သူ့နာမည်က မန်ဂါလာ၊ စပိနိုင်ငံက။ သူက ဘောလုံးသမား။ ဗလန်စီယာအသင်းရဲ့ နောက်ခံ ကစားသမား။ မန်ဂါလာက ကိုရိုနာ ဗိုင်းရပ်ကို ဟာသ တစ်ခုလို ထင်ခဲ့ဖူးတယ်လို့ ကိုယ်တိုင် ဝန်ခံ ပြောခဲ့တယ်။ ကျွန်တော်တို့တွေရော…။ ကျွန်တော်တို့တွေထဲက အချို့က ကိုရိုနာ ဗိုင်းရပ် ရောဂါကို အရင်က ဟာသတစ်ခုလို့ ထင်ခဲ့နိုင်တယ်။ အခုလည်း ဟာသ တစ်ခုလို ထင်ဆဲ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဟာသတစ်ခု မဟုတ်ပါဘူး။ သတိထားရမယ့် အန္တရာယ် တစ်ခုလို့ ပြောရတော့မှာပါပဲ။

Photo Credit: Goal

ဗလန်စီယာ နောက်ခံလူ မန်ဂါလာက ကိုရိုနာ ဗိုင်းရပ် ရောဂါကို ဟာသတစ်ခုလို ထင်ခဲ့ဖူးတယ်လို့ ပြောခဲ့တယ်။ နောက်ပိုင်း သူက ကိုရိုနာကို ဟာသ တစ်ခုလို မထင်ဘူးလို့ ပြန်ပြင်ပြောခဲ့တယ်။ ဘာလို့လဲ…။ ဘာလို့လဲဆိုရင် သူ ဟာသ တစ်ခုလို့ ထင်ခဲ့တဲ့ ရောဂါက သူ့အပေါ်မှာ ဖြစ်လာခဲ့လို့လေ။ သူ ပြီးခဲ့တဲ့ သာကြာနေ့က ဆေးစစ်ခဲ့တယ်။ ဘာမှ မဖြစ်ခဲ့ဘူး။ တစ်ရက်အကြာ တနင်္ဂနွေရောက်တော့ ဆရာဝန်က သူ့ကို ကိုရိုနာ ဗိုင်းရပ် ရောဂါ ဖြစ်နေပြီလို့ ပြောခဲ့တယ်။ ဆရာဝန်ရဲ့ စကားကို ကြားတဲ့ အချိန်မှာ သူ တုန်လှုပ်ခဲ့ပါတယ်။ သောကြာနေ့ ဆေးစစ်တုန်းက ဘာမှ မဖြစ်တာကို တနင်္ဂနွေ ရောက်တော့ ရောဂါ ဖြစ်ခဲ့တယ်။ ဒါ စပိန်နိုင်ငံမှာ ဖြစ်ခဲ့တာပါ။ သူ ရောဂါ ဖြစ်နေပြီ ဆိုတာ သိသွားတဲ့ အချိန်မှာ သူ ဘယ်လို ခံစားခဲ့ရလဲ ဆိုတာကို သူ ပြန်ပြောပြခဲ့တယ်။

Photo Credit: Goal

မန်ဂါလာ “သောကြာနေ့က အသင်းမှာ ကျွန်တော်တို့ ဆေးစစ်မှုတွေ ပြုလုပ်ခဲ့တယ်။ အတော် ရိုးရှင်းပါတယ်။ ကျွန်တော့်မှာ ဘာရောဂါ လက္ခဏာမှ မရှိဘူး။ ကျွန်တော် နေ့တိုင်းလိုလိုပါပဲလေ။ တနင်္ဂနွေနေ့ မနက်ရောက်တော့ ဆရာဝန်က ကျွန်တော့်မှာ ကိုရိုနာ ဖြစ်နေပြီ ပြောလိုက်တဲ့ အချိန်မှာ ကျွန်တော် တုန်လှုပ်ခဲ့တယ်။ ကျွန်တော် အရင်က ဒါကို ဟာသတစ်ခုလို ထင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဆရာဝန်က ကျွန်တော့်ကို သီးခြားခွဲနေဖို့၊ ကျွန်တော့်ရဲ့ ကလေးတွေနဲ့ (၁၄) ရက်ကြာ သီးခြားခွဲနေဖို့ ပြောတဲ့ အချိန်မှာ ဒါက ဟာသမဟုတ်ဘူး ဆိုတာကို ကျွန်တော် နားလည်သွားခဲ့တယ်”။ ဒါက မန်ဂါလာက ပြောခဲ့တဲ့ အရာပါပဲ။ သူက ကိုရိုနာ ဗိုင်းရပ်ကို ဟာသ တစ်ခုလို ထင်ခဲ့ဖူးတယ်။ ကျွန်တော်တို့တွေ ကိုရိုနာ ဗိုင်းရပ် ရောဂါကို ဟာသတစ်ခုလို မြင်ပြီး အစိုးရက သတိပေးတဲ့ အရာတွေကို ဂရုမစိုက်ဘဲ မနေသင့်တော့ပါဘူး။ ဖြစ်မလာခင် ကြိုတင် ကာကွယ်လို့ ရတဲ့ အချိန်မှာ ကြိုတင် ကာကွယ်လိုက်ရအောင်…