ဘရိုက်တန်အသင်းရဲ့ ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား လီအန်ဒရိုထရိုဆက်ဒ်က သူ့အနေနဲ့ သူရဲ့နည်းပြဟောင်းဖြစ်တဲ့ ဂရေဟမ်ပေါ်တာနဲ့အတူ ချယ်လ်ဆီးအသင်းမှာ ပြန်လည် ပူးပေါင်းသွားဖို့ ဆန္ဒရှိနေတယ်လို့ ဝန်ခံပြောဆိုထားတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Man Utd and Newcastle in Leandro Trossard transfer fight after stunning season with Brighton | The US Sun

Photo Credit : The Sun

အင်္ဂလန်လူမျိုး ဘောလုံးနည်းပြ ပေါ်တာဟာ ဘရိုက်တန်နည်းပြအဖြစ် ဆောင်ရွက်နေစဉ်အတွင်း အသင်းကို ရလဒ်ကောင်းတွေ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် သူ့ကို တူဟယ်လ်နဲ့ လမ်းခွဲခဲ့တဲ့ ချယ်လ်ဆီးအသင်းက တူဟယ်လ်နေရာမှာ အစားထိုး ခန့်အပ်သွားခဲ့ပါတယ်။ ဂရေဟမ်ပေါ်တာ ချယ်လ်ဆီးနည်းပြသစ် ဖြစ်လာတဲ့အချိန်မှာတော့ ပေါ်တာက သူ့အသင်းဟောင်းက ကစားသမားတွေကို ချယ်လ်ဆီးဆီ ခေါ်ဆောင်သွားဖို့ ချိန်ရွယ်လာခဲ့သလို ဘရိုက်တန် ကစားသမားတချို့ကပါ သူတို့ ဆရာဟောင်းနဲ့အတူ ချယ်လ်ဆီးမှာ ပူးပေါင်းသွားဖို့ ဆန္ဒရှိလာခဲ့ပါတယ်။

Chelsea gifted golden chance to sign Potter favourite Trossard who admits 'I want to go'; move reliant on one condition

Photo Credit : TEAMtalk

ပေါ်တာ ချယ်လ်ဆီးနည်းပြ ဖြစ်လာတဲ့အချိန် ချယ်လ်ဆီးနဲ့ သတင်းထွက်လာတဲ့ ဘရိုက်တန် ကစားသမားတွေထဲမှာ ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်ကစားသမား ထရိုဆက်ဒ်လည်း ပါဝင်လာခဲ့ပါတယ်။ ထရိုဆက်ဒ်ကိုယ်တိုင်ကတော့ ဒီလို သတင်းတွေ ထွက်ပေါ်လာခြင်းက အဓိပ္ပာယ် မရှိဘူးလို့ ပြောဆိုခဲ့ပေမယ့် တကယ်လို့ သူရဲ့ဆရာဟောင်းကသာ ချယ်လ်ဆီးအသင်းဆီ သူ့ကို ခေါ်ဆောင်မယ်ဆိုရင်တော့ သူလည်း ပြောင်းရွှေ့သွားချင်ပါတယ်လို့ ဝန်ခံထားခဲ့ပါတယ်။ ထရိုဆက်ဒ်က “ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်း ချယ်လ်ဆီးအသင်းကသာ ကမ်းလှမ်းလာမယ်ဆိုရင် ကျွန်တော် ပြောင်းရွှေ့ချင်တယ်။ ဒါပေမယ့် ကျွန်တော် ဘရိုက်တန်မှာ အားလုံး အဆင်ပြေနေတယ်။ သိသိသာသာလည်း တိုးတတ်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ်က ဘယ်လို အလုပ်လုပ်လဲဆိုတာ ပိုသိလာတယ်။ အဲ့ဒီမှာပဲ သိသိသာသာ တိုးတတ်လာခဲ့ရတယ်။ ယုံကြည်မှုတွေ ရုပ်ပိုင်းဆိုင်ရာတွေနဲ့ စိတ်ပိုင်းဆိုင်ရာတွေ ပိုကောင်းလာတယ်။ အခု ကျွန်တော်တို့ နည်းပြက ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့သွားခဲ့ပြီး ကျွန်တော်နဲ့ပါ ပတ်သတ်ပြီး ထင်မြင်ချက်တွေ ထွက်ပေါ်လာတာက အဓိပ္ပါယ်မရှိပါဘူး။ အခွင့်အရေးရရင်တော့လည်း ပြောင်းရွှေ့ချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်က အရန်ခုံမှာ မထိုင်ချင်ဘူး။ ကစားခွင့်သာ ရချင်ပါတယ်” လို့ ပြောဆိုခဲ့တယ်လို့ သတင်းထွက်လာခဲ့ပါတယ်။