အက်ရှလေ ယန်းကတော့ အီတလီနိုင်ငံ နဲ့ အင်တာမီလန် ပရိသတ်တွေရဲ့ နွေးထွေးမှုတွေကို ချစ်မြတ်နိုးနေပြီ ဖြစ်တယ်လို့ ပြောပြခဲ့ပြီး အင်တာမီလန်အသင်းမှာ နောက်ထပ် (၁) နှစ်ကြာ ဆက်ကစားချင်ပါတယ်လို့ သူ့ရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ အက်ရှလေ ယန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက်က မန်ယူအသင်းကနေ အင်တာမီလန်အသင်းကို (၆) လကြာ စာချုပ်၊ ပေါင် (၁.၂၈) သန်းနဲ့ ပြောင်းရွေ့ခဲ့တာကြောင့် အင်တာမီလန်အသင်းက စာချုပ်မတိုးရင် လာမယ့် နွေရာသီမှာ အသင်းလက်မဲ့ ဖြစ်သွားမှာပါ။

Photo Credit: Goal

(၃၄) နှစ်အရွယ် အက်ရှလေ ယန်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲက မန်ယူ ကစားသမားဟောင်း ဖြစ်ပြီး မန်ယူ နည်းပြသစ် ဆိုးလ်ရှားရဲ့ လက်အောက်မှာ နေရာမရခဲ့တာကြောင့် (၈) နှစ်ခွဲကြာ ကစားခဲ့တဲ့ မန်ယူအသင်းနဲ့ လမ်းခွဲပြီး အင်တာမီလန်အသင်းကို ပြောင်းရွေ့ခဲ့တာ ဖြစ်ပါတယ်။ နောက်ခံလူ အက်ရှလေ ယန်းဟာ အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ (၆) ပွဲ ကစားထားပြီ ဖြစ်ပြီး အင်တာမီလန်အသင်းမှာ ခြေစွမ်းပြနေပေမဲ့ ကိုရိုနာ ဗိုင်းရပ်ကြောင့် ပြိုင်ပွဲ ရပ်နားရတဲ့ အချိန်မှာ အင်တာမီလန်အသင်းက သူ့ကို စာချုပ်သစ် ထပ်တိုးမလား ဆိုတာ မသေချာလျက်ပါပဲ။

Photo Credit: Goal

အက်ရှလေ ယန်းဟာ အင်တာမီလန်အသင်းမှာ နောက်ထပ် (၁) ရာသီ ဆက်ကစားချင်လားလို့ အမေးခံလိုက်ရတဲ့ အချိန်မှာ သူက “ကျွန်တော် ကစားချင်ပါတယ်။ ကျွန်တော် အီတလီနိုင်ငံကို ချစ်မြတ်နိုင်းပြီး ပရိသတ်တွေရဲ့ နွေးထွေးမှုကိုလည်း ချစ်မြတ်နိုးပါတယ်။ ကျွန်တော် အသင်းမှာ ဆက်နေချင်ပြီး ဆုဖလားတွေ ရချင်ပါတယ်။ ကျွန်တော် ဘာသာစကား သင်ယူနေတုန်း ဖြစ်ပြီး ဒီကလူတွေက ရည်မှန်းချက်ကြီးကြပါတယ်။ စကားပြောတာက အော်နဲ့ တူပါတယ်။ ကျွန်တော့်ကို နည်းပြ ကွန်တီက ခေါ်တုန်းက ကျွန်တော် သူ့ရဲ့ စိတ်အားထက်သန်မှုကို ခံစားခဲ့ပြီး သူ့ရဲ့ စိတ်အားထက်သန်မှုက ကျွန်တော့်ဆီကို ကူးစက်ခဲ့ပါတယ်။ ဒါက အခွင့်ကောင်း ဖြစ်ပြီး ကျွန်တော် ပြောင်းခဲ့ပါတယ်။ ကြီးမားတဲ့ အစိတ်အပိုင်း ဖြစ်ချင်ခဲ့ပါတယ်”လို့ ပြောပြခဲ့ပါတယ်။