လက်ရှိမှာ ဒါဘီကောင်တီအသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွှက်နေတဲ့ ထိပ်တန်း ဘောလုံးသမားဟောင်းကြီးဝိန်းရွန်နီက သူ့အနေနဲ့ ဘောလုံးသမားတစ်ဦးအဖြစ် ကျင်လည်ခဲ့စဉ်တုန်းက ရင်ဆိုင် ကြုံတွေ့ခဲ့ရတဲ့ စိတ်ဖိစီးမှုတွေကြောင့် ရက်ပေါင်းများစွာထိ တစ်ယောက်တည်း ပိတ်လှောင်ထားခဲ့ပြီး အရက်သေစာတွေကိုသာ မှီဝဲနေခဲ့ကြောင်းကို ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Wayne Rooney: Derby boss and ex-England captain reveals binge drinking  battle amid pressures of playing career - LenexworldLenexworld

Photo Credit : Lenex World

အသက်(၃၆)နှစ်အရွှယ်ရှိ အင်္ဂလန် လက်ရွေးဟောင်းကြီး ဝိန်းရွန်းနီက “ကျွန်တော် ခပ်ငယ်ငယ်တုန်းက အမှားတွေ အများကြီးကို ပြုလုပ်မိခဲ့ဖူးတယ်။ ဒီထဲကမှ တချို့ကတော့ သတင်းစာတွေထဲ ပါသွားတာလည်း ရှိသလို တချို့ဆိုရင်လည်း လူမသိခဲ့တာမျိုးလည်း ရှိခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါက မကောင်းခဲ့ပါဘူး။ ဒါတွေကို သေချာကိုင်တွယ်နိုင်ဖို့ သတင်းသာတွေထဲမှာ ပါဝင်နေတဲ့ အကြောင်းအရာတွေကို ကိုင်တွယ်နိုင်ဖို့ အဲ့ဒီအချိန်မှာ နည်းပြတွေနဲ့ ဆက်ဆံနိုင်ဖို့ မိသားစုတွေနဲ့ ဆက်ဆံဖို့ အရမ်းခက်ခဲပါတယ်။ ကျွန်တော် မန်ချက်စတာယူနိုက်တက်အသင်းမှာ ရှိနေရတဲ့ နှစ်အစပိုင်းလောက်ကနေ ကျွန်တော်ရဲ့သား ကိုင်းလ်ကို ထွန်းကားခဲ့ချိန်လောက်အထိ ကျွန်တော် ဘယ်ဆိုဘယ်မှ မထွက်ပဲနဲ့ တစ်ယောက်တည်းပဲ နေနေခဲ့တယ်”

Wayne Rooney opens up on former drinking problem during playing career

Photo Credit : FotMob

“ခင်ဗျားအနေနဲ့ ဘောလုံးပွဲတွေကနေ နှစ်ရက်လောက် အနားယူရတဲ့ အချိန်တွေ ရှိခဲ့လိမ့်မယ်။ ကျွန်တော်က အဲ့ဒီလို အချိန်တွေမှာ တစ်ယောက်တည်း ပိတ်လှောင်ပြီး အရက်တွေပဲ သောက်နေလိုက်တယ်။ ဒါကလည်း ကျွန်တော့်စိတ်ထဲမှာ ရှိနေတဲ့ အရာအားလုံးကို ဖယ်ထုတ်ဖို့ ကြိုးစားတာမျိုးပါ။ တစ်ယောက်တည်း ပိတ်လှောင်ပြီး နေရတာက ကျွန်တော်ရင်ဆိုင်နေရတဲ့ ပြသာနာတချို့ကို မေ့သွားစေခဲ့တယ်။ မူးရူးနေသလိုပါပဲ။ ကျွန်တော် ကြီးပြင်းလာချိန်မှာ အမြဲတမ်း ဒေါသတကြီးနဲ့ ရန်လိုနေတတ်တယ်။ ဒါတွေက ဘောလုံးလောကထဲကို စတင်ဝင်ရောက်လာချိန်မှာ ပိုပြီးသိသာထင်ရှားခဲ့ပါတယ်။ ကြိုးစားပြီး ကိုင်တွယ်ဖြေရှင်းရမယ့် ကိစ္စတချို့ ရှိနေတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အားလုံးကို ချုပ်ထိန်းထားနိုင်ခဲ့ပါပြီ။ အခုဆိုရင် အရက်သောက်တာနဲ့ ပတ်သက်ပြီး အဆင်ပြေသွားခဲ့ပြီ။ ဘာပြသာနာမှကို မရှိတော့ဘူး။ အခုထိလည်း သောက်နေတုန်းပါပဲ။ အရင်ကလိုတော့ မဟုတ်တော့ဘူးပေါ့။ ကစားသမားဘဝတုန်းကလို သောက်စားတာမျိုးတော့ မဟုတ်ပါဘူး။ ကောင်းကောင်းကို ထိန်းချုပ်နိုင်ခဲ့ပါပြီ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။