ဘာစီလိုနာအသင်းရဲ့နည်းပြ ရော်နယ်ကိုးမန်းက ဆီဗီလာအသင်းနဲ့ တစ်ဖက်ကို တစ်ဂိုးစီ သရေကျခဲ့ရတဲ့ စပိန်လာလီဂါပွဲစဉ်အတွင်းမှာ အသင်းအတွက် အကောင်းဆုံးမကစားပေးနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမား ဖရန့်ကီဒီဂျောင်ကို သတင်းစာရှင်းလင်းပွဲအတွင်းမှာ ဝေဖန်ပြစ်တင်သွားခဲ့ပေမယ့် ကစားသမားကတော့ သူရဲ့နည််းပြဝေဖန်မှုကိုအပေါ် ကလန်ကဆန်နဲ့ တုန့်ပြန်သွားခြင်းမရှိပဲ သူက အဲ့ဒီပွဲမှာ သာမာန်လောက်ပဲ ကစားနိုင်ခဲ့တယ်လို့ပဲ ပြောဆိုကာ နည်းပြရဲ့ဝေဖန်မှုကို လက်ခံသွားခဲ့ပါတယ်။

Photo Credit : Marca

ဘာစီလိုနာအသင်းဟာ သူတို့ရဲ့လာလီဂါအဖွင့်ပွဲစဉ်(၂)ပွဲအတွင်းမှာ ဂိုးပြတ်နိုင်ပွဲတွေ ရယူခဲ့ပြီး ပေးဂိုးမဲ့အနိုင်ရထားခဲ့ပေမယ့် ဆီဗီလာနဲ့ပွဲမှာတော့ စတင်အမှတ်လျော့ခဲ့ရသလို နိုင်ပွဲရဖို့အတွက်လည်း လုံလောက်တဲ့ခြေစွမ်းကောင်းမျိုးတွေကို မပြသနိုင်ခဲ့ပါဘူး။ ဒါပေမယ့် နည်းပြကိုးမန်းကတော့ ဒီပွဲမှာ ကွင်းလယ်လူဒီဂျောင်ရဲ့ Performance တွေကိုပဲ အဓိကထားပြစ်တင်သွားခဲ့ပြီး ဒီဂျောင်က ဘောလုံးအပျက်တွေ များပြားနေခဲ့ကာ သူရဲ့အသင်းဖော်တွေ ကစားနိုင်ခဲ့သလိုမျိုး ကောင်းကောင်းမကစားနိုင်ခဲ့ဘူးလို့ သတင်းစာရှင်းလင်းပွဲအတွင်းမှာပဲ လူသိရှင်ကြား ဝေဖန်သွားခဲ့ပါတယ်။

Photo Credit : BeSoccer

ဒီလို ဝေဖန်ခံခဲ့ရခြင်းအပေါ် ဒီဂျောင်က “ကျွန်တော် ဆီဗီလာနဲ့ပွဲစဉ်တုန်းက အကောင်းဆုံးပုံစံရအောင် မကစားနိုင်ခဲ့ပါဘူး။ ဒီပွဲမှာ ကျွန်တော်က သာမညောင်ညလောက်ပဲ ဖြစ်နေခဲ့ရတယ်။ ကျွန်တော်ရဲ့ကစားပုံက ဘယ်လိုဖြစ်နေခဲ့ရသလဲ။ ဒါပေမယ့် အခု ကျွန်တော်ရဲ့စိတ်ခံစားချက်တွေကတော့ ကောင်းမွန်နေပါတယ်” လို့ ပြောဆိုခဲ့ပြီး သူရဲ့ဆရာကိုးမန်းရဲ့ ဝေဖန်ပြစ်တင်မှုကိုလည်း လက်ခံသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဒီဂျောင်ဟာ သူရဲ့လက်ရွေးစင်အသင်းဖြစ်တဲ့ နယ်သာလန်အသင်းအတွက် နိုင်ငံတကာပွဲတွေကို ပါဝင်ကစားပေးနေတာဖြစ်ပြီး ဒီနေ့ည(၁၀)နာရီခွဲအချိန်မှာပဲ ဘော့စနီးယားအသင်းနဲ့ UEFA Nations League ပွဲစဉ်ကို ဆင်နွဲရမှာဖြစ်ပြီး ဒီပွဲပြီးရင်လည်း အီတလီနဲ့ ပွဲကျပ်ယှဉ်ပြိုင်ရဦးမှာဖြစ်ပါတယ်။ နယ်သာလန်အသင်းနဲ့ပတ်သက်ပြီး ဒီဂျောင်က “ကျွန်တော်တို့တွေ လက်တွေ့ကျကျ တွေးထားဖို့တော့လိုတယ်။ ပွဲတိုင်းလိုလိုမှာ နယ်သာလန်အသင်းက ပြိုင်ဘက်အသင်းအပေါ် လွှမ်းမိုးနေနိုင်လိမ့်မယ်လို့ မျှော်လင့်ထားလို့ မဖြစ်ဘူး။ ကျွန်တော်တို့ဆီမှာက ကမ္ဘာ့အဆင့်ရှိ ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကို ပေါင်းစပ်ထားတာ။ ကျွန်တော်တို့က အသင်းကောင်းတစ်သင်းဆိုတာမှန်ပေမယ့် သင်အနေနဲ့ ပိုပြီးအသေးစိတ်ကျကျ လေ့လာကြည့်မိရင်တော့ ကျွန်တော်တို့ဘက်မှာ တိုးတတ်ဖို့ လိုနေတာလေးတွေ ရှိနေဦးမယ်ဆိုတာကို သိနိုင်ပါမယ်။ နည်းစနစ်ပိုင်းအရလည်း ကျွန်တော်တို့ တိုးတတ်ဖို့ လိုနေပါဦးမယ်” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။