လက်ရှိ အေစီမီလန် တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကတော့ ဂျုဗင်တပ်အသင်းမှာ (၂) ရာသီကြာ ကစားခဲ့စဉ်က အသင်းဖော် နောက်ခံလူ နီကိုလာကို ယုံကြည်မှု အပြည့်နဲ့ တစ်ခု ပြောခဲ့ပါတယ်။ ဂျုဗင်တပ် ခံစစ်မှူးဟောင်း နီကိုလာကတော့ သူ့ကို အီဘရာဟီမိုဗစ်က ပြောခဲ့တာကို ပြန်လည် ပြောပြခဲ့ပြီး ဖလားရစေတာ ဘုရား မဟုတ်ဘဲ၊ အီဘရာပါလို့ ပြောခဲ့တယ်လို့ ပြောသွားပါတယ်။ နောက်ခံလူ နီကိုလာ နဲ့ တိုက်စစ်မှူး အီဘရာဟီမိုဗစ်တို့ဟာ ဂျုဗင်တပ်အသင်းမှာ တွဲကစားခဲ့ပြီး နောက်ခံလူ နီကိုလာကတော့ (၂၀၁၄) ခုနှစ်မှာ ဘောလုံးလောက,ကနေ အနားယူသွားခဲ့ပါတယ်။

Photo Credit: Goal

တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကတော့ ဘောလုံးလောကနေ အနားမယူသေးဘဲ ကစားဆဲ ဖြစ်ပြီး သူ့ရဲ့ ကစားသမားဘဝမှာ မတူညီတဲ့ အသင်းပေါင်း (၉) သင်းအတွက် ကစားခဲ့ပြီ ဖြစ်ပါတယ်။ အသက် (၃၈) နှစ်အရွယ် အီဘရာဟီမိုဗစ်ဟာ ဆွစ်ဒင်နိုင်ငံက မာလ်မိုအသင်းမှာ ကစားသမားဘဝကို စတင်ခဲ့ပြီး လက်ရှိမှာတော့ အေစီမီလန်အသင်းမှာ (၂) ကြိမ်မြောက် ကစားနေပါတယ်။ ဘီဘရာဟီမိုဗစ်ဟာ ကစားသမား ဘဝတစ်လျှောက် သွင်းဂိုးပေါင်း (၄၀၀) ကျော်သွားခဲ့ပြီ ဖြစ်ပြီး ဖြစ်ပြီး နီကိုလာကတော့ သူ့ရဲ့ အသင်းဖော်ဟောင်း ဘီဘရာဟီမိုဗစ်အကြောင်းကို ပြန်ပြောခဲ့ပါတယ်။

Photo Credit: Goal

နီကိုလာက “ကျွန်တော် အတူ တွဲကစားခဲ့ဖူးတဲ့ အသန်မာဆုံး ကစားသမားက အီဘရာဟီမိုဗစ် ဖြစ်မှာပါ။ သူက အသန်မာဆုံး ကစားသမားတွေထဲက အသန်မာဆုံး ဖြစ်မှာပါပဲ။ တစ်နေ့တော့ ကျွန်တော်တို့ ဂျုဗင်တပ်အသင်းမှာ အတူ ကစားခဲ့ကြတဲ့ အချိန်မှာ သူက ကျွန်တော့်ကို “ငါက ဆုဖလားတွေကို ရစေတာပါ။ ဘုရား မဟုတ်ပါဘူး”လို့ ပြောခဲ့ဖူးပါတယ်။ ဂျုဗင်တပ်အသင်းက ကျွန်တော့်ဘဝမှာ အမှတ်အသား ရေးထိုးခဲ့တယ်။ အဲဒါကို သတိမထားမိရင်တောင်မှ သူတို့ရဲ့ ပတ်ဝန်းကျင်က ကောင်းတဲ့ လမ်းကို တွန်းပို့ပေးပါတယ်”လို့ အတိတ်က ဖြစ်ရပ်ကို ပြန်ပြောပြခဲ့ပါတယ်။ နီကိုလာဟာ ဂျုဗင်တပ်အသင်းကနေ ထွက်လိုက်၊ ဂျုဗင်တပ်အသင်းကို ပြန်လာလိုက် ပြုလုပ်ခဲ့တာကြောင့် ဂျုဗင်တပ်အသင်းမှာ (၃) ကြိမ် ကစားခဲ့ပြီး အောင်မြင်မှုတွေပါ ရရှိနိုင်ခဲ့ပါတယ်။