မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာက မန်စီးတီးအသင်း ဘဏ္ဍာရေး သာတူညီမျှ စည်းမျဉ်းကို ချိုးဖောက်ခဲ့လို့ လိဂ်တူးကို ဆင်းရရင်တောင် မန်စီးတီးအသင်းမှာ ဆက်နေမယ်လို့ ဆိုပါတယ်။ နည်းပြ ဂွါဒီယိုလာဟာ မန်စီးတီးအသင်း စည်းမျဉ်း ချိုးဖောက်ခဲ့ပါတယ်လို့ ကြေညာခံရပြီး (၂၄) နာရီအတွင်းမှာ ကစားသမားတွေ ခေါ်ပြီး စကားပြောခဲ့တယ်လို့ Dailymail က ဖော်ပြခဲ့ပါတယ်။
Photo Credit: DailyMail
နည်းပြ ဂွါဒီယိုလာက “ကျွန်တော်တို့အသင်းအနေနဲ့ ဘယ်လို လိဂ်ပြိုင်ပွဲမှာပဲ ပါဝင်ကစားရပါစေ ကျွန်တော် အဲဒီနေရာမှာပဲ ဆက်ရှိနေဦးမှာပါ။ တကယ်လို့ သူတို့က ကျွန်တော်တို့ကို လိဂ်တူးကို ဆင်းကစားရမယ်လို့ ပြောလာရင်တောင်မှ ကျွန်တော်ကတော့ အဲဒီနေရာမှာပဲ ဆက်ရှိနေဦးမှာပါ။ အခုအချိန်က ကျွန်တေ်ာတို့ အတူတကွ ရှိနေရမယ့် အချိန်ပါ”လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။
Photo Credit: DailyMail
မန်စီးတီးအသင်းဟာ (၂၀၁၂) ခုနှစ် နဲ့ (၂၀၁၆) ခုနှစ်ကြားမှာ ဘဏ္ဍာရေး သာတူညီမျှ စည်းမျဉ်း (FFP) ကို ချိုးဖောက်ခဲ့တာကြောင့် ချန်ပီယံလိဂ် ကစားခွင့် (၂) နှစ် ပိတ်ပင်ခံရမှာ ဖြစ်တယ်လို့ UEFA ကြေညာပြီး (၃) ရက်ခန့် အကြာမှာ မန်စီးတီး နည်းပြ ဂွါဒီယိုလာအနေနဲ့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းပြောင်းနိုင်တယ် ဆိုတဲ့ သတင်းတွေ ပလူပျံအောင် ထွက်ပေါ်ခဲ့ပါတယ်။