အာဆင်နယ် အသင်းနဲ့ လိဒ် အသင်းတို့ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၉ အဖြစ် မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ အာဆင်နယ် အသင်းရဲ့ ဂန္တဝင် တစ်ဦးလို့ ဆိုရမယ့် အီယန်ရိုက် ကတော့ အဆိုပါ ပွဲစဉ်မှာ နီကိုးလက်စ် ပီပီ ရဲ့ လုပ်ရပ်ကို ဝေဖန်ခဲ့ပြီးတော့ လုံးဝ ကို ပရော်ဖက်ရှင်နယ် ကစားသမား မဆန်တဲ့ အမူအရာ ဖြစ်တယ်လို့ ပြစ်တင် ပြောဆိုခဲ့ပါတယ်။ ပီပီ အနေနဲ့ ပွဲချိန် မိနစ် ၅၀ လောက် အရောက်မှာ ပြိုင်ဘက် အသင်းကစားသမား အလီယိုစကီး အပါ်ကို ခေါင်းနဲ့ တိုက်ချ ခဲ့ပါတယ်။ အဆိုပါ လုပ်ရပ်ကြောင့် ပီပီ အနေနဲ့ အနီကဒ် ပြသခံခဲ့ရပြီး အာဆင်နယ် အသင်းအနေနဲ့ တစ်ယောက်လျော့ နဲ့ မိနစ် ၄၀ အထိ ကစားခဲ့ရတာကြောင့် သရေရလဒ် သာ ပုံဖော်နိုင်ခဲ့ပါတယ်။

Photo Credit: Mirror

အဆိုပါ သရေ ရလဒ်ကြောင့် အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၁ နေရာအထိ ရောက်ရှိ သွားခဲ့ရပါတယ်။ အီယန်ရိုက်ကတော့ အဆိုပါ လုပ်ရပ်အပါ်မှာ သူ့ရဲ့ ထင်မြင်မှုကို ပြောဆိုခဲ့ပါတယ်။ “ အဲ့ဒါက အားပါပြီး တကယ်ထိခိုက်စေနိုင်လောက်တဲ့ ခေါင်းနဲ့တိုက်ချတဲ့ လုပ်ရပ် လို့တော့ ကျွန်တော် မပြောလိုပါဘူး။ ဒါပေမယ့် ဒီနေ့လို အချိန်မျိုးမှာ ခင်ဗျား အနေနဲ့ တစ်ဖက်ကစားသမား အပေါ် အဲ့ဒီလို လုပ်ခွင့်မရှိပါဘူး။ တစ်ဖက် ကစားသမား ရဲ့ မျက်နှာ ကို ခင်ဗျား အဲ့ဒီလို တိုက်ခွင့်မရှိပါဘူး။ အလီယိုစကီး က သူတကယ် ထိခိုက်မိတဲ့ ပုံစံမျိုးနဲ့ လဲချလိုက်တဲ့ အခါကျ ပီပီ အတွက် ရလဒ်ဆိုးတွေ ဖြစ်စေတာပါပဲ။ တစ်ချို့လူတွေက ပီပီ အနေနဲ့ ပွဲကစားချိန် လုံလုံလောက်လောက် မရရှိတဲ့ အပေါ် စောဒကတတ်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် သူအခု အခွင့်အရေး ရတဲ့အချိန်ကျ လူတိုင်း နဲ့ ရန်ဖြစ်နေတယ် ”

Photo Credit: Mirror

“ ကျွန်တော် သူ့အပေါ်ကို အတော်လေး စိတ်ပျက်မိပါတယ်။ သူ့ရဲ့ စိတ်ဓာတ်ပုံစံ ကို ကျွန်တော်မသိဘူး။ ဒါပေမယ့် သူ အာဆင်နယ် အသင်းကို ရောက်လာခဲ့ပြီးပြီလေ။ ကျွန်တော်တို့ သူ့အတွက် ပိုက်ဆံ တွေ အများကြီး အကုန်ကျခံထားခဲ့ရတာပါ။ သူက ကျွန်တော်တို့ အများကြီး မျှော်လင့်ထားခဲ့တဲ့ ကစားသမား တစ်ဦးပါ။ ဒါပေမယ့် ကျွန်တော့် အတွက်တော့ သူက ပိုကောင်းမလာသေးဘူးလို့ မြင်မိပါတယ်။ ခင်ဗျားတို့ အနေနဲ့ သူပိုတိုးတက်လာ တာကို မြင်ချင်လာလေ သူ ပိုပြီးတော့ အကြပ်ရိုက်လာလေ ပုံစံမျိုး ဖြစ်နေတယ်လို့ ထင်ပါတယ်။ သူ့ဘေးမှာ ပိုကောင်းတဲ့ အကြံဉာဏ်တွေ ရှိနေဖို့ လိုအပ်ပါတယ် ” ဆိုပြီး ပြောဆိုခဲ့ပါတယ်။ လိဒ် နဲ့ အာဆင်နယ် နဲ့ ပွဲစဉ်မှာ လိဒ် အသင်းက ဂိုးပေါက်ကန်သွင်းမှု ၂၅ ကြိမ် အထိ ရှိခဲ့ပြီးတော့ ၄ ကြိမ် ဂိုးပေါက်တည့်မတ်ခဲ့ပါတယ်။ အာဆင်နယ် အသင်းကတော့ ဂိုးပေါက်ကန်သွင်းမှု ၉ ကြိမ်သာ ရှိခဲ့ကာ ဂိုးပေါက်တည့်မတ်မှု ကလည်း ၂ ကြိမ်သာ ရှိခဲ့ပါတယ်။ နီကိုးလက်စ် ပီပီ အနေနဲ့ အဆိုပါ အနီကဒ်ကြောင့် စပါး၊ ဝုဗ် နဲ့ ဘန်လေ တို့နဲ့ ရင်ဆိုင်ကစားသွားရမယ့် ပွဲစဉ်တွေကို လွဲချော်သွားမှာ ဖြစ်ပါတယ်။