဦးထွက် ပွဲစဉ် ကစားခဲ့ပြီး (၁) ဂိုး သွင်းယူခဲ့ပါတယ်။ တိုက်စစ်မှူး ဘီရာဟီ မိုဗစ်ဟာ မနေ့ညက ပွဲစဉ်မှာ သွင်းဂိုး နဲ့ ဂိုးဖန်တီးမှု ပြုလုပ်ခဲ့ပြီးတဲ့နောက် စီးရီးအေ ကြယ်ပွင့် ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုကို စတင် စိန်ခေါ်လိုက်ပြီပဲ ဖြစ်ပါတယ်။

Photo Credit: Allfootball

အီဘရာဟီမိုဗစ်ဟာ ရော်နယ်ဒိုက စိတ်လှုံ့ဆော်မှု ဖြစ်လားမလားလို့ အမေးခံရတဲ့ အခါမှာ သူက “ကျွန်တော် နောက်ဆုံး ပွဲစဉ်နောက်ပိုင်း အဆင်ပြေခဲ့တယ်။ ဂလက်ဆီအသင်းကနေ ထွက်သွားပြီးတဲ့ အချိန်မှာ လေ့ကျင့်ရေး ဆက်လုပ်ခဲ့တယ်။ ကျွန်တော် အဆင်သင့်ဖြစ်နေပါပြီ။ ဒီစီးရီးအေ ပြိုင်ပွဲက ရော်နယ်ဒိုဟာ စိတ်လှုံ့ဆော်မှုပါ။ ဒီပြိုင်ဆိုင်မှုက လှပလာပါလိမ့်မယ်”လို့ ပြောပါတယ်။