တုိက္စစ္မွဴး အီဘရာဟီမုိဗစ္ဟာ ေအစီမီလန္အသင္းကုိ (၂) ႀကိမ္ေျမာက္ ျပန္ေရာက္လာၿပီးတဲ့ အခ်ိန္မွာ သတင္းစာ ရွင္းလင္းပဲြ ျပဳလုပ္ခဲ့ၿပီး ရယ္စရာ ျပက္လုံးေတြနဲ႔ ထပ္မံ ပဲြဆူေစခဲ့ပါတယ္။ သူက ေဘာလုံးမထိတာ ၾကာေပမဲ့ ကစားဖုိ႔ အဆင္သင့္ပါလုိ႔ ေျပာသြားခဲ့သလုိ၊ အရင္ကထက္ ပုိညံ့သြားခဲ့ၿပီလုိ႔လည္း သတင္းစာ ရွင္းလင္းပဲြမွာ သတင္းေထာက္ေတြကုိ ေျပာသြားခဲ့ပါတယ္။

Photo Credit: Goal

အသက္ (၃၈) ႏွစ္အရြယ္ မုိဗစ္ဟာ ေအစီမီလန္အသင္းမွာ (၂၀၁၀) ခုႏွစ္ကေန (၂၀၁၂) ခုႏွစ္ အထိ ကစားၿပီးတဲ့ေနာက္ ပီအက္စ္ဂ်ီအသင္းကို အၿပီးသတ္ ေျပာင္းေရြ႕သြားခဲ့တာ ျဖစ္ပါတယ္။ သူဟာ အယ္လ္ေအ ဂလက္ဆီအသင္းကေန ေအစီမီလန္အသင္းကုိ (၂) ႀကိမ္ေျမာက္ ျပန္ၿပီး ေရာက္ရွိလာခဲ့ၿပီး တနလၤာေန႔ ဆမ္ဒုိရီးယားအသင္းနဲ႔ ပဲြစဥ္မွာ ပဲြထြက္ ကစားလာႏုိင္ပါတယ္။

Photo Credit: Goal

သတင္းစာ ရွင္းလင္းပဲြမွာ အီဘရာဟီမုိဗစ္က “ကြ်န္ေတာ္ အဆင္ေျပတယ္။ ကြ်န္ေတာ္ အမ်ားႀကီး ေလ့က်င့္ခဲ့တယ္။ ကြ်န္ေတ္ာ ေဘာလုံးမထိတာ ၾကာပါၿပီ။ ဒါေပမဲ့ ဒါက ျပႆနာ တစ္ခုေတာ့ မဟုတ္ပါဘူး။ ကြ်န္ေတ္ာကေတာ့ ကြ်န္ေတာ္ ကစားဖုိ႔ အဆင္သင့္ျဖစ္ေနတယ္လုိ႔ ထင္တာပါပဲ။ ကြ်န္ေတာ္ အရင္ကထက္ အမ်ားႀကီး ပုိညံ႔သြားပါၿပီ”လုိ႔ ရယ္လ်က္နဲ႔ ေျပာသြားတာ ျဖစ္ပါတယ္။

{Unicode}

တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ အေစီမီလန်အသင်းကို (၂) ကြိမ်မြောက် ပြန်ရောက်လာပြီးတဲ့ အချိန်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ရယ်စရာ ပြက်လုံးတွေနဲ့ ထပ်မံ ပွဲဆူစေခဲ့ပါတယ်။ သူက ဘောလုံးမထိတာ ကြာပေမဲ့ ကစားဖို့ အဆင်သင့်ပါလို့ ပြောသွားခဲ့သလို၊ အရင်ကထက် ပိုညံ့သွားခဲ့ပြီလို့လည်း သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

အသက် (၃၈) နှစ်အရွယ် မိုဗစ်ဟာ အေစီမီလန်အသင်းမှာ (၂၀၁၀) ခုနှစ်ကနေ (၂၀၁၂) ခုနှစ် အထိ ကစားပြီးတဲ့နောက် ပီအက်စ်ဂျီအသင်းကို အပြီးသတ် ပြောင်းရွေ့သွားခဲ့တာ ဖြစ်ပါတယ်။ သူဟာ အယ်လ်အေ ဂလက်ဆီအသင်းကနေ အေစီမီလန်အသင်းကို (၂) ကြိမ်မြောက် ပြန်ပြီး ရောက်ရှိလာခဲ့ပြီး တနင်္လာနေ့ ဆမ်ဒိုရီးယားအသင်းနဲ့ ပွဲစဉ်မှာ ပွဲထွက် ကစားလာနိုင်ပါတယ်။

Photo Credit: Goal

သတင်းစာ ရှင်းလင်းပွဲမှာ အီဘရာဟီမိုဗစ်က “ကျွန်တော် အဆင်ပြေတယ်။ ကျွန်တော် အများကြီး လေ့ကျင့်ခဲ့တယ်။ ကျွန်တေ်ာ ဘောလုံးမထိတာ ကြာပါပြီ။ ဒါပေမဲ့ ဒါက ပြဿနာ တစ်ခုတော့ မဟုတ်ပါဘူး။ ကျွန်တေ်ာကတော့ ကျွန်တော် ကစားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ထင်တာပါပဲ။ ကျွန်တော် အရင်ကထက် အများကြီး ပိုညံ့သွားပါပြီ”လို့ ရယ်လျက်နဲ့ ပြောသွားတာ ဖြစ်ပါတယ်။