ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက် ပိတ်သိမ်းခါနီး အချိန်ပိုင်းလေးမှာပဲ အာဆင်နယ်ကနေ ဘာစီလိုနာအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အံ့အားသင့်စဖွယ် ပြောင်းရွှေ့ရောက်ရှိသွားခဲ့တဲ့ တိုက်စစ်ကစားသမား ပီယာအန်းမရစ်အူဘာမီယန်းက အသင်းအပြောင်းအလဲ လုပ်ဆောင်ခဲ့ပြီးနောက် အာဆင်နယ်အသင်းမှာ သူ့အတွက် တစ်ခုတည်းသော ပြသာနာက အသင်းနည်းပြ အာတီတာပဲလို့ ပြောဆိုခဲ့တဲ့အပေါ် အာတီတာဘက်က ပြန်လည်ဖြေရှင်းသွားခဲ့ပါတယ်။

Arsenal: Mikel Arteta Insists Pierre-Emerick Aubameyang Was At Fault For  Relationship Breakdown - Golf Single Player

Photo Credit : Daily Mail

အသက်(၃၂)နှစ်အရွှယ် ဂါဘွန်လက်ရွေးစင် တိုက်စစ်ကစားသမား အူဘာမီယန်းဟာ အသင်းဟောင်း အာဆင်နယ်ရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး အသင်းခေါင်းဆောင်ဟောင်းလည်း ဖြစ်ခဲ့ပေမယ့် ဒီနှစ်ရာသီအတွင်း သူရဲ့တိုက်စစ်စွမ်းရည်တွေ ကျဆင်းလာခဲ့သလို စည်းကမ်းချိုးဖောက်မှုတွေပါ ပြုလုပ််မိခဲ့တာကြောင့် အသင်းခေါင်းဆောင် ရာထူးကနေပါ ဖယ်ရှားခံခဲ့ရတာ ဖြစ်ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာကလည်း အူဘာကို အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားပြီးကတည်းက အသင်းရဲ့ လူစာရင်းကနေပါ ဆက်တိုက်ချန်လှပ်ခဲ့တာကြောင့် နောက်ဆုံးမှာတော့ အူဘာနဲ့ အာဆင်နယ်တို့ကြားမှာ စာချုပ်ဖျက်သိမ်းလိုက်ရပြီး အူဘာကလည်း ဘာစီလိုနာအသင်းဆီ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ရတာ ဖြစ်ပါတယ်။

I wasn't the problem' - Arteta responds to Aubameyang's claim it was his  fault he left Arsenal - NewsBreak

Photo Credit : News Break

ဘာစီလိုနာအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ အူဘာမီယန်းက အာဆင်နယ်အသင်းမှာ သူ့အတွက် တစ်ခုတည်းသော ပြသာနာက အာတီတာနဲ့ ပတ်သက်နေတာလို့ ထုတ်ဖော်ပြောဆိုခဲ့တဲ့အပေါ် အာတီတာက “အူဘာရဲ့ လုပ်ဆောင်မှုတွေနဲ့ သူရဲ့ပ့ံပိုးကူညီမှုတွေအတွက် ကျွန်တော် အထူးပဲ ကျေးဇူးတင်မိပါတယ်။ ကျွန်တော်တို့ ဆက်ဆံရေးအပေါ် မြင်မိတာက ကျွန်တော်ကိုယ်ကျွန်တော် အဖြေလို့ပဲ မြင်မိပါတယ်။ ပြသာနာလို့တော့ မမြင်မိပါဘူး။ သူပြောသွားခဲ့တာတွေကတော့ သူရဲ့အမြင်ပါ။ ဒါကို ခင်ဗျားတို့ လေးစားသွားရပါမယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ အခုလို အသင်းခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ အူဘာမီယန်းနဲ့ လက်တွဲဖြုတ်လိုက်တဲ့ အာတီတာက အသင်းရဲ့ တိုက်စစ်ကစားသမားဖြစ်တဲ့ လာကာဇက်ကို အသင်းခေါင်းဆောင် တာဝန်ပေးထားတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အူဘာမီယန်းလို ကစားသမားမျိုးကို ဆုံးရှုံးလိုက်ရတာက အသင်း တိုက်စစ်ပိုင်းအတွက် အားနည်းသွားနိုင်ပေမယ့် လာကာဇက်နဲ့ သူ့အသင်းဖော်တွေက အူဘာရဲ့ကွက်လပ်ကို ပြန်ဖြည့်တင်းသွားနိုင်လိမ့်မယ်လို့ နည်းပြအာတီတာက ရှင်းလင်းပြောဆိုလိုက်ပါတယ်။